Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အားကောင်းသော စူပါအယ်လ်နီညိုနှင့်ပတ်သက်၍ ဌာနဆိုင်ရာမှ သတိပေးချက်များကိုလိုက်နာခြင်းဖြင့် ကျော်ဖြတ်နိုင်

စော (NSS) - အောက်တိုဘာ ၃

(၂၀၂၆)ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော စူပါအယ်လ်နီညိုနှင့်ပတ်သက်၍ ဌာနဆိုင်ရာမှ သတိပေးချက် များကို  လိုက်နာခြင်းဖြင့် ကျော်ဖြတ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက NP News သို့ ပြောသည်။

မိုးဇလ၏ အောက်တိုဘာ(၁)ရက်နေ့ ထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသော အယ်လ်နီ ညိုအခြေအနေတွင် ဆက်လက်တည်ရှိ နေကြောင်း သိရသည်။ 

ထို့ပြင် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကိုအခြေခံ၍ ခန့်မှန်း သုံးသပ်ချက်များအရ (၂၀၂၆) ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားကြောင်း သိရသည်။

“စိုးရိမ်ရမယ့် အခြေအနေရှိလား ဆိုတော့ ရာသီဥတုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က အင်အား ပြင်းထန်တဲ့ အယ်လ်နီညိုအခြေအနေတွေ ကျွန်တော်တို့ နှိုးဆော်တာတွေ၊ အသိပေးချက်တွေ ထုတ် ပြန်ထားတယ်။  ရာသီဥတု လွန်ကဲမှုတွေ ဖြစ်နိုင်တဲ့ ခန့်မှန်းချက်တွေကိုလည်း ကျွန်တော်တို့က ပုံမှန်ထုတ်ပြန်ပေးနေတာရှိတယ်။ နောက် သက်ဆိုင်ရာ ဌာန ဥပမာ ကျန်းမာရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၊ ရေအရင်းအမြစ်ကဏ္ဍ၊ လျှပ်စစ်စွမ်းအင် ကဏ္ဍ၊ ပို့ဆောင်သွားလာရေးကဏ္ဍ ဒီလို သက်ဆိုင်ရာ ကဏ္ဍတွေကနေ ဒီအယ်လ်နီညိုနဲ့ ပတ်သက်ပြီးတော့ ဒီ အပူချိန်တွေ လွန်ကဲမှုတို့ ဒါ ရာသီဥတု မိုးမမှန်မှုတွေ ဒီလိုမျိုး ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့ ခန့်မှန်းချက်တွေကိုလည်း သက်ဆိုင်ရာ ဌာနတွေ၊ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာနယ်ပယ်ဌာနကနေ ကဏ္ဍအလိုက် ကြိုတင်အသိပေးပြင်ဆင်နိုင်ဖို့၊ အသိပေးနှိုးဆော်နိုင်ဖို့ အမျိုးသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနတွေကလည်း ဆောင်ရွက်နေ ကြတာ ရှိတဲ့အခါကျတော့ ဌာနဆိုင်ရာတွေရဲ့အကြံပြုချက်တွေတွေကိုလည်း လိုက်နာ ဆောင်ရွက် တယ် ဆိုလို့ရှိရင်တော့ ဒါ အဆင်ပြေပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ 


အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အကျိုးသက်ရောက်မှုသည် ယေဘုယျအားဖြင့် မိုးရွာ သွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့် ဆောင်းရာသီနှင့် နွေရာသီ ကာလများတွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

“ပုံမှန်အားဖြင့် ဆိုလို့ရှိရင်တော့ မြန်မာ့ နွေရာသီက ပိုပြီးတော့ အပူချိန် ပြင်းထန်တဲ့ အညာဒေသက  အပူချိန် မြင့်မားမှုကို ပိုပြီးတော့ ခံစားရတယ်။ ကာလ ကြာရှည်စွာ ခံစားရတာရှိတယ် ပေါ့နော်။ ဧပြီလ၊ မေလ၊ ဒါ ဇွန်လ လောက်ထိ အပူလွန်ကဲမှုကို မုတ်သုံမဝင်ခင် မုတ်သုံဝင်တာ နောက်ကျတယ်။ အဲဒီလိုမျိုးဆိုတော့ ဇွန်လ လောက်ထိ ခံစားရတာ ရှိတယ် ပေါ့နော်။ ပုံမှန်အားဖြင့် ဆိုလို့ရှိရင်လည်း နွေရာသီမှာ အပူလှိုင်းတွေ ဘာတွေ ဖြစ်တယ် များတာဆိုလို့ရှိရင် အညာဒေသတွေ ပိုပြီးတော့ အဖြစ်များတာ တွေ့ရတယ်။ ဒါပေမဲ့ အယ်လ်နီညို သက်ရောက်မှု ရှိတဲ့ နှစ်တွေဆိုလို့ရှိရင် အပူလှိုင်းတွေက မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ဖြစ်နိုင်ခြေ ပိုပြီးတော့ များတာမို့လို့ ကျွန်တော်တို့ လွန်ခဲ့တဲ့ ကျွန်တော်တို့ ရာသီဥတု သုတေသန အပူလှိုင်း သုတေသန ပြုချက်တွေက တွေ့ရှိရပါတယ်”ဟု၎င်းကဆက်လက်ပြောသည်။

အဆိုပါ အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုသည် လာမည့် (၂၀၂၇) ခုနှစ်၊ ဖေဖော်ဝါရီလအထိ ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း မိုးရာသီကာလအထိ ဆက်လက်သက်ရောက်နိုင် သည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။


“အယ်လ်နီညိုကတော့ အားကောင်းတဲ့အခြေအနေတော့ဖြစ်နေပြီ။ အယ်လ်နီညိုဆိုတာက အစွန်းရောက် ရာသီဥတု။ အစွန်းရောက်ရာသီဥတုသည် ပူပြင်းခြောက်သွေ့တာလည်းဖြစ်နိုင်တယ်။ မိုးသည်းထန်ပြီးတော့ မိုးတွေ များတာလည်းဖြစ်နိုင်တယ်။ နှစ်မျိုးပေါ့။ ကျွန်တော်တို့ (၂၀၂၅)၊ (၂၀၂၄)ခုနှစ်တွေမှာ အယ်လ်နီညို အားကောင်းတဲ့ နှစ်နဲ့ကြုံခဲ့ဖူးတယ်။ ကြုံခဲ့ဖူးတော့ အဲဒီနှစ်မှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ရေတော်တော်ဆိုးဆိုးရွား ရွားကြီးတာပေါ့။ မကွေးတိုင်းတို့၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အဲဒီနေရာတွေတောင်မှ ဧရာဝတီမြစ်ရေတက် ပြီးတော့ မိုးရွာမဘဲ နေပူကြီးထဲမှာ ရေကြီးတာတွေဖြစ်ခဲ့ဖူးတယ်။ အယ်လ်နီညိုအားကောင်းတဲ့နှစ်မှာ ပူပြင်း ခြောက်သွေ့ပြီးတော့ မိုးတွေခေါင်မယ်ဆိုတဲ့အယူအဆတစ်ခုထဲနဲ့ အယ်လ်နီညိုကမဆုံးဖြတ်ဘူး”ဟု မိုးလေဝသ အကြောင်း လေ့လာသုံးသပ်သည့်ပညာရှင် ဦးဝင်းနိုင်က ပြောသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြဝတီတွင် တိုက်ပွဲများပြန်ဖြစ်မည်ကို ပြည်သူများအကြား စိုးရိမ်စိတ်ရှိနေ

RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved