KIA ထိန်းချုပ်နယ်မြေ ပန်ဝါ တွင် တရုတ်လုပ်ငန်းရှင်ပိုင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲ

ပီယ (NSS) - အောက်တိုဘာ ၂
ကချင်ပြည်နယ် အတွင်း KIA ထိန်းချုပ်နယ်မြေ အတွင်း ရှိသော ပန်ဝါ၊ လဂွေ ကျေးရွာတွင် တရုတ်လုပ်ငန်း ရှင်ပိုင် ယမ်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက NSS သို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၂ ရက်)၊ နေ့လယ်ပိုင်း (၂) နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲသံက အကျယ်ကြီးပဲ။ ဘယ်လို စဖြစ်လဲ ဆိုတာ KIA က စစ်ဆေးနေတယ်။ ဝင်လို့ မရတော့ အကြောင်းတော့ မသိရသေးဘူး။ လူ ထိခိုက်မှုတွေ ရှိတယ်လို့ ကြားတယ်။ တရုတ်သူဌေးတောင်သေတယ် ပြောတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ပေါက်ကွဲမှုမှာ ပြင်းထန်ပြီး ပေါက်ကွဲသံကြောင့် ဒေသခံများ ထိတ်လန့် ခဲ့ရကြောင်း သိရသည်။
“အုန်းဆိုတဲ့ အသံကြီးကို ကြားတာ။ ဆက်တိုက် ထပ်ကြားရတာပေါ့။ ထင်တော့ ထင်တယ် ယမ်းသိုလှောင်ရုံ ပေါက်တာလားပေါ့။ အဆောက်အအုံ တစ်ခုလုံး အကုန် ကုန်တာပဲ” ဟု အဆိုပါ ဒေသခံ က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ပြောင်းဆံ ပြည်ပတင်ပို့မှု (၁၀) နိုင်ငံမှ (၃) နိုင်ငံသို့ လျော့ကျပြီး ထိုင်းဈေးကွက်ကိုသာ အဓိကမှီခိုနေရဟုဆို
RELATED POSTS
10 Oct 2026 | မှုခင်း,ပြည်တွင်း
10 Oct 2026 | မှုခင်း,ပြည်တွင်း
