Esports (MLBB)တွင် မြန်မာအသင်း Team ZANAKA က အာရှအဆင့် ပထမဆုံး ရွှေတံဆိပ်ဆုဖြင့် သမိုင်းသစ်စိုက်ထူနိုင်ခဲ့
ရဲထက် ၊ စော(NP News)- အောက်တိုဘာ ၁
ဂျပန်နိုင်ငံ၊ အအိချိ-နာဂိုယာတွင် ကျင်းပလျက်ရှိသော (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) ၏ Mobile Legends: Bang Bang (MLBB) Esports အားကစားနည်းတွင် အာရှအဆင့် ပထမဦးဆုံး ရွှေတံဆိပ်ဆုအဖြစ် မြန်မာမှ သမိုင်းသစ် စိုက်ထူနိုင်ခဲ့သည်။
ယခုနှစ် အာရှအားကစားပြိုင်ပွဲ MLBB အမျိုးအစားတွင် အာရှဒေသတွင်းမှ အသင်းပေါင်း (၁၁) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာလက်ရွေးစင် ZANAKA အသင်းသည် ဗိုလ်လုပွဲ၌ အင်ဒိုနီးရှားအသင်းကို (၄-၀) ရလဒ်ဖြင့် အပြတ်အသတ် အနိုင်ယူကာ အာရှအားကစား ပြိုင်ပွဲတစ်လျှောက် ပထမဦးဆုံး MLBB ရွှေတံဆိပ်ဆုရှင် အဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် Team ZANAKA အသင်းဖြစ်သော (YG) အသင်းသည် ပြီးခဲ့သည့် MSC 2026 MLBB နိုင်ငံတကာ ပြိုင်ပွဲကြီး၌ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း ယခုနှစ် အာရှအားကစားပြိုင်ပွဲ (Asian Games)တွင် ချန်ပီယံဆုအဖြစ် ရွှေတံဆိပ်ဆုကြီးကို မြန်မာ E-sport လောကအတွက် ပထမဆုံးအကြိမ် ယူဆောင်ပေးနိုင်ခဲ့သည်။
ထို့ပြင် အဓိက ပြိုင်ပွဲကြီး (၂)ပွဲဖြစ်သော MSC 2026 နှင့် (Asian Games) တို့တွင် ဗိုလ်လုပွဲကို (၂)ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့သောအသင်းဖြစ်ပြီး ဒေသတွင်းပြိုင်ဘက်များသာ သာမက အင်အားကြီးအသင်းများဖြစ်သည့်အပြင် MLBB ပြိုင်ပွဲတွင် ကြီးစိုးနေသော ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ကဲ့သို့ အသင်းများကို အနိုင်ယူကျော်ဖြတ်ကာ အာရှဆီးဂိမ်းစ်၏ ရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။
ထိုသို့ ရွှေတံဆိပ်ဆုရရှိခြင်းက " မြန်မာ့အားကစား ရွှေခေတ်ပြန်ရောက်ပြီ" ဟု ညွှန်းဆိုရမှာဖြစ်သလို မြန်မာ E-sport လောကအတွက်လည်း ကြိုးစားပါက အရာအားလုံးဖြစ်နိုင်သည်ကို မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ အာရှအားကစားပြိုင်ပွဲ (Asian Games) သမိုင်းတစ်လျှောက်တွင် မြန်မာအားကစား အဖွဲ့သည် (၁၉၅၁) ခုနှစ် နယူးဒေလီ အာရှအားကစားပြိုင်ပွဲမှစ၍ (၂၀၂၆) အာရှအားကစားပြိုင်ပွဲအထိ ပြေးခုန်ပစ်၊ ဘောလုံး၊ ဗိုဗီနမ်၊ ပိုက်ကျော်ခြင်းနှင့် လှေလှော် စသည့် အားကစားနည်းအသီးသီးမှ ရွှေတံဆိပ် (၁၇) ခု၊ ငွေတံဆိပ် (၂၈) ခု၊ ကြေးတံဆိပ် (၅၇) ခု ဖြင့် စုစုပေါင်း ဆုတံဆိပ် (၁၀၂) ခု ဆွတ်ခူးထားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ (၁)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
RELATED POSTS
05 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
