Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထီးချိုင့် - ကသာ (သို့မဟုတ်) မြစ်တစ်စင်းတည်းဘေးက ဝေးကွာခြင်း

သုတကျော်  (NSS) - အောက်တိုဘာလ ၁ 

မြန်မာနိုင်ငံတွင် မြို့ကြီးမဟုတ်သည့်တိုင် လူသိများသောမြို့တို့အနက် ကသာနှင့်ထီးချိုင့်တို့မှာ ရှေ့တန်းကရှိနေကြောင်းကို မည်သူမျှ ငြင်းနိုင်လိမ့် မည်မဟုတ်ပေ။ ဧရာဝတီမြစ်ကမ်းနံဘေးတွင် မေး တင်ထားသော ယင်းနှစ်မြို့သည် တည်နေပုံအရ အချက်အချာကျသောကြောင့် ထင်ရှားသည်ဟုဆိုရ မည်ပင်။ 

ဦးစွာ ကသာမြို့ကိုရှုပါလော့။ ဧရာဝတီမြစ် ၏သင်္ဘောဆိပ်မြို့ဖြစ်သည့်အပြင် ကားလမ်းနှင့် ရ ထားလမ်းဆုံရာမြို့လည်း ဖြစ်သည်။ ဆိုလိုသည်မှာ ယခင်ကပင် ကုန်တို့ကို ကားလမ်း၊ ရထားလမ်းတို့ဖြင့် ကသာကိုဖြတ်ကာ အဆင့်ဆင့်ကုန်သွယ်ခဲ့သောသက် သေတို့ပင်ဖြစ်သည်။ 

လမ်းမကောင်းမီက သင်္ဘောဆိပ်မြို့ဖြစ် သော ကသာမှတစ်ဆင့် ကုန်သွယ်သည်။ နောက်ပိုင်း တွင် ရေလမ်း၊ ကုန်းလမ်း နှစ်ဆင့်ကုန်သွယ်သည်။ သို့သော် အထက်သို့ကုန်ပို့ရန်အတွက် ကသာမြို့ကို ကြားခံရသည်သာ။ ဆရာကြီးရွှေဥဒေါင်းတို့စာများထဲ တွင် ကသာ၏အတိတ်ကိုမြင်ရမည်။ ယင်းခေတ်က ကသာသည် ကုန်သွယ်ရေးအတွက် အချက်အချာကျ သောမြို့ဖြစ်ကြောင်းဖော်ပြနေသည်ကို သတိထားမိ မည်သာပင်။ 

ထို့ပြင် ယင်းမြို့သည် ကမ္ဘာလည်းကျော် ပေသေး၏။ စာရေးဆရာကြီး George Orwell ၏ ပထမဆုံးဝတ္ထုဖြစ်သော Burmese Days တွင် ကသာမြို့ပါခဲ့သည်။ George Orwell  နေထိုင်ခဲ့ သောအိမ်ကြီးကိုလည်း အရေးပိုင်အိမ်အဖြစ် ယနေ့ တိုင်ထိန်းသိမ်းထားသည်။ 

ထီးချိုင့်မြို့သမိုင်းကား အစမှပြန်ကောက် လျှင် ပုဂံခေတ်အမတ်ကြီး ရာဇသင်္ကြန်၏သားများ ဖြစ်သော ရန္တပစ္စည်းနှင့် နန္တပစ္စည်း ညီနောင်နှစ်ပါးထိ တိုင်ရောက်၏။ ယင်းညီနောင်နှစ်ပါးကပင် ထီးချိုင့်မြို့ ကိုတည်သည်ဟု အချို့ကဆိုပြီး အချို့ကလည်း ယင်း ထက်ပင်ရှေးကျသည်ဟုဆိုသည်။ 


မြို့အကွက်လှသည်။ အေးချမ်းသာယာ သောမြို့ ဖြစ်ခဲ့သည်။ ကသာနှင့်မတူသည်မှာ ထီးချိုင့် သည် မြို့အဖြစ်သို့ရောက်ရှိရန်အတွက် အဆင့်ဆင့် တက်လာခဲ့ရခြင်းဖြစ်သည်။ မြန်မာဘုရင်များလက် ထက်အခါ က ထီးချိုင့်သည် မြတောင်မြို့အပိုင်အတွင်း က မြို့တစ်မြို့သာဖြစ်ခဲ့သည်။ မြတောင်မြို့သည်ကား သမိုင်းတွင် မြန်မာတို့၏နောက်ဆုံးမိဖုရားဖြစ်သော စုဖုရားလတ်အပိုင်စားရရှိဖူးရာနေရာ ဖြစ်သည်။ 

သို့သော် နောက်ပိုင်းတွင် အခြေအနေအရ မြတောင်သည် ရွာအဖြစ်ကျဆင်းသွားပြီး ထီးချိုင့်ကား မြို့ဖြစ်လာသည်။ ထို့ပြင် ကသာခရိုင်မဖြစ်မီက မြို့၏ အနေအထားနှင့်အရေးပါပုံအရ ခရိုင်မြို့လည်းဖြစ်ခဲ့ ဖူးသည်။ ယင်းနောက်တွင်မှ ကသာသည် ခရိုင်မြို့ဖြစ် သွားသော်လည်း ထီးချိုင့်သိမ်ငယ်သွားသည်တော့ မဟုတ်ပါ။ 

မဝေးလှသောနှစ်မြို့သည် နီးကပ်သည်ဟု လည်းဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော ကုန် သွယ်ရေးနှင့်လူမှုရေးတို့အတွက် မြို့နှစ်မြို့အကြား ပြည်သူများ အဆက်အဆံ မပြတ်ရှိခဲ့ကြသည်။ လမ်း အကွာအဝေးကလည်း ဝေးလှသည်ဟုမဆိုသာပေ။ 

ပုံမှန် မန္တလေး-မြစ်ကြီးနားလမ်းမကြီးအ တိုင်းသွားမည်ဆိုပါက (၅၈)မိုင်ကျော်ကွာဝေးသည်။ ထီးချိုင့်-အင်းတော်-ကသာလမ်းဟု အကြမ်းဖျင်း ခေါ်နိုင်ပြီး ယင်းမှာ အသုံးအများဆုံးဖြစ်သည်။ အခြား တစ်လမ်းမှ ဧရာဝတီမြစ်ဘေးမှဖောက်လုပ်ထားသော လမ်းဖြစ်ပြီး ဒေသခံအချို့က ဗျူဟာလမ်းဟုခေါ်ကြ ပြီး ယင်းလမ်းတွင်မူ နေရာအများစုသည်မြေသားလမ်း ဖြစ်သည်။ နှစ်လမ်းရှိသည်။ ထို့ကြောင့် အဘယ်လမ်း ကလာစေကာမူ အဆင်ပြေသည်ဟု တွေးထင်ဖွယ် ရှိသည်။ သို့သော် မရိုးရှင်းခဲ့ပါချေ။ 

လက်နက်ကိုင်သူပုန်တို့ အဆိုပါ နယ်မြေ သို့ရောက်လာသည်နှင့် ကသာနှင့်ထီးချိုင့်မြို့တို့မှာ နီးလျက်နဲ့ဝေးသွားခဲ့ကြသည်။ အဆိုးဆုံးအချိန်တို့က ဆိုလျှင် မြို့နှစ်မြို့ဆက်သွယ်ရန်မဆိုထားဘိ ထီးချိုင့် မြို့ကိုပင်လျှင် မြို့သူ၊ မြို့သားတို့ စွန့်လွှတ်ကာ အခြား နီးစပ်ရာနှင့်အရပ်တစ်ပါးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရ သည်။ 

ယင်းနှစ်မြို့နှင့် အဓိကကုန်သွယ်ရာမြို့ကြီး သည် မန္တလေးဖြစ်သော်လည်း ယင်းအချိန်တို့က မန္တ လေးနှင့် ထီးချိုင့်၊ ကသာတို့မှာ ခရီးအဝေးကြီး ဝေးခဲ့ ကြရသည်။ 

"ထီးချိုင့်ကိုသွားချင်တယ်ဆိုရင် အခုအ ကောင်းဆုံးသုံးလို့ရတဲ့လမ်းက မန္တလေးကနေ ရွှေဘို၊ ရွှေဘိုကနေ ခင်ဦး၊ ပြီးတော့ ကန့်ဘလူ၊ ဇီးကုန်းကနေ မြစ်ကိုဖြတ်ကူးရတယ်။ ဇက်နဲ့ဖြတ်ကူးပြီးတော့ တ ကောင်း ကြံညှပ်၊ တွင်းငယ်ကနေသွားရတယ်"ဟု ထိုစဉ်ကအခြေအနေကို ထီးချိုင့်မြို့ခံတစ်ဦးကဆို သည်။

ယင်းနောက် တပ်မတော်၏ချေမှုန်းခြင်း နှင့်အတူ အခြေအနေတို့ ပြန်လည်ကောင်းမွန်လာ သည်။ လမ်းကြောင်းပွင့်လာသည်။ ယခုအခါ မန္တ လေး-ထီးချိုင့်လမ်း ကောင်းခဲ့ပြီ။ လမ်းရိုးအတိုင်း သွားနိုင်ပြီ။ ယင်းမှတစ်ဆင့် မြစ်ကြီးနားမြို့သို့တိုင် သွားနိုင်ခဲ့သေးသည်။ 

တစ်ဖက်ကကြည့်လျှင် ထီးချိုင့်မြို့သည် အခြေအနေကောင်းခဲ့ပြီ။ ကသာမြို့ကို သူပုန်များ ထိန်းချုပ်ရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့။ ယင်းအတွက် သူပုန်တို့သည် သူပုန်အလုပ်ကို ဆက် လုပ်သည်။ လမ်းပိုင်းကိုဖျက်မည်၊ ပိတ်မည်။ ခံရသည် မှာ ပြည်သူသာ။ 

မန္တလေး-မြစ်ကြီးနားလမ်းကို ထီးချိုင့် ဘက်က ပွင့်ပြီးသည့်နောက် သူပုန်တို့ က လမ်းပိုင်းတို့ တွင် ဘက်ဟိုးများဖြင့်တူးဖျက်ကာ လမ်းပိတ်ရန် ဆောင်ရွက်လာသည်။ မလိုအပ်ဘဲ ဟန့်တားခြင်းများ ပြုလုပ်လာ၏။ 

ဒေသခံများ မရှိသုံး သုံးနေရသော ထီးချိုင့် -ကသာ ဗျူဟာလမ်းကို ဘက်ဟိုးဖြင့်ဖျက်ဆီးခဲ့ခြင်း ကြောင့် ထိုစဉ်က ကားရာချီ ပိတ်မိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထီးချိုင့်-ကသာလမ်းကိုအသုံးမပြုကြရန် အတွက်လည်း စာထုတ်တားမြစ်ခြင်းမျိုးကို သူပုန်တို့ ပြုလုပ်ခဲ့ကြသေး၏။ 

"မနေ့က (၃၆)မိုင်လမ်း(ဗျူဟာလမ်း)ကို ပြန်ဖွင့်ပေးလိုက်ပြီ။ သိပ်တော့မသေချာသေးဘူး။ အရင်က တောဘက်(သူပုန်)ကပိတ်ထားတာ။ တော ဘက်က တော်တော် ဆိုးဆိုးရွားရွားပိတ်ထားတာ။ ကားသမားတွေ၊ ပြည်သူတွေ မလာနဲ့၊ လာရင် ထုမယ် ဆိုပြီးပြောထားတာ"ဟု ကသာမြို့နယ်မှဒေသခံတစ် ဦးကဆိုသည်။ 

ဆောင်းပါးတစ်နေရာတွင်ဖော်ပြထားသ ကဲ့သို့ ထီးချိုင့်-အင်းတော်-ကသာလမ်းမှာ လုံးဝသုံး မရသောအခြေအနေတွင် ဒေသခံတို့က ဗျူဟာလမ်း ကိုအားပြုခဲ့ရခြင်းဖြစ်သည်။ သို့သော် ယင်းလမ်းကို လည်း သူပုန်တို့ကပိတ်ထားခြင်းဖြစ်ရာ ဒေသခံတို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ရတော့သည်။ 

နီးလျက်နှင့်ဝေးနေသောအဖြစ်တွင် ထီး ချိုင့်နှင့်ကသာမြို့ကဲ့သို့အဖြစ်မျိုးက ပိုဆိုးပေလိမ့် မည်။ (၃၅)မိုင်သွားရုံဖြင့်ရောက်နိုင်သော လမ်းပင် လျှင် အသုံးပြုခွင့်မရ။ အထူးသဖြင့် ကုန်ကားသမား တို့ကို ယင်းလမ်းပေါ် အတက်မခံခြင်းဖြစ်သည်။ 

"တချို့ကားသမားတွေဆိုရင် မြစ်ကြီးနား ကနေမန္တလေးကိုသွားတာဆိုရင် မြစ်ကြီးနားကစထွက် ပြီး မနေ့ကလမ်းဖွင့်တာတောင်မှ သုံးလအကြာအပိတ် ခံထားရတာ"ဟု ၎င်းကပြောသည်။ ဗျူဟာလမ်းဟု ခေါ်သော (၃၆)မိုင်လမ်းသည် ဒေသခံတို့အတွက်မူ လမ်းမရှိသည့်အချိန်တွင် ကတ္တီပါရွှေကောဇောခင်း ထားသည့်လမ်းဖြစ်ခဲ့သည်။ ယင်းမှာလည်းအကြောက် ကြီးကြောက်ရမည့်အခြေအနေနှင့်နှိုင်းစာပါက မကြောက်ရသောလမ်းသည် မြေသားလမ်းပင်ဖြစ်စေ ကာမူ ဒေသခံတို့အတွက် လမ်းကောင်းသည်သာပင်။ 

" အင်းတော်ဘက်မှာက မသွားရဲကြတာ။ တပ်ကထိုင်ထားပေမယ့် ကြားထဲမှာ ဆိုင်ကယ်ကယ်ရီ တွေဆိုလည်း တောဘက်ကလူတွေကဆွဲတယ်။ ငါတို့ တောင်ပိတ်ထားတာ မင်းတို့က ဘာလို့လာတာလဲဆို တဲ့ပုံစံနဲ့ဆွဲတယ်။ ပြီးရင် အရေးမပါတဲ့အကြောင်းတွေ မေးတယ်။ ပြီးရင် ပိုက်ဆံတောင်းပြီးပြန်လွှတ်တယ်" ဟု ၎င်းကဆိုသည်။ 

ယင်းမှာ လမ်းအခြေအနေဖြစ်ပြီး မြေပြင် အခြေအနေကား အဘယ်သို့ပါနည်း။ ကသာနှင့် ထီးချိုင့်ကို နှစ်ပိုင်းခွဲပြောရန် လိုအပ်ပါသည်။ 

တစ်ချိန်က သူပုန်တို့ဝင်လုံးခဲ့ဖူးသော် လည်း ဆုတ်ခွာထွက်ပြေးခဲ့ရသည့်ကသာတွင် စစ်မီး ဟပ်နေသောမြို့တို့ ၏ ထုံးစံအတိုင်း ကောလာဟလ တို့ရှိနေသည်။ 

" မြို့အခြေအနေကတော့ ကောင်းတယ်။ မြို့ပတ်ဝန်းကျင်မှာတော့ ဝိုင်းနေတယ်လို့သိထား တယ်။ ကသာမြို့ကျတော့ ဧရာဝတီမြစ်က တစ်ဖက် မှာရှိတာဆိုတော့ တောင်တန်းတွေဘက်က ဝိုင်းထား တယ်ဆိုတဲ့အနေအထားတော့ ရှိတယ်။ တိုက်ပွဲတော့ မဖော်သေးပါဘူး။ ဒါပေမဲ့လည်း မြို့သိမ်းမယ်ဆိုတဲ့ အသံကလည်း မကြာသေးဘူး"ဟု ၎င်းကဆိုသည်။ 

ထီးချိုင့်မြို့တွင်မူ မြို့တွင်းသို့ ပြည်သူအ များအပြား ပြန်လည်ဝင်ရောက်ရန်အတွက် အားခဲနေ ကြပြီ။ တပ်မတော်ကလည်း အားကောင်းနေပြီဖြစ် သည်။ သို့သော် တစ်ဖက်တွင်မူ ထီးချိုင့်ပတ်ချာလည် ကကျေးရွာများတွင် သူပုန်တို့ရှိနေကြသေးသည်။ 

" ဒီမှာက မြောက်ပြင်ဘက်ကို မရှင်းသေး သရွေ့တော့ မလွယ်ဘူး။ ထီးချိုင့်ကို မြေပုံထဲကြည့် ကြည့်လိုက်ပါ။ ထီးချိုင့်ကထွက်ထွက်ချင်း ထီးချိုင့် မြို့ရှောင်က စထွက်ထွက်ချင်း သခွပ်ချောင်၊ တည် တော၊ ပေါက်ကုန်း ပြီးတော့ ကွင်းကြီး။ ပြီးတော့ ရွာသစ်ကုန်း။ ပြီးတော့ အလယ်တော၊ လေသာ။ အလယ်တော၊ လေသာဆိုရင် PDF တွေ အများဆုံး နေတာပဲ။ လေသာက PDF က နှစ်ဖွဲ့တော့ ကွဲနေကြ ပြီ။ ရှိနေတာက KIA တို့၊ AA တို့ရှိနေတာ။ KIA ကလူသစ်စုတာလည်းရှိနေတယ်။ အရွယ်ရောက်တဲ့ သူတွေဘာတွေဆိုရင် ဆွဲမယ်လုပ်တာတဲ့။ ဆွဲရင် လည်း ပိုက်ဆံ ဆယ့်လေးငါးသိန်းနဲ့ ရွေးပေရော့ပဲ။ သူခိုးခွေးကိုက်ပေါ့ဗျာ အောင့်ခံနေရတာ။ နဂိုတည်း က သူတို့က ဒါတွေကောင်းတယ်ဆိုပြီး လက်ခံထား တာကိုး"ဟု ထီးချိုင့်မြို့ခံတစ်ဦးကဆိုသည်။ 

ယင်းသို့အခြေအနေတွင် ဒေသခံတို့ လမ်း ပန်းဆက်သွယ်ရေးမကျပ်တည်းပဲ အဘယ်တွင် ခံနိုင် ပါအံ့နည်း။ သူပုန်တို့နှင့် လမ်းပန်းဆက်သွယ်ရေး အကျပ်အတည်းက တွဲပါလာသကဲ့သို့ရှိနေသည်။ ယင်းအတွက်မျှော်ကြသည်မှာ တည်ငြိမ်ရေးဖြစ်သည်။ တည်ငြိမ်ရေးဆိုရာတွင်လည်း ဥပဒေဘောင်အတွင်း ကတည်ငြိမ်ရေး ဖြစ်သည်။ 

" အစိုးရကတော့ ဥပဒေရှိတယ်လေ။ အရင်လိုလေးပဲပြန်နေရရင် အဆင်ပြေတယ်။ စိုးရိမ် ပြီး စိတ်တထင့်ထင့်ဖြစ်နေရတာက တစ္ဆေခြောက်သ လိုဖြစ်နေတာ"ဟု အခြား ထီးချိုင့်ဒေသခံတစ်ဦးက ဆိုသည်။ 

လမ်းတို့ကောင်းခြင်းသည် ဒေသခံတို့အ ကျိုးစီးပွားအတွက် (၇၀)ရာခိုင်နှုန်းခန့် အကျိုးများ ပေပြီ။ ကျန်အချက်အလက်များဖြစ်သော ကုန်ဈေး နှုန်း၊ နိုင်ငံ့စီးပွားရေးတို့မှာ နောက်ကလိုက်လာမည် သာဖြစ်သည်။ ကုန်ဈေးနှုန်းသည်ပင် လမ်းပန်း ဆက် သွယ်ရေး ကောင်းခြင်း၊ မကောင်းခြင်းနှင့် သက်ဆိုင် နေပေသေးသည်။ 

လမ်းပန်းဆက်သွယ်ရေးမကောင်းသော ဒေသခံတို့ကိုမေးမြန်းကြည့်ပါလျှင် တစ်လေသံတည်း ထွက်ကြမည်မှာ ငြိမ်းချမ်းလိုသည်ဟုဖြစ်ပါမည်။ ယင်းကို စစ်တမ်းမကောကဘဲ သိနိုင်ပါ၏။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သမ္မတဦးမင်းအောင်လှိုင် မလေးရှားသို့ အောက်တိုဘာလအတွင်း သွားမည်

RELATED POSTS
RECENT POSTS
(ICC)အကြီးအကဲနှင့် အခြားတာဝန်ရှိသူများကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် ရုရှားအစိုးရ တောင်းဆို
10 Oct 2026
(၂၀၂၆) ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းရရှိ
10 Oct 2026
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved