Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဇနီးသည်ကွယ်လွန်ပြီးနောက် စောင့်ကြည့်ကုသမှုများခံယူရန် ဆေးရုံတက်ခဲ့ရသည့် မလေးရှားဝန်ကြီးချုပ်ဟောင်းမဟာသီယာမိုဟာမက်


Pika (NSS)- အောက်တိုဘာ ၂

အသက်(၁၀၁)နှစ်အရွယ် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်သည် နှစ်ပေါင်း(၇၀)ကျော်ကြာပေါင်းသင်းခဲ့သော ဇနီးဖြစ်သူကွယ်လွန်ပြီး တစ်ရက်အကြာတွင် ကျန်းမာရေးစောင့်ကြည့်စစ်ဆေးကုသမှုများခံယူရန်အတွက် ဆေးရုံတက်ခဲ့ရကြောင်းသိရသည်။

မလေးရှားဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ဖူးသည့် မဟာသီယာမိုဟာမက်သည် ကွာလာလမ်ပူမြို့ရှိ အမျိုးသားနှလုံးရောဂါကုဌာနတွင် ဆေးရုံတက်ခဲ့ခြင်းဖြစ်ပြီး ရောဂါရှာဖွေတွေ့ရှိချက် မထွက်ပေါ်မီအချိန်အထိ ဆေးရုံတက်ရသည့်အကြောင်းအရင်းများကို တိတိကျကျမသိရှိရသေးကြောင်း လက်ထောက်ဖြစ်သူ ဆူဖီယိုဆွတ်ဖ်ကပြောကြားခဲ့သည်။စက်တင်ဘာလ(၂၈)ရက်နေ့က ဇနီးဖြစ်သူစီတီဟာစ်မာမိုဟာမက်အလီ ကွယ်လွန်သွားပြီးနောက်ပိုင်းတည်းက ပူဆွေးနေသောမဟာသီယာမိုဟာမက်က အနားယူချိန်မလုံလောက်မှုများရှိခဲ့ကာ မောပန်းနွမ်းနယ်မှုကို ခံစားနေရကြောင်း ဆူဖီယိုဆွတ်ဖ်ကပြောကြားခဲ့သည်။

ဆူဖီယိုဆွတ်ဖ်က”ဒါပေမဲ့ မဟာသီယာမိုဟာမက်ရဲ့ ကျန်းမာရေးအခြေအနေကတော့ တည်ငြိမ်နေပါတယ်။စိတ်ခံစားမှုဆိုင်ရာ  အတက်အကျတွေ၊ပူပြင်းတဲ့ရာသီဥတုနဲ့အနားယူချိန်မလုံလောက်မှုတွေကြောင့် မဟာသီယာမိုဟာမက် အရမ်းပင်ပန်းနွမ်းနယ်နေတာပါ။အသက်(၁၀၁)နှစ်အရွယ် လူတစ်ယောက်အတွက်တော့ ဒီအချက်တွေအားလုံးက  မကောင်းတဲ့ပေါင်းစပ်မှုမျိုးဖြစ်နေပါတယ်”ဟုပြောဆိုခဲ့သည်။

မဟာသီယာမိုဟာမက်၏ ဇနီးသည် စီတီဟာစ်မာမိုဟာမက်အလီသည် ဆရာဝန်တစ်ဦးဖြစ်ပြီး ကွယ်လွန်သွားသည့်အချိန်တွင် အသက်(၁၀၀)နှစ်ရှိပြီဖြစ်ကာ သားသမီးစုစုပေါင်း(၇)ဦးရှိကြောင်းသိရသည်။

မကြာသေးမီနှစ်များအတွင်း မဟာသီယာမိုဟာမက်သည် နှလုံးရောဂါပြဿနာများစွာကိုခံစားခဲ့ရပြီး နှလုံးသွေးကြောအစားထိုးခွဲစိတ်ကုသမှုများလည်း ခံယူခဲ့ဖူးကြောင်းသိရသည်။

ထို့ပြင် မဟာသီယာမိုဟာမက်သည် ပြီးခဲ့သည့်နှစ်များအတွင်း ဆေးရုံအကြိမ်ကြိမ်တက်ခဲ့ရပြီး ပြီးခဲ့သည့်ဇန်နဝါရီကလည်း လဲကျမှုကြောင့် တင်ပါးဆုံရိုးကျိုးသွားခဲ့ပြီးနောက် ဆေးရုံတက်ခဲ့ရကြောင်းလည်းသိရသည်။

မဟာသီယာမိုဟာမက်သည် (၁၉၈၁)ခုနှစ်မှ (၂၀၀၃)ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အသက်(၉၂)နှစ်အရွယ်ဖြင့် (၂၀၁၈)ခုနှစ်မှ (၂၀၂၀)ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ်ထပ်မံတာဝန်ထမ်းဆောင်ခဲ့ကာ ကမ္ဘာ့အသက်အကြီးဆုံးဝန်ကြီးချုပ်အဖြစ် သတ်မှတ်ခံထားရကြောင်းလည်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စူပါအယ်လ်နီညိုကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း(၁၂၀၀)ခန့် သေဆုံးနိုင်ဖွယ်ရှိနေတယ်လို့ သုတေသီတွေ ခန့်မှန်း

RELATED POSTS
RECENT POSTS
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved