Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျိုက်ထိုတွင် အကြမ်းဖက်သောင်းကျန်းသူများက ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ ဓာတ်အားထိန်းချုပ်ခန်းကို Drop Bomb ဖြင့် တိုက်ခိုက်ဖျက်ဆီး

စိမ့်စမ်းရေ (NSS) - အောက်တိုဘာ ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ၏ ဓာတ်အားထိန်းချုပ် ခန်းကို အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb (၂) လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ (၃၀) ရက် ည (၁၂) နာရီ (၁၀) မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Drop Bomb များ ပေါက်ကွဲမှုကြောင့် ဓာတ်အားထိန်းချုပ်ခန်း၏ နံရံများ၊ ခေါင်မိုးရှိ သွပ်ပြားများ၊ မျက်နှာကြက်နှင့် ပြတင်းတံခါး ပေါက်မှန်များ ပျက်စီးခဲ့ကြောင်း သိရသည်။


ထို့ပြင် ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ထိန်းချုပ်ရေးခလုတ်ပုံးများ ဗုံးစထိမှန်ပျက်စီးခြင်း၊ ထိန်းချုပ်ကေဘယ်လ်ကြိုးများ ပျက်စီးခြင်းနှင့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ကင်မွန်းစခန်းဓာတ်အားခွဲရုံကို ၃၃ ကေဗွီ ကျိုက်ထိုဓာတ်အားလိုင်းဖြင့် ပြောင်းလဲချိတ်ဆက်ပြီး ပြီးခဲ့သည့် အောက်တိုဘာ (၁) ရက် နံနက် (၉) နာရီ (၅၅) မိနစ်တွင် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ မဲရုံးလေးနှင့် ဝင်းကလောကျေးရွာများမှာ ဓာတ်အားပြတ်တောက်လျက်ရှိပြီး ဒေသခံပြည်သူများထံ ဓာတ်အားအမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံမှ မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဆန် တန်ချိန် (၁၆ဝ) ကျော် ထောက်ပံ့ပေးအပ်

RECENT POSTS
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved