Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လေတပ်စခန်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ဗြိတိန်က အမှားလုပ်နေဟု အီရန်ဝေဖန်


Pika(NSS)- အောက်တိုဘာ ၂

အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းရှိ RAF Fairford လေတပ်စခန်းအနီးတွင် မကြာသေးမီကဖြစ်ပွားခဲ့သည့် လုံခြုံရေးဆိုင်ရာစိုးရိမ်ဖွယ်ရာဖြစ်ရပ်တစ်ခုတွင် အီရန်ပါဝင်ပတ်သက်နေသည်ဆိုသည့် ဗြိတိန်ဝန်ကြီးချုပ် Andy Burnham၏ ပြောဆိုချက်များကို အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီက ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရသည်။အီရန်အပေါ်လုပ်ဆောင်နေသည့်စစ်ဆင်ရေးများတွင် အသုံးပြုသော အမေရိကန်၏ဗုံးကြဲလေယာဉ်များကို လက်ခံထားသည့် စစ်ဘက်ဆိုင်ရာအဆောက်အဦးအနီးတွင် ရဲတပ်ဖွဲ့က အမျိုးသား(၅)ဦးကိုဖမ်းဆီးခဲ့ပြီး သံသယရှိသူများမှာ အသက်(၂၀)နှစ်ကျော်အရွယ် ဗြိတိန်နိုင်ငံသားများဖြစ်ကြကာ နောက်တစ်နေ့တွင် အာမခံဖြင့်ပြန်လွတ်လာခဲ့ကြောင်းသိရသည်။ Andy Burnhamက” RAF Fairford လေတပ်စခန်းအနီးမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ အီရန်က ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့အရိပ်အယောင်တွေရှိနေပါတယ်။”ဟုပြောဆိုခဲ့သည်။အဆိုပါပြောဆိုမှုက ဗြိတိန်အာဏာပိုင်များအနေဖြင့် RAF Fairfordလေတပ်စခန်းအနီးတွင်ဖြစ်ပွားခဲ့သောဖြစ်ရပ်မှာ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုခုနှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်းကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့သည့် ပထမဆုံးအကြိမ်ပြောဆိုမှုဖြစ်လာကြောင်းသိရသည်။သို့သော်လည်း Andy Burnhamက နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိတော့ဘဲ သင့်လျော်သည့်အချိန်မှသာထပ်မံပြောပြသွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။ထို့နောက် ဗြိတိန်တွင်ရှိသည့် အီရန်သံရုံးက RAF Fairford လေတပ်စခန်းအနီးတွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်တွင် အီရန်ပါဝင်ပတ်သက်နေသည်ဆိုသည့်ပြောဆိုချက်များကို ပြင်းပြင်းထန်ထန်ငြင်းဆန်ပယ်ချခဲ့ပြီး ဗြိတိန်အစိုးရက အီရန်အပေါ်ကြောက်ရွံ့မုန်းတီးမှုဖြစ်အောင် လှုံ့ဆော်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း သံသယရှိသူများကို ပြန်လွှတ်ပေးခဲ့သည့် Andy Burnham၏ ဆုံးဖြတ်ချက်များကို မေးခွန်းထုတ်ခဲ့ပြီး ၎င်းသာဆိုပါက အာမခံနဲ့ပြန်မလွှတ်ပေးရန် ပြောလိမ့်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဦးနှောက်ထိခိုက်ဒဏ်ရာရမှုတိုင်ကြားချက်တွေကြောင့် အမေရိကန်၊ ကယ်လီဖိုးနီးယားက X2 ရိုလာကိုစတာ အပြီး ပိတ်သိမ်း

RECENT POSTS
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved