ထိုင်းရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှု အမေရိကန်ဒေါ်လာ (၃၂၀) သန်းကျော်ထိ ရှိနိုင်
ရောင်နီ (NSS) - စက်တင်ဘာ ၂၉
ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေခြင်းကြောင့် စီးပွားရေး ထိခိုက်ပျက်စီးမှုတန်ဖိုး အနည်းဆုံး ဘတ် (၁၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂၀ သန်းကျော်) ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စက်တင်ဘာ (၁၆) ရက်မှစ ထိုင်းနိုင်ငံရှိ ပြည်နယ် (၄၁) ခုမှာ မိုးသည်းထန်စွာရွာသွန်းပြီး စံချိန်တင် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လူအနည်းဆုံး (၈) ဦး သေဆုံးကာ နေအိမ်ပေါင်း ၅၈၀,၀၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။ မြို့တော်ဘန်ကောက်မြို့မှာလည်း မိုးရေချိန် (၃၂၀) မီလီမီတာခန့်အထိ ရွာသွန်းခဲ့တာကြောင့် ဘန်ကောက်မြို့ရှိ ရပ်ကွက်အများအပြား ရေလွှမ်းခဲ့ပြီး လူပေါင်း (၅,၉၀၁) ဦးကို ကယ်ဆယ်ရေးစခန်း (၂၃၄) ခုဆီ ရွှေ့ပြောင်းထားရကာ လူပေါင်း ၈၀,၀၀၀ ကျော် ရေဘေးသင့်နေရာတွေမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့တစ်ခုတည်း ရေကြီးမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ထိခိုက်ပျက်စီးမှုတန်ဖိုးဟာ ဘတ် (၇) ဘီလီယံခန့်ရှိပြီး ရေကြီးမှုကြောင့် နိုင်ငံတစ်ဝန်း စီးပွားရေးထိခိုက် ပျက်စီးမှုကတော့ ဘတ် (၁၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂၀ သန်းကျော်) အနည်းဆုံး ရှိနိုင်တယ်လို့ Rangsit တက္ကသိုလ်မှ စီးပွားရေးပညာရှင် အက်ပီဆမ်ဝါနစ်ချ် က ခန့်မှန်းထားပါတယ်။ ရေကြီးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် အာဏာပိုင်တွေက ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီး အစားအသောက်နဲ့အခြေခံလိုအပ်ချက်တွေ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AI နည်းပညာနဲ့ပတ်သက်တဲ့စိုးရိမ်ပူပန်မှုတွေကို အလေးအနက်ထားသင့်တယ်လို့ ပုပ်ရဟန်းမင်းကြီး Leo XIV ပြော
RELATED POSTS
08 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
05 Nov 2026 | အထွေထွေ,ပြည်တွင်း
