Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့ပြောင်းဆံ ပြည်ပတင်ပို့မှု (၁၀) နိုင်ငံမှ (၃) နိုင်ငံသို့ လျော့ကျပြီး ထိုင်းဈေးကွက်ကိုသာ အဓိကမှီခိုနေရဟုဆို


သန့်မင်းအိမ်(NSS) - နိုဝင်ဘာ ၂

ယခင်က မြန်မာ့ပြောင်းဆံများကို ပြည်ပ (၁၀) နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း လက်ရှိတွင် ပြည်ပ (၃) နိုင်ငံသို့သာ တင်ပို့နေရပြီး ထိုင်းနိုင်ငံဈေးကွက်ကို အဓိကမှီခိုနေရကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးအေးချမ်းအောင် က ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ အောက်တိုဘာ (၁) ရက် ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်း ပထမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ပြီးခဲ့သည့် (စက်တင်ဘာ ၂၆ ရက်) နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးအေးချမ်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း နာယက ဦးမင်းခိုင်တို့က အမှာစကားများ ပြောကြားခဲ့သည်။

ဦးအေးချမ်းအောင်က ပြောင်းလုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ ပြောကြားရာတွင် ယခင်နှစ်များက မြန်မာနိုင်ငံ၏ ပြောင်းဆံထွက်ရှိမှုသည် တန်ချိန် (၃) သန်းကျော်ရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြောင်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျခဲ့ပြီး လက်ရှိတွင် တန်ချိန် (၂) သန်းခွဲကျော်သာ ထွက်ရှိနိုင်ကြောင်း ပြောကြားသည်။

ယခင်က ပြောင်းဆံတန်ချိန် ၃ သန်းကျော် ထွက်ရှိချိန်တွင် ပြည်တွင်းသုံးစွဲမှု တန်ချိန် (၁) သန်းခန့်ရှိပြီး ပြည်ပသို့ တန်ချိန် (၂) သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ယခင်ဈေးကွက်အခြေအနေအရ ထွက်ရှိသည့် ပြောင်းဆံများကို ပြည်ပ (၁၀) နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း လက်ရှိတွင် ပြည်ပ (၃) နိုင်ငံသို့သာ တင်ပို့နေရပြီး ထိုင်းနိုင်ငံဈေးကွက်ကိုသာ အဓိကမှီခိုနေရကြောင်း ၎င်း၏ပြောကြားချက်အရသိရသည်။

ပြောင်းသည် ပြည်တွင်းမွေးမြူရေးကဏ္ဍနှင့် အစာစက်ရုံများအတွက် မရှိမဖြစ်လိုအပ်သည့် ကုန်ကြမ်းဖြစ်သည့်အတွက် ပြောင်းကဏ္ဍတစ်ရပ်လုံးကို ယခုထက်ပိုမိုခိုင်မာလာအောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း နှင့် ပြည်ပတင်ပို့မည့် ပြောင်းပမာဏနှင့် ပြည်တွင်းသုံးစွဲမည့် ပမာဏတို့ကို ညှိနှိုင်းသတ်မှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အစီရင်ခံစာပေးပို့ရန် လိုအပ်ကြောင်းနှင့် အသင်းချုပ်ဘက်မှ လိုအပ်သည်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခရီးသည် (၁၇၀) ကျော်၏ အသက်ကို ကယ်တင်ခဲ့သည့် အိန္ဒိယလေယာဥ်မှူးအား အိန္ဒိယဝန်ကြီးချုပ် ချီးကျူး

RELATED POSTS
RECENT POSTS
(ICC)အကြီးအကဲနှင့် အခြားတာဝန်ရှိသူများကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် ရုရှားအစိုးရ တောင်းဆို
10 Oct 2026
(၂၀၂၆) ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းရရှိ
10 Oct 2026
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved