အမြန်လမ်းတွင် အောက်တိုဘာလ မှ ဖေဖော်ဝါရီလ အထိ မြူထူနိုင်သဖြင့် ယာဉ်မောင်းများ သတိပြုမောင်းနှင်ရန် အသိပေး
သန့်မင်းအိမ်(NSS) - အောက်တိုဘာ ၂
ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ နှစ်စဉ် ဆောင်းရာသီကာလများတွင် အချို့လမ်းပိုင်းများ၌ ညနှင့် နံနက်အစောပိုင်းအချိန်များတွင် မြူထူခြင်းဖြစ်ပေါ်နိုင်ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရ သည်။
အဆိုပါလမ်းပိုင်းများတွင် အပူချိန်ကျဆင်းခြင်းနှင့် လေထုအတွင်း စိုထိုင်းဆများပြားခြင်းတို့ကြောင့် လမ်းမပေါ်နှင့် လမ်းဘေးဝဲယာရှိ မြေသားများပေါ်တွင် ရေငွေ့များ စုဖွဲ့ကာ မြူထူ၊ မြူများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
မြူထူဖြစ်ပေါ်နိုင်သည့် လမ်းပိုင်းများသို့ မရောက်မီ အဝါရောင်နောက်ခံပေါ်တွင် အနက်ရောင်ဆေးသားဖြင့် “မြူထူထဲသို့ ဝင်နေသောကားပုံ” ပါဝင်သည့် လမ်းညွှန်သတိပေးဆိုင်းဘုတ်များကို စိုက်ထူထားကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်များကို တွေ့ရှိပါက ရှေ့တွင် မြူကျတတ်သည့် လမ်းပိုင်းရှိနေကြောင်း ယာဉ်မောင်းများအနေဖြင့် သတိပြုရန် လိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြူထူနေချိန်တွင် လမ်းမြင်ကွင်းအကန့်အသတ်ရှိနိုင်သဖြင့် အမြန်လမ်းအသုံးပြုသည့် ယာဉ်များအနေဖြင့် Fog Light နှင့် ရှေ့မီးကြီးများ ဖွင့်ထားပြီး ယာဉ်အရှိန်လျှော့ချကာ အထူးဂရုပြုမောင်းနှင်ကြရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့မြေပုံပေါ်ကနေ ပထမဆုံး ပျောက်ကွယ်သွားနိုင်တဲ့ တူဗားလူ
RELATED POSTS
08 Oct 2026 | ခရီးသွား,နိုင်ငံတကာ
08 Oct 2026 | ခရီးသွား,ပြည်တွင်း
07 Oct 2026 | ခရီးသွား,ပြည်တွင်း
06 Oct 2026 | ခရီးသွား,ပြည်တွင်း
