လာမယ့်(၂)ရက်၊ (၃)ရက်အတွင်း ဘန်ကောက်မြို့မှာ ရေပြန်ကျသွားနိုင်ခြေရှိတယ်လို့ ထိုင်းအစိုးရ ခန့်မှန်း
Pika (NSS) - စက်တင်ဘာ ၂၉
နောက်ထပ် မိုးရွာသွန်းမှုတွေ မရှိတော့ဘူးဆိုရင် ဘန်ကောက်မြို့မှာ ကျန်ရှိနေတဲ့ရေတွေက လာမယ့်အချိန်(၂)ရက်ကနေ(၃)ရက်အတွင်း ကျသွားနိုင်ခြေရှိတယ်လို့ ထိုင်းအစိုးရက ခန့်မှန်းပြောဆိုထားပါတယ်။
ဒါ့ပြင် ရေကြီးရေလျှံမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ ရေရှည်စီမံကိန်းတွေကို ထိုင်းအစိုးရအဖွဲ့က ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မိုးရေချိန်(၃၂၀)မီလီမီတာခန့် ရွာသွန်းခဲ့တာဖြစ်ပြီး နေရာအနှံ့အပြားမှာ ရေကြီးမှုတွေဖြစ်ပွားခဲ့တာကြောင့် ဘေးအန္တရာယ်ဇုန်အဖြစ် ထုတ်ပြန်ကြေညာခဲ့ရတာလည်းဖြစ်ပါတယ်။

ရေကြီးမှုတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာသန်း(၃၂၀)ကျော် ရှိလိမ့်မယ်လို့လည်း အာဏာပိုင်တွေက ခန့်မှန်းပြောဆိုထားကြပါတယ်။
ရေကြီးမှုတွေအတွင်း ဘန်ကောက်ရဲ့အဓိက လေဆိပ်တွေက ဆက်လက်လည်ပတ်ခဲ့ပေမယ့်လည်း Suvarnabhumi လေဆိပ်မှာ ခရီးသည်တွေရဲ့အိတ်တွေ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအချို့မှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။

လက်ရှိအချိန်မှာလည်း လေဆိပ်အတွင်းက လျှောက်လမ်းတွေမှာ ခရီးသည်တွေရဲ့အိတ်ရာပေါင်းများစွာ စုပုံတန်းစီလျက်ရှိနေဆဲဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။
ဒါ့ပြင် စက်တင်ဘာလ(၂၆)ရက်နဲ့(၂၇)ရက်အတွင်း ပြေးဆွဲခဲ့တဲ့လေယာဉ်ခရီးစဉ်(၅၂)ခုက ခရီးသည်တွေရဲ့အိတ်တွေကို သက်ဆိုင်ရာခရီးသည်တွေဆီ ပို့ဆောင်ပေးလျက်ရှိတယ်လို့လည်း Thai Airways လေကြောင်းလိုင်းကပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေဆောင်မြို့ တွင် (၂၅၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ဆွေးနွေး
RELATED POSTS
08 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
05 Nov 2026 | အထွေထွေ,ပြည်တွင်း
