Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာအစိုးရ တောင်းဆိုထားသည့် အင်တာပိုလ် Red Notice ကြောင့် မြန်မာနိုင် ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း ဘုတ်အဖွဲ့ဝင်ဟောင်း စပိန်မှာ ဖမ်းဆီးခံရ


HtayOung (NSS)- အောက်တိုဘာ ၂

မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham Myanmar) ရဲ့ ယခင်ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Misfit Technologies မစ်စ်ဖစ် နည်းပညာကုမ္ပဏီ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Munimul Islam မူနီမူလ် အစ္စလာမ် ကို မြန်မာအစိုးရက အင်တာပိုလ် နိုင်ငံတကာရဲတပ်ဖွဲ့ “Red Notice” ထုတ်ပြန်ပြီး ဖမ်းဆီးပေးရန် တောင်းဆိုထားမှုကြောင့် စပိန်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ AP (1 October 2026) က ရေးတယ်။ 

Red Notice ဆိုတာ နိုင်ငံတစ်နိုင်ငံက အလိုရှိနေသူတစ်ဦးကို ရှာဖွေဖော်ထုတ်ပြီး လွှဲပြောင်းပေးရေး ဒါမှမဟုတ် တရားရေးလုပ်ငန်းစဉ်တစ်ခုအတွက် ယာယီဖမ်းဆီးပေးရန် နိုင်ငံတကာတရားဥပ ဒေစိုးမိုးရေးအဖွဲ့တွေထံ အ သိပေးချက်တစ်မျိုးဖြစ်တယ်။ 

အစ္စလာမ်ဟာ ဇနီးဖြစ်သူနဲ့ အားလပ်ရက်ခရီးသွားရန် အင်္ဂါနေ့ ဘာစီလိုနာလေဆိပ်သို့ ရောက်ရှိချိန်မှာ စပိန်ရဲ တပ်ဖွဲရဲ့ ဖမ်းဆီးခံခဲ့ရတယ်။ အစ္စလာမ်က ငွေကြေးအလွဲသုံးစားမှု စွပ်စွဲချက်များကို ငြင်းဆိုပြီး အဲ့ဒီအမှုဟာ လုပ်ကြံဖန်တီးထားခြင်းဖြစ်တယ်လို့ ပြောတယ်။

အဲ့ဒီအမှုဟာ ဝါရှင်တန်အခြေစိုက် PR နှင့် လော်ဘီလုပ်ငန်းကုမ္ပဏီ Mercury Public Affairs မာကျူရီ ပတ်ဘ လစ်အဖဲယား နဲ့ ချုပ်ဆိုခဲ့တဲ့ ဒေါ်လာ ၃၀၀,၀၀၀ ခန့်တန် စာချုပ်နဲ့ ဆက်စပ်နေတယ်။ ယခင်ဥက္ကဋ္ဌ Adam Castillo အဒမ် ကက်စ်တီလိုနဲ့ အစ္စလာမ်တို့ဟာ အသင်းအတွက် လော်ဘီလုပ်ငန်း ဆောင်ရွက်ရမယ့်ငွေတွေ ကို မသင့်လျော်စွာ ကိုင်တွယ်ခဲ့တယ်လို့ မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းက စွပ်စွဲထားတယ်။ ဒါ ပေမယ့် AP  စစ်ဆေးတွေ့ရှိရတဲ့ စာရွက်စာတမ်းများအရ အဲ့ဒီငွေကို အစ္စလာမ်ရဲ့ မစ်စ်ဖစ် နည်းပညာ ကုမ္ပ ဏီက မာကျူရီကုမ္ပဏီကို တိုက်ရိုက်ပေးခဲ့ပြီး အမေရိကန်အစိုးရသတ်မှတ်ချက်အတိုင်း ကြေညာတင်ပြထား ကြောင်း တွေ့ရှိရတယ်။

မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ လက်ရှိခေါင်းဆောင်တွေကတော့ ဘုတ်အဖွဲ့အနေနဲ့ အဲ့ဒီ သဘောတူညီချက်ကို ခွင့်ပြုခဲ့ခြင်း မရှိသလို၊ ငွေပေးချေခဲ့ခြင်း မရှိခဲ့ကြောင်း လော်ဘီကုမ္ပဏီ မာကျူရီထံမှ ဘယ်လို ဝန်ဆောင်မှုမှလည်း မရရှိခဲ့ဘူးလို့ ပြောတယ်။ ဒါပေမယ့် ဘုတ်အဖွဲ့အစည်းအဝေးမှတ်တမ်းများနဲ့ လက်မှတ်ရေးထိုးထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်မှာ လော်ဘီအစီအစဉ်ကို ဘုတ်အဖွဲ့က အတည်ပြုခဲ့ပြီး မာကျူ ရီကုမ္ပဏီကို ငှားရမ်းရန် ခွင့်ပြုခဲ့ကြောင်း၊ အစ္စလာမ်ရဲ့ကုမ္ပဏီက စပွန်ဆာပေးရန် သဘောတူခဲ့ကြောင်း ဖော်ပြ ထားတယ်။ မာကျူရီကုမ္ပဏီဟာ ဝါရှင်တန်မှာ ကက်စတီလိုနဲ့ အခြားသူများအတွက် အစည်းအဝေး များစွာကို စီစဉ်ပေးခဲ့ပြီး ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်။

မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ လက်ရှိအမှုဆောင်ဒါရိုက်တာ မြတ်ဖြူသဲ ကတော့  အဲ့ဒီ ဘုတ် အဖွဲ့ဆုံးဖြတ်ချက်ဆိုတာ နောက်ပိုင်းမှာ လုပ်ကြံဖန်တီးထားခြင်းဖြစ်တယ်လို့ ပြောတယ်။ တရားစွဲဆိုမှု၊ ဖမ်းဆီး ထိန်းသိမ်းမှုနဲ့ အပြစ်ရှိ-မရှိ ဆုံးဖြတ်ခြင်းကိစ္စဟာ အသင်းရဲ့ အလုပ်မဟုတ်ဘဲ သက်ဆိုင်ရာအာဏာပိုင်များနဲ့ တရားရုံးများရဲ့ တာဝန်သာဖြစ်တယ်လို့ ဆိုတယ်။

အမေရိကန်နိုင်ငံသား၊ ယခင်အမေရိကန်မရိန်းတပ်ဖွဲ့ဝင်ဖြစ်သူ ကက်စတီလိုဟာ ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အထိ မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့ပြီး ရန်ကုန်အင်းစိန်ထောင်မှာ သုံးလခန့် အကျဉ်း ချခံခဲ့ရပြီးနောက် စက်တင်ဘာ ၁၆ ရက်နေ့မှာ လွတ်မြောက်ကာ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီးဖြစ်တယ်။ ကက်စ တီလိုကတော့ သူ့ကို နိုင်ငံမှ နှင်ထုတ်ကြောင်း မြန်မာအာဏာပိုင်တွေရဲ့အမိန့်ကို နိုင်ငံကူးလက်မှတ်မှာ မတွေ့ ရှိရသလို သူ့အပေါ် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်း ရှိ-မရှိလည်း မသိရသေးဘူးလို့ ပြောတယ်။

မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ ယခင်အမှုဆောင်ဒါရိုက်တာ၊ သြစတြေးလျနိုင်ငံသား ရဲခေါင် ဒန်နီ ကျော် လည်း ယုံကြည်အပ်နှံမှုဖောက်ဖျက်ခြင်းနဲ့ ပတ်သက်တဲ့ ဝန်ခံအယူခံတစ်ရပ်ကို လက်ခံရန် ဖိအား ပေးခံရပြီးနောက် မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရတယ်လို့ အမှုနဲ နီးစပ်သူတစ်ဦးက ပြောတယ်။

စပိန်တရားရုံးကြားနာပြီးနောက် အစ္စလာမ်ဟာ စပိန်နိုင်ငံမှာ နေထိုင်ခွင့် မရှိတဲ့အတွက် ဆက်လက်ထိန်းသိမ်းခံ နေရတယ်။ သူ့ရဲ့ရှေ့နေကတော့ တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံထံ လွှဲပြောင်းပေး ခြင်း မပြုရန် ကန့်ကွက်သွားမယ်လို့ ပြောတယ်။ အီးယူအဖွဲ့ဝင်ဖြစ်တဲ့စပိန်ဟာ စည်းမျဉ်းများအရ ပြန်လွှဲပေး ခဲ့ပါက ညှဉ်းပန်းနှိပ်စက်ခံရမယ့် အန္တရာယ်ရှိသူများအတွက် လွှဲပြောင်းပေးရန် တောင်းဆိုချက်ကို ပယ်ချ နိုင် ခြင်းကြောင့် အစ္စလာမ်ကို မြန်မာနိုင်ငံထံ လွှဲပြောင်းပေးရေးမှာ ဥပဒေအရ အခက်အခဲရှိနိုင်တယ်။

( ဒီအတိုင်းဆို ကုလသမဂ္ဂရံပုံငွေကြေး အလွဲသုံးစားမှု နေပြည်တော်က အင်တာပိုလ်ထံ အကြောင်းကြား ထားတယ်ဆိုတဲ့ သံအမတ်ဟောင်း ကျော်မိုးထွန်းကိစ္စလည်း မကြာမီ အဖြေပေါ်လောက်ပါတယ်။ သတင်းဘာသာပြန်သူ))


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဇနီးသည်ကွယ်လွန်ပြီးနောက် စောင့်ကြည့်ကုသမှုများခံယူရန် ဆေးရုံတက်ခဲ့ရသည့် မလေးရှားဝန်ကြီးချုပ်ဟောင်းမဟာသီယာမိုဟာမက်

RELATED POSTS
RECENT POSTS
(ICC)အကြီးအကဲနှင့် အခြားတာဝန်ရှိသူများကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် ရုရှားအစိုးရ တောင်းဆို
10 Oct 2026
(၂၀၂၆) ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းရရှိ
10 Oct 2026
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved