နေပြည်တော်တွင် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကြောင့် အောက်တိုဘာ ၃ ရက်၊ ၄ ရက်၊ ၁၀ ရက်နှင့် ၁၇ ရက်များတွင် ယာယီမီးပြတ်မည်
စိမ့်စမ်းရေ (NSS) - အောက်တိုဘာ ၃
နေပြည်တော်အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သဖြင့် အောက်တိုဘာ ၃ ရက်၊ ၄ရက်၊ ၁၀ရက်နှင့ ၁၇ ရက်များတွင် သတ်မှတ်နေရာများ၌ ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။
၂၃၀ ကေဗွီ နေပြည်တော်၂ ပင်မဓာတ်အားခွဲရုံရှိ ၁၀၀ အမ်ဗွီအေ မိန်းထရန်စဖော်မာ၏ ၁၁ ကေဗွီ မြေအောက် ဓာတ်ကြိုးလျှပ်ကာပစ္စည်း ချွတ်ယွင်းမှုကို အစားထိုးလဲလှယ်ရန်အတွက် အဆိုပါမိန်းထရန်စဖော်မာအား လာမည့် အောက်တိုဘာ (၄) ရက် နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ ဓာတ်အားပိတ်၍ ပြုပြင်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဟိုတယ်ဇုန်အမှတ်(၂)၊ Naypyitaw State Polytechnic University၊ ဆင်ဖြူရှင်ရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ နဝဒေးရပ်ကွက်နှင့် ကျေးရွာအချို့တွင် အဆိုပါကာလအတွင်း ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဓာတ်အားလိုင်းတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ၂၃၀ ကေဗွီ ပင်မ(၁)ဓာတ်အားခွဲရုံမှ ဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီ တောင်ညိုဓာတ်အားလိုင်းကို အောက်တိုဘာ ၃ ရက်၊ ၁၀ ရက်နှင့် ၁၇ ရက်တို့တွင် နံနက် (၈) နာရီမှ ညနေ (၃) နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါရက်များတွင် ရွှေနံသာရပ်ကွက်နှင့် ကျေးရွာ (၅၁) ရွာတို့၌ ယာယီဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို အသေးစိတ်စိစစ်ရန် စိစစ်ရေးပူးပေါင်းအဖွဲ့ (၁၈) ဖွဲ့ကို ဖွဲ့စည်းထား
RELATED POSTS
08 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
05 Nov 2026 | အထွေထွေ,ပြည်တွင်း
