မုံရွာတွင် ငွေကျပ်တန်ဖိုး (၂ ဒသမ ၃၁) ဘီလျံ ရှိသော မူးယစ်ဆေးဝါးများဖမ်းမိ
ထိုက်စံ(NSS)- အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ငွေကျပ်တန်ဖိုး (၂ ဒသမ ၃၁) ဘီလျံ ရှိသော မူးယစ်ဆေးဝါးများဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲသည့်(စက်တင်ဘာ ၂၇ ရက်)၊ ည(၉)နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မုံရွာမြို့၊ အိုးဘိုထောင်ရပ်ကွက်နေ ဇော်နိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေခဲ့ရာ ဇော်နိုင် နှင့်အတူ ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း၊ ဝမ်းဝမ်း၊ ဇော်ဟိန်းထက်တို့အား FORLAND အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် (၂ ဒသမ ၃၁) ဘီလျံရှိသော ဘိန်းဖြူ အလေးချိန် (၆၆) ကီလိုနှင့် လက်ကိုင်ဖုန်း (၃) လုံးတို့အား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းမိသူ အသက်(၄၉)နှစ်အရွယ် ဇော်နိုင်၊ အသက်(၂၄)နှစ်အရွယ် ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း၊ အသက်(၁၉)နှစ်အရွယ် ဝမ်းဝမ်း နှင့် အသက်(၃၁)နှစ်အရွယ် ဇော်ဟိန်းထက် တို့အား မုံရွာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်(စက်တင်ဘာ ၂၉ ရက်) က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်တန်ဖိုး သိန်း(၄၈၀)ရှိသော မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ AI လူသားပုံစံစက်ရုပ်တွေကို ၂၀၂၈ ခုနှစ်မှစပြည်တွင်းလုံခြုံရေးနဲ့အရေးပေါ်တုံ့ပြန်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ တွဲဖက်အသုံးပြုမည်
RELATED POSTS
10 Oct 2026 | မှုခင်း,ပြည်တွင်း
10 Oct 2026 | မှုခင်း,ပြည်တွင်း
