Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၂၀၂၆ - ၂၀၂ ၇)ဘောလုံးရာသီ ဥရောပထိပ်သီးလိဂ်တွေရဲ့ အကြမ်းဆုံးအသင်း(၄)သင်း

ရဲထက် (NP News) - အောက်တိုဘာလ ၁ 

ဘာစီလိုနာအသင်းရဲ့ အအောင်မြင်ဆုံးနှစ်တွေကို  ပြန်မြင်ရတော့မလား 

ဒီနှစ်ရာသီ လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာ အသင်းက ပွဲစဉ်စုစုပေါင်း(၇)ပွဲကစားထားရာမှာ (၇)ပွဲလုံးကိုအနိုင်ရရှိထားပြီး ပြိုင်ပွဲမှာ ဒုတိယနေရာနဲ့ တတိယနေရာက အက်သလက်တီကိုအသင်းကို (၄)မှတ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို (၆)မှတ်ဖြတ်ပြီး ရှုံးပွဲမရှိ၊ သရေပွဲမရှိဘဲ နိုင်ပွဲတွေနဲ့ပဲ စတင်ထားတာကို တွေ့ရပါတယ်။ လာလီဂါမှာဆိုရင် ဘာစီလိုနာ၊ ရီး ရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုအသင်းတွေက အပြိုင်အဆိုင် ချန်ပီယံဆုအတွက် နှစ်တိုင်းမှာ ယှဉ် ပြိုင်နေပေမယ့် ဒီရာသီမှာ ဘာစီလိုနာအသင်းရဲ့ ခြေ စွမ်းနဲ့တည်ငြိမ်မှုက တစ်ကောင်တည်းပြေးမယ့် မြင်း လိုမျိုး ကောင်းမွန်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘာစီလိုနာအသင်းဟာ ဒီရာသီ မှာ ဥရောပထိပ်သီးလိဂ်တွေမှာ အကောင်းဆုံးအသင်း ဖြစ်လာဖို့ရှိနေတဲ့အပြင် အကောင်းဆုံးသောလူစာရင်း စုဖွဲ့မှုနဲ့ ကစားကွက်အခင်းအကျင်းအပြင် တည်ငြိမ် လွန်းလှတဲ့ခြေစွမ်းတစ်ခုကို ပိုင်ဆိုင်ထားလို့ပါ။ အထူး သဖြင့် ကွင်းလယ်ပိုင်းမှာ ရိုဒရီလိုကစားသမားမျိုးကို ရလိုက်တာက ဘာစီလိုနာအသင်းအတွက် ဒီရာသီမှာ အကောင်းဆုံးဖြစ်လာစေတဲ့အချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ပိုင်းလူ စာရင်းကိုကြည့်ရင် အတွေ့အကြုံရှိပြီးသား ရိုဒရီနဲ့ လူငယ်ခြေတက်ကစားသမားဘဝကနေ အသင်းရဲ့ မရှိမဖြစ် ကစားသမားတွေဖြစ်လာတဲ့ ပက်ဒရီနဲ့ဂါဗီ တို့လိုကစားသမားတွေကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါ တယ်။ တိုက်စစ်ပိုင်းမှာဆိုရင်လည်း တိုက်စစ်မှူး ရာ ဖင်ညာရဲ့ အကောင်းမွန်ဆုံးရာသီတစ်ခုလို့တောင် ပြောဆိုနိုင်နေပြီး ပွဲစဉ်(၇)ပွဲမှာ (၁၂)ဂိုးသွင်းထားတာ ကို မြင်တွေ့ရမှာဖြစ်ပြီး ပြိုင်ပွဲစုံ(၁၄)ဂိုးသွင်းထားပါ တယ်။ ဒါ့ပြင် ဘာစီလိုနာရဲ့ ကြယ်ပွင့်ကစားသမားဖြစ် တဲ့ လမိုင်းယာမဲလ်ရဲ့ခြေစွမ်းပိုင်းက ထိပ်ဆုံးမှာရှိနေ သလို နယူးကာဆယ်အသင်းကနေ ခေါ်ယူထားတဲ့ ဂေါ်ဒွန်ကလည်း တိုက်စစ်ပိုင်းမှာ အားကိုးနေရတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ပြင် ခံစစ်ပိုင်းမှာလည်း ကန်ဆယ်လိုနဲ့ ခရစ်တန်ဆန်တို့လို ကစားသမားတွေ ရဲ့ ခြေစွမ်းပြကစားနေမှုတွေကြောင့် ဘာစီလိုနာအ သင်းဟာ ဒီရာသီမှာ လာလီဂါကို လွှမ်းမိုးချုပ်ကိုင်သွား နိုင်သလို အခြားသော ပြည်တွင်းဆုဖလားတွေကိုပါ သိမ်းပိုက်သွားမယ့်သဘောမှာရှိနေပါတယ်။ ဒါ့ပြင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဘာစီလိုနာအ သင်းကို ချန်ပီယံအသင်းထဲမှာ ထည့်ထားလို့ရလောက် တဲ့အနေအထားမျိုးဖြစ်နေပါတယ်။ နောက်ထပ်တစ် ချက်ကတော့ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ စပိန်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်ရရှိထားတဲ့အသင်း မှာ ဘာစီလိုနာအသင်းရဲ့ ကစားသမားအများဆုံးပါဝင် ထားတာကို သတိပြုရမှာဖြစ်ပြီး ဒီအချက်ကပဲ အခြား သောဥရောပအသင်းကြီးတွေအတွက် သတိထားစရာ တွေဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ အသင်းလိုက် စုစုစည်းစည်းကစားပုံကောင်းမွန်တဲ့ ဘောလုံးနည်းစနစ် ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကစားသမားအများစုကို ပိုင်ဆိုင်ထားတဲ့အချက်က အခြားသော ဘယ်အသင်း တွေကိုမဆို အနိုင်ယူကျော်ဖြတ်ပြဖို့ရှိနေတာပါ။ ဒါ ကြောင့် ဘာစီလိုနာအသင်းကို ဒီရာသီမှာ မဖြစ်မနေ စောင့်ကြည့်သွားရမယ့်အနေအထားမှာရှိနေပြီး ဥရောပပြိုင်ပွဲတွေမှာပါ သတိထားစောင့်ကြည့်သွား ရမယ့် အသင်းတစ်သင်းဖြစ်ပါတယ်။ 


လူပြောင်းပေမယ့် မူမပြောင်းသေးတဲ့  မန်စီးတီး 

မန်စီးတီးအသင်းကတော့ ဒီရာသီမှာ (၅)ပွဲကစား (၅)ပွဲနိုင်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား ကို ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။ ဒါဟာ လက်ရှိချန်ပီ ယံဖြစ်တဲ့အာဆင်နယ်အသင်းကို (၃)မှတ်ဖြတ်လိုက် တဲ့အနေအထားမျိုးဖြစ်ပြီး ချန်ပီယံဆုအတွက် မဖြစ် မနေစောင့်ကြည့်ရမယ့်အသင်းဖြစ်ကြောင်းကို သက် သေပြလိုက်တာလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်း ဟာ ပရီးမီးယားလိဂ်ရာသီမစတင်ချိန်မှာ နည်းပြ ဂွာ ဒီယိုလာနေရာမှာ ချဲလ်ဆီးအသင်းနည်းပြဟောင်း အန်ဇိုမာရက်စကာ ဝင်ရောက်လာမှုအပေါ်မှာ မန်စီး တီးအသင်းကို စောင့်ကြည့်ဖို့လိုနေသေးပြီး ချန်ပီယံ ဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက်လည်း အချိန်ပေး ရဦးမယ်လို့ ဝေဖန်မှုတွေရှိခဲ့တာပါ။ ဒါပေမဲ့ နည်းပြ အန်ဇိုမာရက်စကာနဲ့ မန်စီးတီးအသင်း ပရီးမီးယား လိဂ်ရာသီစတင်ချိန်မှာကတည်းက (၅)ပွဲဆက်တိုက် နိုင်ပွဲတွေရယူနိုင်ခဲ့သလို အသင်းရဲ့အကောင်းဆုံး ကစားပုံတစ်ခုမရရှိနေသေးတဲ့တိုင်အောင် နိုင်ပွဲတွေ ကိုတောင် မဖြစ်မနေရယူပေးနိုင်နေတာကို မြင်တွေ့ရ မှာဖြစ်ပါတယ်။ ဒါ့ပြင် မန်စီးတီးအသင်းက ကြားရက် တွေမှာ ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲကစားထားသလို င်္နူ ဃကစ ပွဲစဉ်ကစားထားရာမှာလည်း ဂိုးပြတ်နိုင်ပွဲ တွေရရှိထားတာကြောင့် ပြိုင်ပွဲစုံ(၇)ပွဲမှာ မန်စီးတီးအ သင်းဟာ (၇)ပွဲလုံးကိုအနိုင်ရထားတဲ့အသင်းလည်း ဖြစ်နေပါတယ်။ မန်စီးတီးအသင်းရဲ့ပွဲစဉ်တွေကို ပြန် ကြည့်ရင်လည်း ကံတရားကြောင့်နိုင်ခဲ့တဲ့ပွဲစဉ်တွေပါ သလို အသင်းရဲ့ကစားပုံနဲ့ ကစားသမားတွေရဲ့ ကြိုး စားအားထုတ်မှုကြောင့် နိုင်ပွဲတွေရနေတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီရာသီမှာ မန်စီးတီးအသင်းရဲ့တိုးတက် လာတဲ့အချက်က ကွင်းလယ်ပိုင်းကို သန်း(၂၀ဝ)ကျော်သုံးပြီးဝယ်ယူထားတဲ့ အန်ဒါဆန်နဲ့ဖာနန်ဒက် တို့ကို အရခေါ်ထားခဲ့တာက ကောင်းမွန်တဲ့အချက် ဖြစ်ပြီး ရိုဒရီနဲ့ဘာနာဒိုဆေးဗားလ်တို့ထွက်ခွာသွားမှု ကို ပြန်လည်ဖာထေးနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့ပြင် တိုက်စစ်ပိုင်းမှာ ဟာလန်းလို ဘယ်ချိန်မှာမဆို ဂိုးသွင်းယူတတ်တဲ့တိုက်စစ်မှူးအပြင် အလိမ်အ ခေါက်စကေးတွေနဲ့ ပြိုင်ဘက်ကို စိတ်ဒုက္ခပေးတတ် တဲ့ချာကီလိုကစားသမားမျိုးအပြင် ဆန်မန်ညိုရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြလာမှုက ဒီရာသီမှာ မန်စီးတီးအသင်းကို မဖြစ်မနေ စောင့်ကြည့်သွားရ မယ့်အနေအထားမှာရှိနေပါတယ်။ ဒါပေမဲ့ မန်စီးတီး အသင်းရဲ့ခြေစွမ်းဟာ ယုံကြည်လို့ရနိုင်တဲ့အနေအ ထားမျိုးမှာရှိနေရဲ့လားဆိုတဲ့အဖြေကတော့ ဥရောပ ပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို စောင့် ကြည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်း ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဆုဖလားကို အရယူနိုင်မယ့် အလား အလာကောင်းတစ်ခုကိုပိုင်ဆိုင်ထားသလို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း မဖြစ်မနေစောင့်ကြည့် ချင်စရာ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ ဒါပေ မဲ့ မန်စီးတီးအသင်းရဲ့ ကစားပုံတည်ငြိမ်မှုနဲ့ ကစားသ မားတစ်ယောက်ချင်းစီရဲ့ အရည်အသွေးပိုင်းတွေ ကြောင့် အာဆင်နယ်အသင်းထက် ယုံကြည်လို့မရ သေးတဲ့အနေအထားမျိုးမှာသာရှိနေသေးပြီး ပရီးမီး ယားလိဂ်ပွဲစဉ်တွေပြန်စချိန်မှာ မန်စီးတီးအသင်းကို ပြန်လည်စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ 

အစဉ်အလာမပျက် ချန်ပီယံဆုတွေကို စိန်ခေါ်နေတဲ့ ဂျာမန်ဘီလူးကြီး

     ဒီရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်း ဟာ ပြည်တွင်းဂျာမန်အမှတ်ပေးဇယားမှာ ဒုတိယ နေရာမှာရပ်တည်နိုင်ခဲ့တယ်ဆိုပေမယ့် ချန်ပီယံဆု တွေကို စိန်ခေါ်နေနိုင်တဲ့ လူစာရင်းအစုအဖွဲ့တစ်ခုကို လက်ရှိအချိန်အထိ ပိုင်ဆိုင်ထားတယ်လို့ဆိုနိုင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန် မြူးနစ်ဟာ ဘွန်ဒက်လီဂါချန်ပီယံဆုကို ရမှတ်(၁၆)မှတ်ဖြတ်ပြီးရယူနိုင်ခဲ့သလို ပြည်တွင်းချန်ပီယံဆုတွေ အပြင် ချန်ပီယံလိဂ်မှာလည်း ချန်ပီယံ ဏွှ အသင်း ကို ဆီမီးဖိုင်နယ်အဆင့်မှာ ကျဉ်းမြောင်းတဲ့ရလဒ်ဖြစ် တဲ့ (၁)ဂိုးတည်းနဲ့သာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါပေ မဲ့ ဒီရာသီမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင် ပံကစားသမား မိုက်ကယ်အိုလစ်ဆေးရဲ့ကစားပုံဟာ မနှစ်ကထက်ပိုကောင်းလာသလို လက်ရှိမှာ ကမ္ဘာ့အ ကောင်းဆုံးတောင်ပံကစားသမားတစ်ယောက်လို့ တောင်ဆိုနိုင်ပါတယ်။ ဒါ့ပြင် ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ မူစီရာလာရဲ့ ခြေစွမ်းပိုင်းတိုးတက် လာမှုတွေအပြင် တိုက်စစ်ပိုင်းမှာ ဟာရီကိန်းနဲ့လူးဝစ် ဒီယက်တို့လိုကစားသမားတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်ပိုင်းမှာ အခြားသော ဥ‌ရောပရဲ့ဘယ်အသင်းကိုမဆို အနိုင်ယူ နိုင်တဲ့ အစုအဖွဲ့တစ်ခုကိုတောင်ပိုင်ဆိုင်ထားတဲ့ အ သင်းအဖြစ်ရှိနေပါသေးတယ်။ နောက်ဆုံးကစားတဲ့ ပွဲစဉ်ဖြစ်တဲ့ ယူနီယမ်ဘာလင်အသင်းနဲ့ ပွဲစဉ်မှာဆိုရင် ဘိုင်ယန်မြူးနစ်အသင်းဟာ (၇)ဂိုးပြန်သွင်းပြီး အနိုင် ယူထားနိုင်သလို အသင်းက အဓိကကစားသမားတွေ ဖြစ်တဲ့ ဟာရီကိန်း၊ မူစီရာလာတို့ (၂)ဂိုးစီရခဲ့သလို အိုလစ်ဆေးကတော့ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ရခဲ့တာကို တွေ့ရပါ တယ်။ ဒါ့ပြင် ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်မှာဆိုရင်လည်း ဘိုင်ယန်မြူးနစ်အ သင်းဟာ (၅)ဂိုးပြတ်နဲ့ နိုင်ပွဲရယူထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်အ သင်းရဲ့ခြေစွမ်းပိုင်းက မနှစ်ထက်ပိုကောင်းတဲ့အလား အလာကောင်းတချို့ကို မြင်တွေ့ထားရပါတယ်။ ဒါ ကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာလည်း အကောင်းဆုံးလူစာရင်းစုဖွဲ့မှုနဲ့အတူ ဥရောပပြိုင်ပွဲ တွေမှာ အကြိတ်အနယ်ပွဲကောင်းတွေကို ယှဉ်ပြိုင်က စားနိုင်မယ့် အကောင်းဆုံးအသင်းတွေထဲက တစ် သင်းအဖြစ်ရှိနေပါတယ်။ 

ရလဒ်ပိုင်းဆိုးရွားမှုတွေရှိပေမယ့် ယုံကြည်လို့ရသေးတဲ့ PSG

ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ ဘွန်ဒက်လီဂါ မှာ ချန်ပီယံဆုကို နှစ်တိုင်းစိန်ခေါ်နေတဲ့အသင်းကြီး တွေ ရလဒ်ကောင်းနေချိန်မှာ ပြင်သစ်လီဂူးရဲ့ ချန်ပီ ယံဖြစ်တဲ့အပြင် ဥရောပချန်ပီယံလိဂ်ကို (၂)နှစ်ဆက် တိုက်ရယူထားနိုင်တဲ့ PSG အသင်းကတော့ ရလဒ် ပိုင်းဆိုးရွားမှုတွေကိုရင်ဆိုင်နေရပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် PSG အသင်းဟာ ဒီရာသီမှာ  ပြင်သစ်လီဂူး အမှတ်ပေးဇယားရဲ့ ပွဲစဉ်(၅)ပွဲ ကစားပြီးချိန်မှာ ရ မှတ်(၈)မှတ်သာရရှိထားပြီး အဆင့်(၆)နေရာမှာသာ ရပ်တည်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ပြင်သစ် လီဂူးပွဲစဉ်(၅)ပွဲမှာ နိုင်ပွဲ(၂)ပွဲသာရရှိထားပြီး သရေပွဲ (၂)ပွဲနဲ့ ရှုံးပွဲ(၁)ပွဲ ကြုံတွေ့ထားရတာဖြစ်ပါတယ်။ PSG အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့အ အောင်မြင်ဆုံးနှစ်တစ်နှစ်ကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပေ မယ့် ကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းတွေ ကျ ဆင်းလာတဲ့အခါမှာတော့ အသင်းရဲ့ရလဒ်ပိုင်းတွေ ဟာ သိသိသာသာ ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီအစပိုင်းပွဲစဉ်တွေဖြစ်တာကြောင့် ကြိုတင်တွက်ဆထားလို့မရတဲ့အနေအထားမှာ နည်းပြ အင်းနရစ်အနေနဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲတွေ ကို ပြန်လည်ရှာဖွေနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင် လာနိုင်ပါတယ်။ လက်ရှိမှာလည်း နောက်ဆုံးကစားခဲ့ တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် (၃)ပွဲလုံးကို အနိုင် ရရှိအောင်စွမ်းဆောင်ထားနိုင်တာကြောင့် PSG အသင်းအနေနဲ့ အသင်းနဲ့အတူ အောင်မြင်မှုတွေကို ယူဆောင်လာပေးခဲ့တဲ့ လူစာရင်းအစုအဖွဲ့တစ်ခုကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်ပြောင်းလဲမှုတွေကို မြင်တွေလာရနိုင်ပါတယ်။ PSG အသင်းဟာ ဒီရာ သီမှာ တိုက်စစ်ပိုင်း သိသိသာသာကျဆင်းသွားသလို ဒမ်ဘီလီရဲ့ခြေစွမ်းပိုင်းတွေအပြင် ကွင်းလယ်ပိုင်းက ဗီတင်ညာနဲ့ နားဖက်စ်တို့ ဒါပုံမှန်ခြေစွမ်းအောက် ရောက်နေတာကလည်း PSG အသင်း ရလဒ်ပိုင်းဆိုး ရွားမှုတွေနဲ့ အဓိကသော့ချက်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပြတ်နိုင်ပွဲနဲ့စတင်နိုင် ခဲ့တ‌ာကြောင့် ခြေစွမ်းပိုင်းက အရမ်းကြီးဆိုးရွားနေပြီ လို့ပြောလို့မရသေးတဲ့ ပုံစံအနေအထားမျိုးဖြစ်ပါ တယ်။ ဒါ့ပြင် နည်းပြအင်းနရစ်လို နည်းပြမျိုးကို ပိုင် ဆိုင်ထားတာကြောင့် PSG အသင်းဟာ လာမယ့်ပြိုင် ပွဲတွေမှာ ပြည်တွင်းပြိုင်ပွဲတွေမှာရော ဥရောပချန်ပီယံ လိဂ်ပြိုင်ပွဲတွေမှာပါ အကောင်းဆုံးပုံစံတစ်ခုနဲ့ ပြန် လာဖို့ရှိနေတဲ့အသင်းအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆွေးနွေးညှိနှိုင်းမှုတွေပြန်လည်စတင်ဖို့ မြောက်ကိုရီးယားကို တောင်ကိုရီးယားတိုက်တွန်း

RECENT POSTS
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved