Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘန်ကောက်မြို့က ရေကြီးမှုအန္တရာယ်တွေကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ထိုင်းအစိုးရပြော

Pika (NSS)- အောက်တိုဘာ ၁

ထိုင်းနိုင်ငံမှာဖြစ်ပွားနေတဲ့ ရေကြီးမှုတွေကြောင့် Toyotaစက်ရုံလေးရုံကို ယာယီပိတ်ထားရပြီး အဓိကလေကြောင်းလိုင်းဖြစ်တဲ့ Thai Airwaysရဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ လာမယ့်သီတင်းပတ်တွေအတွင်း နောက်ထပ်မိုးသည်းထန်စွာရွာသွန်းမှုကို ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့လည်းသိရပါတယ်။

လာမယ့်အောက်တိုဘာလ(၅)ရက်ကနေ(၈)ရက်အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ထိုင်းနိုင်ငံရဲ့အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ မိုးသည်းထန်စွာရွာသွန်းမှုက ပိုမိုဖြစ်လာနိုင်ခြေရှိနေတယ်လို့လည်း သိရပါတယ်။


ဘန်ကောက်မြို့မှာ သုံးရက်အတွင်း မိုးရေချိန်(၃၂၀)မီလီမီတာရွာသွန်းခဲ့ပြီးနောက် ဘေးအန္တရာယ်ဇုန်အဖြစ် အာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ပြင် ဘန်ကောက်မြို့နဲ့ဆက်စပ်ဧရိယာတွေအပြင် ထိုင်းနိုင်ငံအလယ်ပိုင်းဒေသတွေဟာ မြောက်ပိုင်းကနေစီးဆင်းလာတဲ့ ရေဘေးအန္တရာယ်တွေနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်ချာန်ဗီရာကူးလ်ကပြောကြားခဲ့ပြီး အခြေအနေတွေကိုစောင့်ကြည့်ဖို့အတွက် အထူးအဖွဲ့တစ်ခုကိုဖွဲ့စည်းထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ရေကြီးမှုတွေကြောင့် ဝန်ဆောင်မှုလုပ်ငန်းတွေ၊လက်လီနဲ့လက်ကားရောင်းချမှုလုပ်ငန်းတွေအပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေပါ ထိခိုက်မှုရှိခဲ့ပေမယ့်လည်း ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်တာမျိုးမရှိသေးဘူးလို့လည်း ထိုင်းဗဟိုဘဏ်ဒုအုပ်ချုပ်ရေးမှူး ချာယာဝါဒီချိုင်အန်နက်ကပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရေကြီးမှုကြောင့် စက်ပစ္စည်းအစိတ်အပိုင်းတွေပေးပို့ရာမှာ အနှောင့်အယှက်တွေဖြစ်ပေါ်ခဲ့ရတဲ့အတွက် Toyota ကုမ္ပဏီက ၎င်းရဲ့စက်ရုံလေးရုံကို ပိတ်ထားရတယ်လို့လည်း ချာယာဝါဒီချိုင်အန်နက်ကပြောကြားခဲ့ပါတယ်။

ဝန်ထမ်းအများအပြားက လုပ်ငန်းခွင်ကိုသွားရောက်နိုင်တာမျိုးမရှိတာကြောင့် အဓိကလေကြောင်းလိုင်းဖြစ်တဲ့ Thai Airwaysက စက်တင်ဘာလ(၃၀)ရက်နေကနေစတင်ပြီး အောက်တိုဘာလ(၆)ရက်အထိ ဝင်/ထွက်ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ရတယ်လို့သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

AI Model Version 1 ဖြင့် ဥပဒေအမေးအဖြေများကို စမ်းသပ်ဆောင်ရွက်နေ

RECENT POSTS
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved