ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်အတွက် နိုင်ငံခြားခရီးသွားများ (၁၀)ရက်ကြိုတင် ခွင့်ပြုချက်တင်ရမည်
ကိုဖြိုး (NSS) - စက်တင်ဘာ၂၉
ကျိုက်ထီးရိုးဘုရားဖူး ခရီးစဥ်များတွင် နိုင်ငံတကာမှ နိုင်ငံတကာခရီးသွားများအတွက် နယ်မြေလုံခြု့ရေးနှင့် ဘေးအန္တရယ်ကင်းရှင်းရေးအတွက် ပိတ်ရက်မပါ ဆယ်ရက်ကြိုတင် ခွင့်ပြုချက်တောင်းခံရမည်ဟု ယဉ်ကျေးမှု၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

ကျိုက်ထို မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးလှ၏ ကျိုက်ထီးရိုးစေတီတော်တည်ရှိရာဒေသသို့ နိုင်ငံခြားသားခရီးသည်များ လာရောက်ခွင့်ရှိသည့်အခြေအနေများဖြေလျှော့ပေးရန် (သို့) အလွယ်တကူဝင်ရောက်နိုင်ရန် ဆောက်ရွက်ပေးမည့်အစီအစဉ် ရှိ/မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
“လက်ရှိအချိန်မှာ ခရီးသွားကုမ္ပဏီများအတွက် နိုင်ငံခြားခရီးသည်များကို ပိတ်ရက်မပါ (၁၀)ရက် ကြိုတင်ခွင့်ပြု ချက်နဲ့ ကျိုက်ထီးရိုးဒေသကိုဝင်ရောက်ခွင့်ပြုနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသလို(၁၄)ရက် မဟုတ်ပါဘူး” ဟု ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ပြည်သူ့လွှတ်တော်တွင် ပြောသည်။
ကျိုက်ထီးရိုးဒေသသို့ နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှုမှာ ၂၀၂၅ ခုနှစ်တွင် (၅၀၀၀)ကျော် နှင့် ၂၀၂၆ ခုနှစ်လက်ရှိအချိန်အထိ (၄၄၀၀)ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်ကို ကမ္ဘာ့အမွေအနှစ်ယူနက်စကိုတင်ရန် ပြည်သူ့လွှတ်တော်က တိုက်တွန်းမည်
RELATED POSTS
08 Oct 2026 | ခရီးသွား,နိုင်ငံတကာ
08 Oct 2026 | ခရီးသွား,ပြည်တွင်း
07 Oct 2026 | ခရီးသွား,ပြည်တွင်း
06 Oct 2026 | ခရီးသွား,ပြည်တွင်း
