ဂျပန်က နိုင်ငံခြားသားတွေအတွက် အမြဲတမ်းနေထိုင်ခွင့်စည်းမျဉ်းများ တင်းကျပ်
ရောင်နီ (NSS) - အောက်တိုဘာ ၂
ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် အမြဲတမ်း နေထိုင်ခွင့် (Permanent Residency) လျှောက်ထား ရာမှာ လိုက်နာရမယ့် သတ်မှတ်ချက်တွေကို အောက်တိုဘာ (၁)ရက်ကစပြီး တင်းကျပ်လိုက်တယ်လို့ သိရပါတယ်။
စည်းမျဉ်းအသစ်အရ လျှောက်ထားသူတွေဟာ ဂျပန်အိမ်ထောင်စုတွေရဲ့ပျမ်းမျှဝင်ငွေထက် မြင့်တဲ့ နှစ်စဉ် ဝင်ငွေရှိကြောင်း ပြသရမှာဖြစ်သလို နေ့စဉ်ဘဝမှာ အခြေခံဂျပန်ဘာသာစကားနဲ့ စကားပြောဆိုနိုင်ကြောင်းလည်း ပြသရမှာဖြစ်ပါတယ်။ ဒ့ါအပြင် ပင်စင်ခံစားခွင့်နဲ့ ဂျပန်နိုင်ငံရဲ့လူမှုရေးစည်းမျဉ်းတွေကို နားလည်လိုက်နာမှုတွေကို လည်း စိစစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတင်မက အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခ ယန်း (၁၀,၀၀၀) ကနေ အဆ (၂၀) ဖြစ်တဲ့ ယန်း (၂၀၀,၀၀၀) အထိ မြင့်တက်သွားမှာဖြစ်လို့ အခကြေးငွေမတက်ခင် လျှောက်ထား နိုင်ဖို့ တိုကျိုရှိ လူဝင်မှုကြီးကြပ်ရေးရုံးတစ်ခုမှာ လူအများအပြား တန်းစီခဲ့ကြတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံဟာ မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုဦးရေ တိုးလာတာကြောင့် လုပ်သားရှားပါးမှုကို ရင်ဆိုင်နေရ ပေမယ့် နိုင်ငံခြားသားဝင်ရောက်မှုအပေါ် စိုးရိမ်မှုတွေတိုးလာတာကြောင့် အစိုးရက လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်း တွေကို ပိုမိုတင်းကျပ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ကတော့ ဂျပန်ရဲ့လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ နိုင်ငံခြားသားလုပ်သားတွေကို ဆက်လက်လက်ခံဖို့ လိုအပ်တယ် လို့ ပြောဆိုထားကြပါတယ်။
စည်းမျဉ်းအသစ်တွေကြောင့် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားဖို့ ပိုမိုခက်ခဲလာနိုင်ပေမယ့် လက်ရှိဂျပန်မှာ နေထိုင်နေတဲ့နိုင်ငံခြားသားတွေကို ချက်ချင်း နိုင်ငံကနေ ထွက်ခွာစေမယ့် စည်းမျဉ်းတော့ မဟုတ်ဘူးလို့ သတင်း မှာ ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BIGBANG အဖွဲ့ဝင်ဟောင်း T.O.P နဲ့ မင်းသမီး Nana ချစ်သူဖြစ်နေကြောင်း အတည်ပြု
RELATED POSTS
08 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
05 Nov 2026 | အထွေထွေ,ပြည်တွင်း
