Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မလေးရှားမှ ပြန်လည်ခေါ်ယူသူ (၅ဝဝဝ) ဆိုတာ


HtayOung(NSS)- အောက်တိုဘာ ၂

နိုင်ငံတော်က မလေးရှားမှ ပြန်လည်ခေါ်ယူတဲ့ လူ (၅ဝဝဝ) ဆိုတာ ဘင်္ဂါလီတွေချည်လားလို့ သိချင်ကြတယ်။

မကြာခင်ရက်ပိုင်းအတွင်း တပ်မတော် သင်္ဘော (၃) စီးနဲ့ ပြန်လည်ရောက်လာမယ့် ပထမအသုတ် (၁၅ဝဝ) ခန့်ဟာ နေပြည်တော်က သံတမန်လမ်းကြောင်းအတိုင်း နာမည်စာရင်းပေးပို့ခဲ့သူတွေပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ခန့်က သီ တဂူဆရာတော်ကြီးနဲ့ တပ်မတော်က စရိတ်ကျခံပြီး မလေးရှားမှ ပြန်ခေါ်ခဲ့သူ တစ်သောင်းခန့် ရှိဖူးတယ်။

မလက္ကာရေလက်ကြား ဝဲယာတစ်ဖက်တစ်ချက် အင်ဒိုနီးရှားနဲ့ မလေးရှားမြို့ကြီးများက လဝက ထိန်းသိမ်းရေး စခန်းများမှာ ခိုးဝင်မှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာ အတော်များများရှိတယ်။ အချို့ ပြစ်ဒဏ်နှစ်စေ့ပေမယ့် သွားစရာနေစရာ မရှိ၊ ပြန်စရာလဲ လမ်းစရိတ် မတတ်နိုင်လို့ စခန်းမှာဆက်နေရတယ်။

ဗမာအများစု၊ ရခိုင်၊ ချင်း၊ ကရင်လူမျိုးစုံပါ။ ကျွန်တော်ကိုယ်တိုင် မြင်ဖူး/မုန့်ဖိုး အဝတ်အစား ပေးဖူးတယ်။

 မိတ္ထီလာအရေးအခင်းနဲ့ ရိုကိစ္စ မြန်မာကို (၇၈၆) နိုင်ငံများက ပြင်းထန်စွာကန့်ကွက်ကြစဉ် အဲ့ဒီစခန်းများမှ အပြင်ထွက်အလုပ်လုပ်သူများကို တမင်ပြဿနာရှာပြီး ရိုက်သတ်တာမျိုး ဖြစ်ဖူးတယ်။ 

ယခု ပထမအသုတ် ပြန်လာသူတွေမှာ ဘင်္ဂါလီတွေချည့် မဟုတ်ဖူးလို့ မလေးရှားမှ ထွက်ခွာကြစဉ် ကိုယ်တိုင် မြင်လိုက်ရသူတစ်ဦး က မြန်မာဘာသာ ပြည်ပမီဒီယာအင်တာဗျူးမှာ ပြောပြတာ တွေ့ရတယ်။

 ကျန်လူများကို နှစ်နိုင်ငံ စာရင်းဇယား စာရွက်စာတမ်းများကို စစ်ဆေးပြီး အသုတ်လိုက် ပြန်ခေါ်မှာဖြစ်တယ်။ 

ဘယ်လောက်ကြာမယ်ဆိုတာ မသိရ သေးဘူးလို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောတယ်။

တကယ်တော့ အထူးသဖြင့် မလေးရှားမှာ ဘင်္ဂါလီများ အစုအပုံလိုက်ရောက်ရှိနေရခြင်းအတွက် မလေးရှားမီဒီယာနဲ့ မလေးရှားနိုင်ငံရေးသမားတွေမှာ တာဝန်ရှိဆုံးဖြစ်တယ်။

၂ဝ၁၂ ခုနှစ် ဘူးသီးတောင် မောင်တောအရေးအခင်းဖြစ်ပွားပြီးနောက် ဦးသိန်းစိန်အစိုးရက ရခိုင်မြောက်ပိုင်းကို နိုင်ငံတကာ အကူအညီပေးရေး NGO တွေ ဝင်ရောက်ခွင့်ပြုခဲ့တယ်။

 အဲ့ဒီမှာ မလေးရှားမီဒီယာနဲ့ NGO အဖွဲ့က ရခိုင်မြောက်ပိုင်း ဘင်္ဂါလီရွာများမှာ မဟာသီယာရုပ်ပုံပါ တီရှပ်များဝေငှပြီး ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို လော်ဘီ လုပ်တယ်။ 

နောက်ပိုင်း ရွာထဲ ကားဝင်လာရင် ဘင်္ဂါလီကလေးငယ်တွေက ကားနောက် ပြေးလိုက်ရင်း "ရိုဟင်ဂျာ ရိုဟင် ဂျာ" အော်ကြတယ်။

အဲ့ဒါ မတိုင်ခင် သူတို့ထဲမှာ အဲ့ဒီအမည်ကို ကြားဖူးသူ အင်မတန်နည်းတယ်။ 

အဲ့ဒီနောက် ဖိနှိပ်ရက်စက် ဝိုင်းပယ်ခံ သနားစရာ နိုင်ငံမဲ့သူများအဖြစ် ကမ္ဘာ့အလယ်မှာ လူသိများလာတယ်။

 ဘာသာတူ အင်ဒိုနီးရှား မလေးရှားမီဒီယာများအတွက် ဖွဲ့နွဲ့လို့ မကုန်နိုင်တဲ့ ငွေတွင်းကြီးဖြစ်လာပြီး နိုင်ငံရေးသမားများအတွက် မဲဆွယ်ကွက်ကြီး ဖြစ်လာတယ်။

 လူကုန်ကူးသူများကောင်းမှုနဲ့ ရခိုင်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှ လှေစီးပြေးများဟာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားကို စုပုံရောက်ရှိလာကြတယ်။

 တချို့လဲ ဒုက္ခသည်ခံယူပြီး နယူးဇီလန်၊ ဩစတြေးလျမှာ ဘဝသစ်ထူထောင်လိုသူများဖြစ်တယ်။

ဒါပေမဲ့ နှစ်အနည်းငယ်အတွင်း အဲ့ဒီနိုင်ငံ‌တွေကိုယ်တိုင် ဝန်ထုပ်ဝန်ပိုးဖြစ်လာပြီး လှေစီးပြေးတွေကို လက်မခံနိုင်တော့ပါ။

စားနပ်ရိက္ခာထည့်ပေးပြီး ပင်လယ်ထဲ ပြန်မောင်းထုတ်တာမျိုး ဖြစ်လာလို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အငြင်းအခုန်ဖြစ်ရတယ်။

 တောင်ကျော်ပြီး ကုန်းလမ်းထွက်ခွာသူတွေဟာ မလေးနဲ့ထိုင်းနယ်စပ်မှာ လူကုန် ကူးသူများက အစုအပုံလိုက် သတ်တာ ခံရတယ်။ 

ကိုးကွယ်ရာချင်းတူပေမယ့် လူမျိုးနဲ့ ဓလေ့ထုံးစံ မတူညီမှုကြောင့် ကာလကြာမြင့်လာတဲ့အခါ လက်ခံထားသူတွေအတွက် ပြဿနာဖြစ်လာတယ်။

 အထူးသဖြင့် ယခုနှစ်ပိုင်း ရိုဟင်ဂျာဆိုသူများအပေါ် မလေးရှားမှာ မနှစ်မြို့မှုများ၊ ဆန့်ကျင်မှုများ ဖြစ်လာနေတယ်။

အဲ့ဒီတော့ လူထုမဲ လိုချင်တဲ့ မလေးရှားနိုင်ငံရေးသမားတွေကိုယ်တိုင် " သူတို့ပါတီက ရိုဟင်ဂျာတွေ မြန်မာ ပြည်ပြန်ပို့မယ်" လို့ မဲဆွယ်တယ်။

အဲ့ဒါ လက်ရှိဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်ကိုယ်တိုင်လည်းပါတယ်။

 နေရပ်ပြန်ဆိုသူများနဲ့ ပတ်သက်ပြီး မြန်မာမှာတော့ နေထိုင်ဖူးကြောင်း အထောက်အထား၊ မှတ်တမ်းရှိသူတွေကိုသာ စိစစ်လက်ခံဖို့ NLD အပါအဝင် အစိုးရအဆက်ဆက် မူဝါဒ ရှိတယ်။

ကျွန်တော်တစ်ဦီးတည်းအနေနဲ့ သူတို့တွေရဲ့ လူ့အခွင့်အရေးကို နားလည်ပြီး လူသားချင်းစာနာပါတယ်။ 

ဒါပေမဲ့ မြန်မာ့သမိုင်းမှာ မရှိတဲ့ လူမျိုးတစ်မျိုးအမည်နဲ့ လက်မခံနိုင်ပါ။

အဲ့ဒီလို လူမျိုးလိမ်အမည်နဲ့ တိုင်းရင်းသားအဆင့် နိုင်ငံသားဖြစ်လိုခြင်းဟာ ကျွန်တော်တို့နိုင်ငံ/လူ့အဖွဲ့အစည်းရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်တယ်။ 

မြန်မာနိုင်ငံဥပဒေများနဲ့ ညီညွတ်သူ လေးစားလိုက်နာသူဖြစ်ရမယ်။

အဲ့ဒီလို လူမျိုးလိမ် လော်ဘီလုပ်ခြင်းဟာ ရှိနှင့်ပြီးသား မွတ်စလင်ဘာသာဝင်များနဲ့ ဗုဒ္ဓအများစုကြား အထင်လွဲမှားစရာဖြစ်ရတယ်လို့ မှတ်ယူပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်သူ့စစ်မှုထမ်း တာဝန်ပြီးဆုံးသူများအား ပြည်ပအလုပ်အကိုင်ရှာဖွေပေးနေ

RELATED POSTS
RECENT POSTS
(ICC)အကြီးအကဲနှင့် အခြားတာဝန်ရှိသူများကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် ရုရှားအစိုးရ တောင်းဆို
10 Oct 2026
(၂၀၂၆) ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းရရှိ
10 Oct 2026
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved