Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
" မှောင်ခိုဈေးကွက်ကြီးက အတိုင်းအတာတစ်ခုထိ မဟုတ်ဘဲနဲ့ Powerful ဖြစ်လာပြီ ဆိုလို့ရှိရင်တော့ သေချာတယ်။ မြန်မာပြည်ရဲ့ Market က ပျက်ပြီ "

 ပုလဲ၊ ထိုက်စံ  (NSS) - စက်တင်ဘာလ ၃ဝ

ပြည်တွင်းရှိ ဆိုလာကုမ္ပဏီတစ်ခုသည် AIKO 650W ဆိုလာပြား (၁,၄၄၀)ချပ်၊ ပေ (၄၀) ကွန်တိန်နာ (၂) လုံးစာ ကာလတန်ဖိုး ကျပ်သိန်း (၉,ဝဝဝ )ကျော်) ကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ ရန်ကုန်မြို့သို့ နယ်စပ်ကုန်သွယ်ရေး(Border Trade)ရေကြောင်းလမ်းမှတစ်ဆင့် တရားဝင်လိုင်စင် ရယူတင်သွင်းရန်အတွက် ထိုင်းနိုင် ငံအခြေစိုက်ကုမ္ပဏီ၏လုပ်ငန်းခွဲဖြစ်သည့် “Logistics” ကုမ္ပဏီတစ်ခုနှင့် (၂၀၂၆) ခုနှစ် ဧပြီလ (၂၂) ရက်တွင် သွင်းကုန်လိုင်စင်နှင့် ပို့ဆောင်ရေးလုပ်ငန်းအတွက် တရားဝင်စာချုပ် ချုပ်ဆိုအပ်နှံခဲ့ကြောင်းသိရသည်။ “သာမညဖြိုး” ရေယာဉ်ဖြင့် တင်ဆောင်လာသည်ဟုသိရှိခဲ့သော်လည်း မြေပြင်တွင် “ Imperial Moon Light ” အမည်ရှိ ရေယာဉ်ဖြင့် တင်ဆောင်လာခဲ့ပြီး (၂၀၂၆) ခုနှစ် ဇွန်လ (၂၅)ရက်တွင် MIPL (သီလဝါ)ဆိပ်ကမ်းသို့ဆိုက်ကပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ ပစ္စည်း များထုတ်မရဖြစ်နေသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါဆိုလာကုမ္ပဏီမှ တာဝန်ရှိသူများထံ သွားရောက်မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။


မေး - ဖြစ်စဉ်လေးကို ရှင်းပြပေးပါဦးရှင့်။ 

ဖြေ - အစ်မတို့က မြန်မာပြည်မှာ ဆယ်စုနှစ်မက ရပ် တည်နေတဲ့ ကုမ္ပဏီတစ်ခုပေါ့။ ပစ္စည်းတွေကိုလည်း တရားဝင်လိုင်စင်နဲ့ပဲ တောက်လျှောက်သွင်းလာတာ ပေါ့နော်။ ထုံးစံအတိုင်းကလည်း တောက်လျှောက် Overseas ကနေပဲသွင်းတာပေါ့။ ဒါပေမဲ့ အခု ဒီဘက်မှာ လိုင်စင်အခက်အခဲတွေရှိတဲ့အတွက်ကြောင့် မို့လို့ လိုင်စင်မရှိဘူးပေါ့နော်။ မရှိတဲ့အခါမှာ ဒီကွန် တိန်နာနှစ်လုံးကို ဒီဘက်ဆိပ်ကမ်းကိုသုံးတာပေါ့။ သုံးတဲ့အခါမှာ လိုင်စင်မရှိတဲ့အတွက်ကြောင့် လိုင်စင် ပါကူညီပေးနိုင်တဲ့ကုမ္ပဏီကို One-stop service အပ်လိုက်တာပေါ့။ ရနောင်းကနေ ရန်ကုန်ဆိပ်ကမ်း အထိသယ်လာပေးရမယ်။ လိုင်စင်လည်းပါလာရမယ်။ Custom clearance  ရော အကုန်လုပ်ပေးရမယ်ပေါ့ နော်။ One-stop service ဆိုပြီးတော့ အဲဒီကုမ္ပဏီ တစ်ခုကိုစာချုပ်ချုပ်ပြီးတော့ တရားဝင်အပ်လိုက်တာ ပေါ့။ တရားဝင်လည်း စာချုပ် ချုပ်ထားတယ်ဆိုတဲ့ သက်သေလည်းရှိတယ်ပေါ့နော်။ အပ်လိုက်တဲ့ Lo­gistics ကိုတာဝန်ယူတဲ့သူနဲ့ ဒီဘက်က သင်္ဘောပိုင် ရှင်နဲ့၊ နောက်ပြီးတော့ သင်္ဘောကို ဒီဆိပ်ကမ်း ရှင်းလင်းရေးလုပ်တဲ့တာဝန်ခံတွေနဲ့ အကုန်ပေါင်းပြီးတော့ အစ်မတို့ပစ္စည်းကို သူတို့ကသွင်းလာတယ်။ ရနောင်း အထိ သူတို့ကို ပစ္စည်းချပေးလိုက်တာပေါ့နော်။ ပစ္စည်းကကျတော့ တရုတ်ပြည်ကနေလာတာကိုး။ အဲဒီတော့ တရုတ်ပြည်ကနေလာပြီးတော့ ရနောင်းက နေချပေးလိုက်တဲ့အချိန်မှာ ရနောင်းကနေပြီးတော့ ဆိပ်ကမ်းအထိကိုသယ်လာတယ်။ သယ်လာပြီးတဲ့အ ခါမှာ သူတို့ ဒီပစ္စည်းတွေအကုန်လုံးကို ခုနကပြောတဲ့ လူတွေနဲ့ အဖွဲ့အစည်းတွေနဲ့ အကုန်လုံးပေါင်းပြီးတော့ မှောင်ခို Market ထဲကို ရောင်းချလိုက်တာပေါ့နော်။ မှောင်ခိုဈေးကွက်ထဲကို ရောင်းချလိုက်တယ်။ ရောင်းချလိုက်တဲ့အခါမှာ ခုနက Logistics agent နဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ Service fee  တွေ အကုန်ပေးထားလိုက်ရတယ်။ ကုန်ပစ္စည်းတွေလည်း ပါသွားတယ်။ နောက်တစ်ခုပိုဆိုးတာကတော့ ဒီ AIKO solar ကို မြန်မာပြည်မှာ တစ်ဦးတည်းကိုယ် စားလှယ်ဖြန့်တဲ့လူပေါ့နော်။ အဲဒီတော့ ပစ္စည်းနဲ့ပတ် သက်ပြီးတော့ Warranty ကိစ္စတွေပါလာတာပေါ့။ AIKO Panel  က Performance အနေနဲ့ဆိုရင် (၁၅)နှစ် Warranty  ပေးရတယ်။ အခုသူတို့ဖြန့်လိုက် တဲ့ပစ္စည်းတွေက ကုမ္ပဏီ Brand နဲ့သက်ဆိုင်တဲ့ AIKO Panel ကို Market မှာဖြန့်လိုက်တဲ့အတွက် ကြောင့် ဘာဖြစ်လာနိုင်လဲဆိုတော့ ဒီ Warranty နဲ့ ပတ်သက်ပြီးတော့ စကားပြောစရာတွေဖြစ်လာနိုင် တယ်ပေါ့နော်။ အဲဒီတော့ ဒါတွေက ပစ္စည်းဆုံးရှုံးတာ အပြင်ကို နောက်ပိုင်းထပ်ဖြစ်နိုင်တာကဘာလဲဆို တော့ ကုမ္ပဏီရဲ့နာမည်ကိုပါထိခိုက်နိုင်တယ်။  ပျက် စီးနိုင်တယ်ဆိုတဲ့ဟာတွေ ဖြစ်လာနိုင်တာပေါ့နော်။ အဲဒီတော့ ရှေ့မှာလည်း တချို့သော ဆိုလာ Brand တွေက Warranty  နဲ့ပတ်သက်ပြီးတော့ Distribu­tor တွေ အများကြီးမှာ ပြဿနာအများကြီးဖြစ်သွားခဲ့ ဖူးတယ်။  AIKO ကစသွင်းလာတဲ့အချိန်ကနေ အခု ထက်ထိ ဒီလိုပြဿနာတွေလည်း ဘာမှမရှိသေးဘူး။ အဲဒီတော့ ပစ္စည်းဆုံးရှုံးတာက လက်ရှိ၊ နောက်ပိုင်း ထပ်ဖြစ်လာနိုင်တာက သူတို့မှောင်ခိုဈေးကွက်ထဲကို ဖြန့်လိုက်တဲ့ Panel တွေနဲ့ပတ်သက်ပြီးတော့ Warr­a­nty  ပြဿနာတွေပါ အစ်မတို့ကုမ္ပဏီက ပတ်သက် နိုင်တယ်ပေါ့နော်။ နောက်တစ်ချက်က တောက် လျှောက်သည် မှောင်ခိုသွင်းလာတဲ့ ပစ္စည်းမဟုတ်ဘဲနဲ့ မှောင်ခိုပစ္စည်းအနေနဲ့လည်း သူတို့ကထုတ်သွား တယ်။ ြမေုနအ ထဲကိုလည်း မှောင်ခိုဈေးကွက်အနေနဲ့ လည်းဖြန့်တယ်။ နောက်တစ်ချက်ကဘာလဲဆိုတော့ ကုန်ပစ္စည်းတွေက အလိမ်ခံရတာတင်မဟုတ်ဘဲနဲ့ Market က မှောင်ခိုထဲကိုရောက်တာအပြင်ကို ဒီပစ္စည်း သွင်းလာတဲ့အချိန်ကနေပြီးတော့ အခုထက်ထိက ကုန်ပစ္စည်းသည် ဘယ်နား ဘယ်လိုရောက်နေတယ် ဆိုတာသိပေမယ့်လည်း ငါတို့ပစ္စည်းဆိုပြီး လုပ်လို့ရ မနေဘူးပေါ့နော်။ နစ်နာသူဆိုတဲ့ဟာထက် ပိုဆိုးတာ က ဘယ်နေရာကို ဘယ်လိုတိုင်ရမှန်းတောင်မသိဘူး ဆိုတဲ့အနေအထားမျိုးတွေဖြစ်ကုန်တာပေါ့။ ဘာလို့ လဲဆိုတော့ အဖွဲ့လိုက် အုပ်စုလိုက် အရာရာက အ ကွက်ကျကျနဲ့လုပ်သွားတာကိုး။ စုံစမ်းလို့ရတဲ့၊ သိရှိ လို့ရတဲ့  Informationတွေတော့ရှိတယ်။ ရှိပေမယ့် လည်း ဒါကပြောရလို့ရှိရင် ဟိုဘက်ကနေပြီးတော့ ဒီဘက်ပို့လိုက်ပြီးတဲ့နောက်ပိုင်းမှာ ပစ္စည်းတွေက မြင် တော့မြင်နေရတယ်။ ကိုယ့်ပစ္စည်းဆိုပြီး ယူလို့မရဘူး  အရမ်းခံပြင်းဖို့ကောင်းတယ်။ နောက်ပြီး ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ကိုယ့်အနေနဲ့ တရားဝင်လိုင်စင်သွင်း တာတောင်မှ ကိုယ့်ပစ္စည်းပါဆိုပြီး သွားယူတာတောင် မှ ဆိပ်ကမ်းကလူတွေက ဘယ်လိုပြောရမလဲ၊ ခေါင်း စဉ်တစ်ခုနဲ့လာလိမ်တဲ့လူတွေပုံစံမျိုးတောင် သူတို့က ပြန်ပြီးဆက်ဆံတာ။ အဲဒါမျိုးတွေပေါ့နော်။ ဒါက သူတို့ရဲ့ Market  ကြီးဖြစ်နေတာကိုး။ 


မေး -  အစ်မတို့လိုမျိုး တခြားသူတွေ ဖြစ်တာမျိုးကော ရှိလား။ 

ဖြေ - အများကြီးပေါ့ညီမလေးရဲ့။ အများကြီး။

မေး - ရနောင်းဘက်က Logistics agent  ကကျ တော့ မြန်မာနိုင်ငံသားလား၊ ထိုင်းနိုင်ငံသားလား။ သူတို့နဲ့စကားပြောတော့ ဘာပြန်ပြောလဲရှင့်။ 

ဖြေ - မြန်မာနိုင်ငံသား။ သူတို့နဲ့ပြောကြည့်တဲ့အခါ မှာကျတော့ သူတို့ဘက်က အခုထက်ထိ ဘာပဲပြော နေလဲဆိုတော့ တင်လာတဲ့ပစ္စည်းက သူတို့တင်လာ တဲ့ပစ္စည်းရဲ့ Packing list နဲ့ရောက်နေတဲ့ ပစ္စည်းရဲ့Weight နဲ့ Size နဲ့မတူတဲ့အတွက်ကြောင့်မို့လို့ Cus­tom  က ပစ္စည်းရှင်းနေတဲ့ခေါင်းစဉ်အနေနဲ့ပဲရှိနေသေးတယ်၊ သူတို့ဆွဲထုတ်ပေးတယ်ဆိုတဲ့ ခေါင်း စဉ်နဲ့ပဲ ရှိနေသေးတယ်ဆိုပြီးတော့ ဒီတိုင်းပဲ တောက် လျှောက်ပြောနေတာ။

‌မေး  - တကယ်ပဲ ပစ္စည်းရဲ့Weight  နဲ့ Size နဲ့မတူ တာ ရောက်လာတာလားရှင့် ။ 

ဖြေ - အဲဒီလိုဖြစ်နေတယ်ဆိုတဲ့ခေါင်းစဉ် တပ်ထား တာ၊ တကယ်တော့ အဲဒီလိုဖြစ်နေတာမဟုတ်ဘူး။ ရနောင်းကနေ ရန်ကုန်ကိုသွင်းတဲ့အခါမှာ သူတို့က လိုင်စင်နဲ့လုပ်တာမဟုတ်ဘဲနဲ့ မှောင်ခိုနည်းနဲ့ သူတို့ ကလည်းတင်ပေးလိုက်တာ။ အစ်မတို့ကသာ လိုင်စင် နဲ့ သူတို့ကိုလျှောက်ခိုင်းတာ။ ဒါပေမဲ့ သူတို့က လိုင်စင် လို့ပြောပြီးတော့ လိုင်စင်မပါဘဲနဲ့ တင်ပေးလိုက်တာ။ တင်ပေးလိုက်ပြီးတဲ့အခါမှာ ဥပမာ အဲဒီသင်္ဘောမှာ ပါလာတဲ့ပစ္စည်းက Item (၁၀)မျိုးရှိမယ်ပေါ့။ သူတို့ က (၄)မျိုးပဲလိုင်စင်ပြတယ်။ ကျန်တဲ့(၆)မျိုးကို Unl­icensed အနေနဲ့ပြတာ။ အစ်မတို့ပစ္စည်း Unlice­n­sed အနေနဲ့ကိုဝင်လာတာ။ ဝင်လာပြီးတဲ့အခါမှာ သင်္ဘောဆိပ်ကမ်းကို ဘယ်နေ့ရောက်တယ်ဆိုတာ လည်းသိတယ်။ သိပြီးတော့ အဲဒီပစ္စည်းတွေကို သူတို့ ဘယ်အချိန်ကနေပြီးတော့ ဘယ်သူတွေနဲ့ ဘယ်လို ထုတ်သွားတယ်ဆိုတာလည်းသိတယ်။ အခုဈေးကွက် ထဲမှာလည်း ပစ္စည်း ဘယ်နေရာရောက်နေလဲဆိုတာ သိတယ်။ ဒါပေမဲ့ ဟိုဘက် က Logistics agent က တောက်လျှောက် ထိုင်ပြောနေတာလဲဆိုတော့ ခုနက Custom က စစ်နေတုန်းပဲလို့ပြောတာ။ နောက်တစ်ခု က သင်္ဘောတင်တဲ့သူပေါ့နော်။ သင်္ဘောကလည်း အဲဒီသင်္ဘောပိုင်ရှင်ပေါ့။ အဲဒီသင်္ဘောပိုင်ရှင်ရယ်၊ နောက်တစ်ခုကကျတော့ ဒီဟာအပေါ်မှာ Custom clearance လုပ်ပေးတဲ့အဖွဲ့တွေ အားလုံးပေါင်းပြီး တော့ ပစ္စည်းကိုထုတ်ပြီးတော့ ရောင်းလိုက်တာ။ ရှင်းရှင်းပြောရင်။ အဲဒီတော့ ခေါင်းစဉ်တပ်နေတာက Custom စာရင်းမရှင်းရသေးဘူးဆိုတဲ့ခေါင်းစဉ် တပ် နေတာပေါ့နော်။ ဖြစ်တာက ဇူလိုင်လက စဖြစ်တာပေါ့။ အခုဆို စက်တင်ဘာလ ဖြစ်သွားပြီ။ နှစ်လရှိပြီ။

မေး - အခုလိုဖြစ်သွားတာနဲ့ပတ်သက်ပြီး အစ်မတို့ ဘာဆက်လုပ်သွားဖို့ရှိလဲ။ 

ဖြေ -  အဲဒီတော့ ဘာလုပ်ထားလဲလို့ပြောလို့ရှိရင် တော့ အခု သက်ဆိုင်ရာဌာနတွေအကုန်လုံးကို တိုင် စာတွေပို့ထားတယ်။ ဌာနတွေဆိုတဲ့ဟာမှာ သမ္မတရုံး လည်းပါမယ်။ ပြည်ထဲရေးဝန်ကြီးလည်းပါမယ်၊ စသုံး လုံးလည်းပါမယ်၊ လွှတ်တော်ဥက္ကဋ္ဌလည်းပါမယ်။ အ ကုန်လုံးကိုတော့ တိုင်စာပို့ထားတယ်။ တိုင်စာပို့ထား တဲ့ခေါင်းစဉ်က တရားဝင်လိုင်စင်နဲ့ သွင်းလာတဲ့ကုန် ပစ္စည်းပေါ့။ အဲဒီတော့  မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံ ကထုတ်ပြန်ထားတဲ့ Policy အတိုင်းလိုက်နာတဲ့ ကုမ္ပဏီပေါ့နော်။ အဲဒီကုမ္ပဏီအနေနဲ့ မတရား ဒီလို မျိုးလုပ်ခံရတာပေါ့နော်။ အဲဒီခေါင်းစဉ်နဲ့တင်ထား တယ်။ အဲဒီတော့ သက်ဆိုင်တဲ့ဌာနတွေကိုလည်း အရေးယူဆောင်ရွက်ပေးဖို့အတွက်ကို တိုင်ထားတာ ပေါ့နော်။ အခုဖြစ်စဉ်က စာရင်းမှာက ရှစ်မျိုးပဲပါတာ။ တကယ် မြန်မာနိုင်ငံပါလာတာက (၃၅)မျိုး။ အဲဒီ တော့ ဒီမှာရှာကြည့်လို့ရှိရင် အစ်မတို့ပစ္စည်း မတွေ့ရ ဘူး။ Unlicensed  ဖြစ်သွားတာကိုး။ ဘာဖြစ်လို့ လိုင်စင်ကနေ Unlicensed ဖြစ်လဲဆိုရင် မေးစရာရှိတယ်။ Conflict ဖြစ်စရာရှိတယ်။ ကိုယ်တိုင်က လိုင်စင်မရှိ တော့ လိုင်စင်ရှိတဲ့ Agent ကို လိုင်စင်လျှောက်ပေး ပါဆိုပြီးတော့အပ်လိုက်တာ။ သူက လိုင်စင်လျှောက် ပေးမယ်လို့ပြောပြီးတော့ လိုင်စင်လျှောက်ထားပါ တယ်၊ ရပါတယ်ဆိုတဲ့စာရွက်လည်း မပြဘူး။ ဟိုဘက် ကနေထွက်လာတဲ့စာရွက်အတုတစ်ခုပြတယ်။ စာ ရွက်အတုတစ်ခုပြပြီးတော့  Okay  တယ်ဆိုပြီး လက် ခံလိုက်တာ။ ဒီဘက်ရောက်တော့မှ သင်္ဘောမှာ သွားစစ်တဲ့အခါမှာ ပစ္စည်းတော့တွေ့ခဲ့ရတယ်။ အဲဒီ Record aတွေလည်းရှိတယ်။ အစ်မတို့မှာ Evidence  အကုန်ရှိတယ်။ ဒါပေမဲ့ ဒီဟာက ကိုင်တွယ်ဆောင် ရွက်လို့ရတဲ့ဌာနဆိုင်ရာကို ပြောမှရမှာပေါ့လေ။ အဲဒီ ဟာအတွက်လည်း ပြောနေတယ်ပေါ့နော်။ ဒါပေမဲ့ နစ်နာတဲ့သူတွေက အဲဒီမှာက သိန်းပေါင်းသိန်းနဲ့ချီရှိ တယ်။ အဲဒီလူတွေကလည်း သူတို့က သက်ဆိုင်ရာ သက်ဆိုင်ရာနဲ့ သွားနေကြတယ်။ ဒါပေမဲ့ မီဒီယာပေါ် မှာတော့ ဒီလိုမျိုးတက်လာတာမရှိဘူးပေါ့နော်။ နိုင်ငံ တိုင်းမှာချမှတ်ထားတဲ့ စည်းကမ်းတွေရှိတယ်၊ Poli­cy  တွေရှိတယ်၊ ဌာနဆိုင်ရာတွေရှိတယ်။ ဒါပေမဲ့ ဒါ တွေကို  Comply မလုပ်နေဘူး။ အဲဒီဟာအပေါ်မှာ မှောင်ခိုလုပ်နေတဲ့လူတွေအများကြီးရှိတယ်။ ဒါကြောင့် ဘာဖြစ်သွားလဲဆိုတော့ ရတဲ့ကွန်တိန်နာနဲ့ ရတဲ့ပစ္စည်း နဲ့ကို လုပ်ငန်းအနေနဲ့ Customer တွေကို Distribu­te လုပ်ရမှာ။ ဈေးနှုန်းသည် ပေးထားတဲ့ဈေးနှုန်းအ တိုင်းပဲ Market  မှာ Customer တွေလိုက်နိုင်တဲ့ ဈေးနှုန်းနဲ့ပဲသွားမှာ။ ဒါပေမဲ့ အခု တကယ်လုပ်နေတဲ့ လုပ်ငန်းတွေ အကုန်လုံးရပ်လိုက်ရတယ်။ Cust­omer တွေလည်း အကုန်တောင်းပန်ရတယ်။ အဲဒီ တော့ မှောင်ခိုဈေးကွက်မှာ သူတို့က စီးပွားဖြစ်အောင် လုပ်ပြီးတော့ တကယ်သွင်းတဲ့လူတွေကို စီးပွားပျက် အောင်လုပ်တာပေါ့။ အဲဒီတော့ မှောင်ခိုဈေးကွက်ကြီး လာရင် ဘာဖြစ်မလဲဆိုတော့ မြန်မာနိုင်ငံက ဆုတ် ယုတ်သွားမှာပေါ့။ အခုလည်း တော်တော်လေးမြင်ရမှာ ပါ။ ပစ္စည်းတွေ တစ်ခုခုဝယ်ချင်ရင် Local brand  တွေပဲသုံးလို့ရတာလေ။ Import brand သုံးလို့မှ မရ တာ။ အဲဒါ အဓိကဘာလဲဆိုတော့ ဒီမှောင်ခိုဈေးကွက် က အရမ်းကြီးစိုးနေလို့ပေါ့။

မေး - တိုင်စာက နိုင်ငံတော်သမ္မတရုံးအထိ ပို့ထား တာလား။

ဖြေ - အကုန်လုံးပို့ထားတယ်။ ပြီးခဲ့တဲ့လက UMF- CCI မှာလည်း အဲဒီမှာသွားပြီးတော့ တင်ပြခဲ့တယ်။ အဲဒီအချိန်ရောက်မှ သိရတာဆိုတော့ လူကြီးတွေက ဘာဖြစ်တုံးဆိုတော့ တခြားကုမ္ပဏီတွေလည်း အများ ကြီးဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ အ ထွေအထွေတင်ပြခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ဒီတိုင်းလေးပဲ တင်ပြခဲ့တာ သူတို့ကမသိဘူး။ တကယ့်တကယ် ရောက်တဲ့အချိန်ကျမှ ဒီဖြစ်စဉ်ကို Power Point နဲ့ ထိုးပြလိုက်တဲ့အချိန်ကျမှ သူတို့က ဒါ ဖြစ်သွားပြီဆို ပြီး။ အဲဒီလိုဖြစ်နေတာတွေက အများကြီး။ နောက် ထပ် ကော်စေ့တွေလည်း ပြဿနာဖြစ်နေကြတာ သူတို့တင်ပြတာတွေအများကြီးပဲ။ အဓိကက တရား မဝင်ပါလာခဲ့တယ်ပဲထား လက်ခံတယ်။ အစိုးရက သိမ်းသွားရင် ပြန်ပြီးတော့ ဒီပစ္စည်းကို ပြန်ယူလို့ ရဦးမယ်လေ။ လေလံပြန်ဆွဲလို့ရဦးမယ်။ ဒဏ်ကြေးနဲ့ လုပ်လို့ရသေးတယ်။ အခုက ကိုယ့်ပစ္စည်းလည်းမြင်ရ တယ်။ ကိုယ်လည်း ဘာမှလုပ်မရဘူး။ ဒါပေမဲ့ သူတို့ အဲဒီဘက်ကတာဝန်ရှိတဲ့လူတွေလည်း ပြောလာ တယ်။ မင်းတို့က တစ်ယောက်တည်း၊ ကုမ္ပဏီက တစ်ခုတည်း၊ ငါတို့က ဒီမှာ အဖွဲ့လိုက်ကြီးတဲ့။ တစ် ယောက်နဲ့အများနဲ့ ဒီလိုမျိုးဝင်လုပ်မှာ ချမှာလားပေါ့။ အဲဒီလိုမျိုး သူတို့ပြောချင်တာ။ သူတို့က ကိုယ့်ကို ပြန် ခြိမ်းခြောက်တာ။ အဲဒီလိုမျိုး၊ နောက်ပြီးတော့ ကိုယ့် ပစ္စည်းကိုသယ်သွားတာတောင် ကိုယ်က အမှားဖြစ် တာနော်။ ကိုယ်တွေကပဲ သူတို့ကိုကြောက်ပြီး သူတို့ က ပြန်ပြီးတော့ခြိမ်းခြောက်တယ်။ အဲဒီလိုဖြစ်နေတာ။ အဲဒါက အစိုးရတာဝန်ရှိတဲ့လူ။ Custom က ပြန် ပြီးတော့ မင်းတို့က တစ်ဦးတည်း သူတို့ကကျတော့ အဖွဲ့အစည်းပေါ့နော်။ သူတို့က အကုန်ပါတယ်။ အများနဲ့တစ်ယောက်ပေါ့။ One for all တို့ ဘာတို့ ပေါ့။ အများနဲ့တစ်ယောက် ဖြစ်ရဲလားပေါ့။  သူတို့နဲ့ပါ အဲဒီလိုမျိုးတွေ့ပြီး စကားပြောရတဲ့ အခြေအနေ ရောက်တယ်လေ။ လာတွေ့တယ်။ ကုန်ပစ္စည်းတွေကို သူတို့ရဲ့ဆိပ်ကမ်းနဲ့ပတ်သက်ပြီးတော့ ကုန်ပစ္စည်း တွေတင်သွင်းတဲ့အခါမှာ သက်သေအထောက်အ ထားတွေနဲ့ Procedure အတိုင်းလုပ်ကြဖို့အတွက်ကို ဆိုပြီးတော့ ဌာနတွေအကုန်လုံးပေါင်းပြီးတော့ ဆွေး နွေးပွဲလုပ်ကြတာပေါ့။ အဲဒီမှာ Custom လည်း ပါတယ်။ ညွှန်ချုပ်တက်တယ်။ ဒုညွှန်ကြားရေးမှူးချုပ် တက်တယ်။ နောက်ပြီး သင်္ဘောနဲ့ပတ်သက်တဲ့လူ တက်တယ်။ အဖွဲ့တွေအများကြီးတက်တာပေါ့နော်။ တက်ပြီးတော့ ဆွေးနွေးပွဲလုပ်ကြတယ်။ ဆွေးနွေးပွဲ လုပ်ကြတဲ့ရည်ရွယ်ချက်ကတော့ သူတို့ ဒီရေကြောင်း နဲ့ပတ်သက်ပြီးတော့ သွားနေတဲ့ဟာတွေမှာ သူတို့က Systematic နဲ့သွားမယ်ပေါ့။ Systematic ပေါ်မှာ သူတို့ထုတ်ထားတဲ့ SOP အတိုင်းထုတ်ပြထားတဲ့ Policy အတိုင်း။ နောက်ပြီးတော့ လိုက်နာရမယ့် စာ ရွက်စာတမ်းတွေအတိုင်း သွားမယ်။ မူဝါဒတွေအတိုင်း သွားမယ်ပေါ့နော်။ အဲဒါမျိုးနဲ့ သူတို့သွားတဲ့အခါမှာ အစ်မတို့ကကျတော့ Invite လုပ်ခံရတာ။ ဘာလို့လဲ ဆိုတော့ သူတို့ ဒီလိုဟာမှာ အမှုတွေ အများကြီးတိုင်ခံ ရတဲ့သူတွေထဲမှာမှ အစ်မတို့ရဲ့ Case က Solar  ပြား ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ စွမ်းအင်က အဓိကလို အပ်ချက်ဖြစ်နေတာကိုး။ စွမ်းအင်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးနေတဲ့ လုပ် ငန်းရှင်ဖြစ်တယ်။ နောက်တစ်ချက်ကကျတော့ ဒီလိုင် စင်နဲ့တင်သွင်းလာတဲ့ဟာအပေါ်မှာ Unlicensed အနေနဲ့ မှောင်ခိုအနေနဲ့ပေါ့နော်။ ခေါင်းစဉ်တပ်ခံရ တယ်ဆိုတဲ့လူတွေက ပစ္စည်းပါ ထုတ်လို့မရဘူးဆိုတဲ့ ခေါင်းစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီမှာ ဆွေး နွေးတင်ပြခွင့်ရတာပေါ့။ အဲဒီလို တင်ပြခွင့်ရပြီးတဲ့    နောက်မှာ အဲဒီကိစ္စသည် သူတို့ရဲ့ ဒီ Network  မှာ အကုန်ပျံ့သွားပြီးတော့ အဲဒီက သင်္ဘောပိုင်ရှင်လည်း လာတွေ့တယ်။ နောက်ပြီးတော့ Custom  ကဆိုတဲ့ တစ်ယောက်လည်းလာတွေ့တယ်။ လာတွေ့တဲ့အခါ မှာပြောသွားတဲ့ဟာက ခုနကလိုမျိုးပေါ့။ ဒီ ဖြစ်သွားတဲ့ ဟာအပေါ်မှာ နင်တို့က တစ်ယောက်တည်းပေါ့။ ငါတို့က အများအဖွဲ့လိုက်ကြီး လုပ်ရဲလားပေါ့။ လုပ်ရ မှာပေါ့။  ပစ္စည်းပြန်ရလိုမှုဆိုတာထက် မတရားလည်း ခံရသေးတယ်။ ခြိမ်းခြောက်တယ်ဆိုတဲ့ အဆင့်တွေပါ ဖြစ်လာတဲ့အခါမှ ဒါက ရပ်တည်ရမယ်ဆိုတဲ့ဟာမျိုး တစ်ခုပေါ့နော်။ နိုင်ငံတော်ကကျတော့ သူ့ရဲ့ ချမှတ် ထားတဲ့လမ်းစဉ်တွေအတိုင်း သွားနေတယ်။ ဒါပေမဲ့ တချို့သောလူနည်းစုက ဒီလမ်းစဉ်တွေမဟုတ်ဘဲ သူ့ အတွင်းထဲကလူကပဲ လှိုက်စားပြီး ဖျက်ဆီးနေတာပေါ့။ အဲဒီတော့ အဲဒီဟာအပေါ်မှာ အစ်မတို့ကတော့ ရပ် တည်မယ်ဆိုတဲ့ဟာတစ်ခုနဲ့သွားတာပေါ့။

မေး - တိုင်စာပို့ထားတာတွေကော ကြာပြီလား။ 

ဖြေ -  နှစ်ပတ်လောက်တော့ရှိပြီ။ အမှုဖွင့်လိုက်မယ်။ အမှုဖွင့်ပြီးတော့ တိုင်ပြီးတော့ ပစ္စည်းလည်း ဘယ်မှာ ရှိတယ်။ ဘယ်သူရောင်းမှန်းလည်း သိပြီ။ အမှုဖွင့် လိုက်မယ်ဆိုတာတိုင်ပေမယ့် ရဲက အမှုမဖွင့်ပေးချင် ဘူး။ ဌာနဆိုင်ရာတွေက အများကြီးပါနေတယ်။ ဘာ လို့လဲဆိုတော့ တိုင်ကြားစာက ပေါ်ထွက်လာရင်လူကြီး တွေသိမယ်ဆိုရင်တော့ အမှုဖွင့်ချင်တာတောင် ဖွင့်မရဘူး ဖြစ်နေတယ်။ အဂတိလည်းတိုင်ထားတယ်။ တရားမဝင်တာလည်းပါတယ် တိုင်ထားတာက။ အဲဒီ တော့ အစ်မတို့က အမှုဖွင့်ဖို့ဟာအတွက်မှာ တိုင်ထား တဲ့တိုင်ကြားစာကနေပြီးတော့ အစ်မတို့အမှုကို ပြန် ချပေးပြီးတော့ ဘယ်က ဘယ်သူက ဆောင်ရွက်ပါဆို တဲ့ညွှန်ကြားချက်ကို အစ်မတို့ စောင့်နေတာပေါ့နော်။  အခုဖြစ်တာက ပြောရလို့ရှိရင် တခြားသူတွေနဲ့ယှဉ်လို့ ရှိရင်တော့ ဖြစ်တဲ့ပစ္စည်းက အရေအတွက် နည်းချင် နည်းမယ်။ ဒါပေမဲ့ အစ်မတို့လိုဖြစ်တဲ့သူတွေက အ ရမ်းများတယ်။ အဲဒီလိုဖြစ်ပြီးတော့ ဘာဖြစ်လဲဆိုတော့ ဘယ်သူ့ကိုတိုင်လို့တိုင်ရမှန်း မသိဘူး။ ဘယ်သူက အရေးယူလို့ယူမှန်းမသိဘူးဆိုတဲ့လူတွေ များလာ တာပေါ့နော်။ ဒီဟာအပေါ်မှာ အစ်မတို့သည် Stand လုပ်မယ်ဆိုတဲ့ဟာကို ရည်ရွယ်တာပေါ့ ။

မေး - ဆိုလာကကော အချပ်ဘယ်လောက်ပါသွားလဲ။ 

ဖြေ - ကွန်တိန်နာတစ်လုံးမှာ အချပ် (၇၂၀)ပါတာ။ အဲဒီတော့ အစ်မတို့ ကွန်တိန်နာနှစ်လုံးဖြစ်တဲ့အတွက် ကြောင့်မို့လို့ အချပ်က (၁၄၄၀)ပေါ့။

မေး - ပိုက်ဆံပမာဏကျတော့ ဘယ်လောက်များ လဲရှင့်။

ဖြေ - သိန်း(၉၀ဝဝ)ရှိတယ်။ သိန်း (၉၀ဝဝ)ကျော် မှာပေါ့နော်။ တော်တော်များများဖြစ်နေကြတာ။  အခု တော့ လုပ်ငန်းတွေမလည်ပတ်တော့ဘူးပေါ့။ ပစ္စည်း ရောက်မှ လုပ်ငန်းကလည်ပတ်မှာလေ။ Overhead တွေရှိတယ်။ Overhead  ကထမ်းရတာပေါ့။ ဧပြီက စပြီး လုပ်ငန်းတွေကရပ်နေတာ။ တကယ်အလုပ်လုပ် တဲ့လုပ်ငန်းတွေရပ်ကုန်ရင် Grade  တွေ ဆင်းလာတာ ပေါ့။ တခြားကုန်တွေသွင်းတာလည်း အဲဒီလိုပဲ။ သွင်း လို့မရရင် ဘာမှလုပ်လို့မရဘူးဖြစ်နေတာ။ ရက် (၁၀ဝ)တုန်းကလည်းစောင့်ရတယ်။ ဌာနဆိုင်ရာမှာ လူအပြောင်းအလဲတွေကိုလည်း စောင့်ရတယ် လိုင် စင်ချပေးတဲ့ဌာနမှာလည်း။ အသစ်ဝင်တဲ့ဌာနဆိုင်ရာ အကြီးအကဲကလည်း ဒါတွေကို Review  ပြန်လုပ်ဆို တော့ ‌စောင့်ရတာပေါ့။ ကျလားဆိုတော့ ကျမလာဘူး။ သူတို့က အလှည့်ကျပေးတာပေါ့။ အခုမှ စလှန်နေ တာသူတို့က။ ဧပြီ၊ မေ စာရင်းကိုပေါ့။ အစ်မတို့က ဇွန်ကျတော့မှဆို လိုဦးမှာပေါ့ (၂) လ၊ (၃)လလောက် ကို။  (၂)လတစ်ခါလောက်ချပေးရင်တော့ မဆိုးဘူး။ တစ်ခါတင်ဖို့ ခြောက်လလောက် Run  ရတာဆိုတော့။ ဆောက်လုပ်ရေးသမားတွေလည်း တော်တော်ဒုက္ခ ရောက်တယ်။ အခုဖြစ်စဉ်ဆိုလည်း အဓိကက မှောင် ခိုဈေးကွက်။ မှောင်ခိုဈေးကွက်က ပုဂ္ဂလိကလူတွေ မဟုတ်ဘဲနဲ့ ဒီဌာနဆိုင်ရာလူတွေကပါ ပေါင်းပြီးတော့ မှောင်ခိုဈေးကွက်ကို အကြီးကြီးတည်ဆောက်တဲ့အခါ မှာ ပိုပြီး အာဏာကြီးသွားတယ်။ အဲဒီတော့ အာဏာ ကြီးသွားတဲ့လူတွေက ဘာဖြစ်လာလဲဆိုတော့ အစ်မ တို့လုပ်ငန်းရှင်တွေကို ဒုက္ခပေးသူဖြစ်သွားပြီ။ အခုလို လုပ်ငန်းရှင်တွေ လုပ်ငန်းမလုပ်တော့ဘူးဆိုလို့ရှိရင် ဒီထဲမှာရှိနေတဲ့ Consumer တွေ ဘယ်လိုလုပ်မလဲ။ အကုန် ပြဿနာတက်ပြီပေါ့။ အဲဒီတော့ Grade  နိမ့်တဲ့ဟာတွေ စားရမယ်။ Local  ထဲမှာ အစားအ သောက်တွေ ရှားပါးကုန်မယ်။ အဆင့်အတန်းတွေ အရမ်းကိုကွာဟကုန်မယ်။ အဲဒီလိုမျိုးတွေ ဖြစ်ကုန်ပြီ လေ။ မှောင်ခိုဈေးကွက်ကြီးက အတိုင်းအတာတစ်ခုထိ မဟုတ်ဘဲနဲ့ Powerful ဖြစ်လာပြီဆိုလို့ရှိရင်တော့ သေချာတယ်။ မြန်မာပြည်ရဲ့ Market က ပျက်ပြီ။ ဈေးကွက်ကပျက်ပြီ။ အခုလည်း တော်တော်ပျက်နေ ပြီ။ ဘယ်နေရာပဲကြည့်ကြည့် ပစ္စည်းဝယ်ချင်တာ ပစ္စည်းမရှိဘူး။ အလူမီနီယံလာဝယ်တယ်။ တစ် ချောင်းဘယ်လောက်လဲ (၃၀ဝဝ) တဲ့။ ဟေ့ရောင် ငါ (၁၀)ချောင်းယူမယ်တဲ့။ အဲဒါဆိုရင် (၇၀ဝဝ)တဲ့။Stock  မရှိဘူး။ အဲဒီတော့ တစ်ချောင်းဝယ်ရင် ဈေး သက်သာတယ်။ အများဝယ်ရင် ဈေးပိုကြီးမယ်။ အဲဒီ လိုဖြစ်သွားပြီ။

မေး  - Logistics agent  ကို  အကုန်လုံး ပေးပြီး သားပေါ့။

ဖြေ - အရင် စရန် သိန်း(၅၀)ပေးလိုက်တယ်။ ပြီး လည်းပြီးရော ပစ္စည်းလွှတ်လိုက်ပေး။ ပိုက်ဆံနောက် ရက်လာချ။ မချလို့ရှိရင် ခင်ဗျားတို့ပစ္စည်းက အခုပြော တဲ့ဇူလိုင်မှာ ရောက်မှာမဟုတ်ဘူး။ ခင်ဗျားတို့ကို Pending ဖြစ်မယ် ပါမယ်ဆိုတော့ ပစ်ပေးလိုက်တာ။ ပထမဆုံးလုပ်ဖူးတဲ့လူ။ တစ်ခါမှလည်း မလုပ်ဖူးဘူး။ ပစ်ပေးလိုက်တာ။ အဲဒီတော့ ပစ္စည်းလည်းဆုံးတယ်။ Logistics ဖိုးလည်းဆုံးတယ်။ နောက်ပြီးတော့ အခု ဒီဟာတွေမှာ အမှုကိစ္စဟာတွေလည်း ထပ်ဆုံးတယ်။ ဒါပေမဲ့ ရှုံးချင်ရှုံးပါစေ။ လာပြောတဲ့ဟာကို ကြိုက်ကို မကြိုက်လို့ လုပ်ကိုလုပ်မှာ။ အခုက ပစ္စည်း ပြန်ရခြင်း၊ မရခြင်းထက်၊ အဓိကက အခုလိုမျိုးတွေမကြိုက်လို့။ နိုင်ငံတော်သမ္မတမှာတော့ ပေးလိုက်ရတာသိလား ပလန်တွေလည်းချနော် ပလန်တွေချပြီးတော့ စက်မှု ဇုန်တွေဘာတွေ၊ ကျေးရွာမီးလင်းရေး ဒီ Comm- ercial City တွေကို ဒီ Commercial ဥစ္စာတွေဖြစ် ဖို့အတွက်ကို စက်ရုံတွေအတွက်ရရေးဆိုပြီးတော့ လုပ်နေတယ်။ သွားတွေ့လိုက် သွားတွေ့ပြီးတော့ အလုပ် လုပ်မယ်လုပ်လိုက် ပစ္စည်းတွေက လိုင်စင် မကျ။ သူရဲ့သွားချင်တယ်ဆိုတဲ့ Platform က Platform ပဲရှိတာပေါ့နော်။ ဘာပစ္စည်းမှမရှိတဲ့အခါ ဘာမှ လုပ်လို့မရဘူး။ ကိုယ့်ဟာကိုယ်တော့ ပရောဂျက်တွေ ကိုလုပ်ချင်လို့ လိုက်ပြီးတော့ အစိုးရကို သွားပြောနေ လုပ်ချင်လို့။ ဟုတ်တယ်။ သူကလည်းပေးတယ် လုပ်။ ဘာနဲ့လုပ်ရမလဲ။ ဘာပစ္စည်းမှမရှိဘူး။ ဘာမှမရှိဘူး။ ရှိနေတာ မြေကွက်တွေပဲရှိတယ် အဲဒီမြေကွက်တွေ ပေါ်မှာ အစ်မတို့က ငုတ်တုတ်ထိုင်စောင့်နေတယ် ပစ္စည်းမလာလို့။ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ (၃) နှစ်အတွင်းမှာ ဒီ ဆိုလာနဲ့ပတ်သက်တဲ့ စွမ်းအင်ဟာ ကြီးက ဘယ်လောက် တိုးတက်လာရမယ် ဆိုတဲ့ဟာ က ထိုင်အော်နေရုံရှိတာ လေ။ ဘာမှမဖြစ်လာတော့ဘူး ပစ္စည်းမှသွင်းလို့မရတာ။ အခုဆို စသွင်းတုန်းက အစ်မတို့ဆီကဝယ်သွားတာ (၅) သိန်း (၃) သောင်းပဲ ထား။ အခု ဘယ်လောက်လဲ (၇) သိန်း (၄) သောင်း။ ပစ္စည်းသယ်ချင်တယ်နော် ကိုယ့်ဟာကိုယ် ကားနဲ့လာတိုက်။ အထဲထဲမှာ ပစ္စည်း ဒီလို ဒီလို တင်ပေးဖို့အတွက်ကို Forklift ကို Charge ထပ် တောင်းတယ်။ တစ်ခါမှ မကြားဖူးဘူး။ အစ်မတို့ပစ္စည်း ရောင်းတုန်းဆိုလို့ရှိရင် လိုချင်တယ် ဘယ်လောက် လဲဆိုရင် Delivery ကို Free ပေးတယ်။ အခုက ဒီထဲက စက်ရုံထဲကနေပြီးတော့ သူတို့ကားပေါ်တင်တဲ့ Forklift  ကိုတောင်မှ Charge လုပ်တယ် ပစ္စည်းရှိ တဲ့လူကျတော့လည်း။ အဲဒါ ကိုယ်တွေရောင်းလိုက် တာ။ ကိုယ်တွေဆီကဝယ်ထားတာ လိုနေတော့ ပြန် ဝယ်ရတယ် သူတို့ဆီက။  

မေး - အစိုးရနဲ့ပတ်သက်တဲ့ ဆိုလာပရောဂျက်တွေ အတွက် သွင်းဖို့တွေကော အဆင်ပြေလား။ 

ဖြေ - အခု ပုံမှန်အတိုင်းဆို MIC Permit နဲ့ သွား တာပေါ့။ အစိုးရက ပြောတဲ့လုပ်ငန်းတွေပေါ့။ အဲဒီ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆိုလို့ရှိရင်တော့ အစိုးရ Project ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစ်မတို့က MIC လိုင်စင်ကတော့ Priority ထဲမှာ ပါမှာပေါ့။ ဒါပေမဲ့လည်း အခုဟာက အဲဒီလိုတောင်မှ ဟုတ်ချင် မှ ဟုတ်တော့မယ်ဆိုတဲ့ဟာမျိုး ဖြစ်နေတာကိုး။ အဲဒီ တော့ အရင်တုန်းက Private Project  နဲ့  Tender Project  နဲ့ဆိုလို့ရှိရင် Tender Project အတွက်က အစ်မတို့က လိုင်စင်စိတ်ပူစရာမရှိဘူး။ သူတို့ရဲ့ ဒီဟာ Plan ပေါ့။ Plan ထဲမှာပါတာဖြစ်တဲ့အတွက်ကြောင့်မို့ လို့ Plan က ဥပမာ လာမယ့်နှစ် First Quarter မှာ ဖြစ်ရမယ်လို့ပြောလို့ရှိရင် ပစ္စည်းသည် First Quarter ထဲရအောင်လို့တင်တယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ့ ဌာနရဲ့ရည်မှန်းချက်ဖြစ်တဲ့အတွက်ကြောင့် ဒီကာလ အတွင်း ကျအောင်လို့လုပ်တဲ့ Project ပါ ဆိုလို့ရှိရင် လိုင်စင်က အစ်မတို့စောကျမှာပေါ့။ ဟိုဘက်က Dis­tri­butor တွေကလည်း ပစ္စည်းအရမ်းရောင်းချင်တယ်။ ဒီနေ့ပဲ တစ်ယောက်ကလာတွေ့သွားပြီ မဝယ်ကြ တော့ဘူးလား ဘာဖြစ်သွားလဲဆိုတော့ ပြောပြလိုက် တယ်။ အဲဒီတော့ ဒါကျတော့ သူတို့လည်းကယ်လို့မရ ဘူးလေ။ အခု Expo တွေလုပ်လည်း စည်မှာမဟုတ် ဘူး။ Expo တွေက သီတင်းကျွတ်ရင် လုပ်ကြပြီလေ။ ပစ္စည်းတွေက သူတို့လာပြတာလေ။ သူတို့လာပြတာ ကောင်းလိုက်တာ သုံးချင်လိုက်တာပဲ ရှိတာ သွင်းလို့မှ မရတာ။ သွင်းလို့မရဘူး Border  ကလည်း အခုက ကွန်တိန်နာလုံးတွေလည်း ပျောက်နေတာတွေ အများ ကြီးလေ။ အဲဒီ Border  က ကြောက်ဖို့ကောင်းတယ် နော်။ အလုံးလိုက်ပျောက်တာလေ။ 

မေး - အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ရှင့်။ 




                                                                              

                                        


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနိုင်ငံမှာ Tu-95 ဗုံးကြဲလေယာဉ်တစ်စင်းပျက်ကျပြီး လေယာဉ်အမှုထမ်း(၆)ဦးသေဆုံး

RELATED POSTS
RECENT POSTS
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved