သုံ့ပန်းဗီဒီယိုကို အွန်လိုင်းလွှင့်တင်ခြင်း စစ်ရာဇဝတ်မှုနှင့် မီဒီယာ ပူးပေါင်းကြံစည်ခြင်း (ဆောင်းပါး)
Htay Oung (NSS) - စက်တင်ဘာ ၂၉
မကြာသေးခင်က ရခိုင်ပြည်နယ် ပုဏ္ဏား ကျွန်းပဋိပက္ခအတွင်း လက်ရဖမ်းဆီးရမိတဲ့ မြန်မာ့ တပ် မတော်စစ်မှုထမ်းများဆိုသူ (၂)ဦးရဲ့ဗီဒီယိုကို အာရက္ခတပ် AA က လူမှုကွန်ရက်မှာ ထုတ်လွှင့်သွားပါ တယ်။ ၎င်းတို့ဟာ အမှတ်(၁၀၁)ခြေမြန်တပ်မဌာန ချုပ်လက်အောက်ခံ အမှတ်(၂၅၂)ခြေလျင်တပ်ရင်းမှ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ထိုးစစ်အတွင်း တွေ့မြင်သမျှ မိန်းမ၊ လူကြီး၊ ကလေးမကျန်သတ်ဖြတ်ရန် အမိန့်ရရှိထားတယ်လို့ ၎င်းတို့နှစ်ဦးရဲ့ ပြောကြားချက်ကိုဖော်ပြထားတယ်။ အဲဒီဗီဒီယိုကိုပဲ DVB, Irrawaddy တို့က ထပ်မံထုတ်လွှင့်ကြောင်းတွေ့ရှိရပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာပြည်အရပ်ရပ် မြို့ကြီးတွေမှာ အနောက်တံခါးမှစစ်ဘေးရှောင် တွေ သိန်းသောင်းချီရောက်ရှိနေပြီး ၎င်းတို့ကျွမ်းကျင်ရာ အေးချမ်းစွာလုပ်ကိုင်စားသောက်နေထိုင် လျက်ရှိကြပါတယ်။ ဒါကြောင့် လူမျိုးရေးအရ ပြည်မကြီးအတွင်း ရောက်ရှိနေသူတွေကိုကျော်လွန်ပြီး ပြည်နယ်အတွင်းကျန်ရှိနေသူအားလုံးကို သိမ်းကျုံးသတ်ဖြတ် ဖို့မလိုအပ်ကြောင်း၊ AA အနေဖြင့် လူမျိုး ရေး ဩအကြောက် တရားနဲ့မုန်းတီးမှုဖြစ်စေဖို့ တမင်ဖန်တီးခြင်းဖြစ်ကြောင်း အလွယ်တကူသိရှိနိုင်ပါ တယ်။
ဒီနေရာမှာ စစ်ပွဲ-လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး လိုက်နာကျင့် သုံးနေတဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ/သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာကွန်ဗင်းရှင်း တွေရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာဥပဒေ (International Humanitarian Law - IHL) သို့မ ဟုတ် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာဥပဒေ (Law of Armed Conflict - LOAC) လို့ ခေါ်ပါတယ်။

(၁၉၄၉) ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions of 1949) (၄)ခုရှိနေပြီး နောက်ဆက် တွဲစာချုပ်တွေအနေနဲ့ (၁၉၇၇) ခုနှစ်မှာ ပရိုတိုကော(၂)ခု၊ (၂၀ဝ၅)ခုနှစ်မှာ (၁)ခု၊ စုစုပေါင်း (၃)ခုကိုထပ် မံဖြည့်စွက်ခဲ့ပါတယ်။ (၁၈၉၉)ခုနှစ်၊ (၁၉၀၇)ခုနှစ် “သည်ဟိဂ်ကွန်ဗင်းရှင်းများ” မှာ စစ်ပွဲအတွင်း အသုံး ပြုမယ့် လက်နက်အမျိုးအစား၊ တိုက်ခိုက်မှုနည်းလမ်းတွေကိုကန့်သတ်ဖို့ ပြဋ္ဌာန်းထားပါတယ်။ ကုလ သမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ရဲ့နောက်ဆက်တွဲအနေနဲ့ ကလေးစစ် သည်မွေးမြူမှု တားမြစ်ချက်၊ ဓာတုလက်နက်၊ မိုင်းအမျိုးမျိုးတားမြစ်ရေး အထူးစာချုပ်တွေလည်း ရှိပါ တယ်။
မြန်မာနိုင်ငံရဲ့ နှစ်(၈၀)နီးပါး လက်ရှိပဋိ ပက္ခဟာ နိုင်ငံတစ်ခုနဲ့တစ်ခု တိုက်ခိုက်တာမျိုးမဟုတ် ဘဲ “နိုင်ငံတကာအဆင့်မဟုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခ” (Non-International Armed Conflict - NIAC) ပြည်တွင်းကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဂျီနီဗာကွန်ဗင်းရှင်း(၄)ခုစလုံးကို (၁၉၉၂)ခုနှစ်မှာ လက်မှတ်ရေးထိုးအတည်ပြုထားပါတယ်။ ဒါကြောင့် ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်အားလုံးကို ပြည်တွင်း စစ်ပွဲမှာပါဝင်နေတဲ့ မြန်မာတပ်မတော်ကိုယ်တိုင်သာမက၊ စာချုပ်မှာ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ NUG/PDF နှင့် ULA/AA အပါအဝင် အစိုးရမဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs များ အားလုံးလည်း အကျုံးဝင်သွားပါတယ်။
ဒါပေမဲ့ ဂျီနီဗာကွန်ဗင်းရှင်း Common Article 3 အထွေထွေ အပိုဒ်-၃ အရ စာချုပ်မှာ လက်မှတ် ထိုးသည်ဖြစ်စေ/မထိုးသည်ဖြစ်စေ အခြေခံအချက်(၄)ချက်ကို မပျက်မကွက် တရားဝင်လိုက်နာဖို့ တာဝန်ရှိတယ်လို့ ရှင်းလင်းပြတ်သားစွာ ပြဋ္ဌာန်းထားပါတယ်။ (၁)တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်ခြင်း မရှိတော့သူ (လက်နက်ချသူ၊ သုံ့ပန်း၊ ဒဏ်ရာရသူနဲ့ အရပ်သားပြည်သူတွေ)အားလုံးကို လူမျိုး၊ ဘာသာ၊ နိုင်ငံရေးအယူဝါဒ ခွဲခြားမှုမရှိဘဲ လူသားဆန်စွာအစဉ် အမြဲ မဖြစ်မနေစောင့်ရှောက်ရပါမယ်၊ (၂)၎င်းတို့ ကိုသတ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြတ်တောက်ခြင်း၊ ရက်စက်စွာဆက်ဆံခြင်းနဲ့ ရုပ်ပိုင်း/ စိတ် ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို လုံးဝမပြုလုပ်ရပါ။ (၃) မိမိတို့ရဲ့လိုလားချက်တစ်ခုခုအတွက် ဖမ်းဆီးရမိထားသူတွေကို ဓားစာခံအဖြစ်ထားရှိခြင်း၊ ခြိမ်းခြောက်ခြင်း၊ အထူးသဖြင့် ဖမ်းဆီးခံထားရသူ တွေကို ဂုဏ်သိက္ခာညှိုးနွမ်းစေရန် အများပြည်သူရှေ့မှောက် အရှက်ခွဲခြင်း၊ ကဲ့ရဲ့ရှုတ်ချခြင်းနဲ့ ဝါဒဖြန့်ချိ ရေးအတွက် ကင်မရာရှေ့မှာ သရုပ်ပြဝန်ခံခိုင်းခြင်းမျိုး လုံးဝမပြု လုပ်ရပါဘူး။ (၄) တရားမျှတမှု အပြည့် အဝရှိကြောင်း အများပြည်သူလက်ခံတဲ့ တရားရုံးရဲ့ ကြိုတင်စီရင် ချက်မပါဘဲ ပြစ်ဒဏ်ပေးခြင်း သို့မ ဟုတ် ကွပ်မျက်ခြင်း လုံးဝမပြုလုပ်ရပါဘူး။
Common Article 3 အပါအဝင် IHL စစ်ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်းဟာ စစ်ရာဇဝတ်မှု (War Crimes) မြောက်ပါတယ်။ ဖောက်ဖျက် ကျူးလွန်တဲ့အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ၊ အမိန့်ပေးသူ များမှသည် မြေပြင်လက်တွေ့အကောင်အထည်ဖော်သူတွေအထိ နာမည်ပျက်စာရင်းသွင်းခံရနိုင်ပါ တယ်။ နိုင်ငံတကာရာဇဝတ်မှုခင်းအဖြစ်သတ်မှတ် ခံရပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ရာဇဝတ်ကောင်အဖြစ် သက်သေအထောက် အထားတွေနဲ့သတ်မှတ်ပါလိမ့်မယ်။ ဂျီနီဗာ ကွန် ဗင်း ရှင်းချိုးဖောက်သူတွေဟာ ကမ္ဘာ့ဘယ်နိုင်ငံကိုမဆို သွားရောက်ပါက အဲဒီနိုင်ငံတွေရှိ တရားရုံးတွေ က ဖမ်းဆီးတရားစွဲဆို အပြစ်ပေးပိုင်ခွင့်ရှိပါတယ်။ စစ်ဥပဒေချိုးဖောက်တဲ့ဘယ်အဖွဲ့အစည်းမဆို နိုင်ငံတ ကာ စီးပွားရေး၊ စစ်ရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပြီး၊ အနာဂတ်နိုင်ငံရေးအခင်းအကျင်းမှာ တရား ဝင်အစိုးရ သို့မဟုတ် အဖွဲ့အစည်းအဖြစ် ကမ္ဘာကအသိအမှတ်ပြုမှု ရရှိတော့မှာမဟုတ်ပါ။
စစ်ဥပဒေချိုးဖောက်သူတွေအတွက် သက်တမ်းကန့်သတ်ချက်မရှိဘဲ နှစ်ပေါင်းများစွာကြာမှ ဖမ်း ဆီးအရေးယူခံရတဲ့ နိုင်ငံတကာသာဓကတွေ ရှိပါတယ်။ သက်သေခိုင်လုံပါက အသက်ကြီးရင့်ချိန် အထိ လိုက်လံဖမ်းဆီးပြီး တရားစွဲဆိုလေ့ရှိပါတယ်။ (၁၉၉၀) ပြည့်လွန်နှစ်များအတွင်း ဘော့စနီးယားစစ်ပွဲ “ဆာရာယေဗို သားသတ်သား” ဆာ့ဘ်စစ်ဗိုလ်ချုပ် ရက်ကိုမလာဒစ်ကို နှစ်(၂၀)ကြာမှဖမ်းဆီးရမိပြီး ကုလသမဂ္ဂခုံရုံး (ICTY) က ရာသက်ပန် ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ ခမာနီခေါင်းဆောင် ကန်ဂတ် အိဗ် ခေါ် ရဲဘော်ဒုခ်ဟာ ကမ္ဘောဒီးယားကို ခမာနီအုပ်စိုး စဉ် (၁၉၇၀)ပြည့်လွန်နှစ်များအတွင်း ညှဉ်းပန်းနှိပ် စက်ရေးစခန်းတွေကို ကွပ်ကဲပြီး လူထောင်ပေါင်းများစွာကို ဥပဒေမဲ့ကွပ်မျက်ခဲ့တယ်။ စစ်ပွဲပြီးနောက် နှစ်ပေါင်း (၃၀)နီးပါး ပုန်းအောင်းနေခဲ့သော်လည်း (၂၀ဝ၉)ခုနှစ်မှာ ကုလသမဂ္ဂနဲ့ ကမ္ဘောဒီးယားအထူး ခုံရုံး (ECCC) က တရားစွဲဆိုခဲ့ပြီး၊ (၂၀၁၂) ခုနှစ်မှာ ရာသက်ပန် ထောင်ဒဏ်ချမှတ်ခဲ့ကာ ထောင်တွင်းမှာပဲ သေဆုံးသွားခဲ့တယ်။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီအကျဉ်းစခန်းတွေမှာ သုံ့ပန်းတွေနဲ့ဂျူးလူမျိုးတွေကို နှိပ်စက် သတ် ဖြတ်ခဲ့တဲ့စခန်းစောင့်တွေ၊ အရာရှိတွေကို ဂျာမနီနဲ့ နိုင်ငံတကာတရားရုံးတွေက သက်တမ်းကန့်သတ် ချက်မထားဘဲ လိုက်လံဖမ်းဆီးခဲ့ပါတယ်။ (၂၀၂၂) ခုနှစ်က အသက် (၉၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာဇီစခန်း စောင့်ဟောင်း အမျိုးသမီး အီရန် ဂတ်ဖာ့ခ်နာကို အသက်ကြီးရင့်နေပြီဖြစ်ပေမယ့် သူ (၁၈-၁၉) နှစ် အ ရွယ် စစ်ရာဇဝတ်မှုမှာ ကြံရာပါအဖြစ်တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အဲဒီအကြောင်းကို သတင်းအဖြစ်တင်ပြတဲ့အခါ “ဖမ်းဆီးခံရသူတွေကို ဗီဒီယိုနဲ့ လူသိရှင်ကြား ဖော်ပြခြင်း” နဲ့ “မီဒီယာက အဲဒီဗီဒီယိုကို သတင်းအဖြစ်ပြန်လည်ဖြန့်ဝေခြင်း” ဆိုပြီး နှစ်ပိုင်း ခွဲကြည့်ရပါ မယ်။
AA အနေနဲ့ ဖမ်းဆီးခံသူတွေကို ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်ပေါ်မှာဖြန့်ဝေခြင်းအတွက် Geneva Convention အရ ပြဿနာဖြစ်လာပါတယ်။ မြန်မာပြည်ရဲ့ NIAC အခြေအနေမှာ ဖမ်းဆီးခံသူ တိုင်းကို ဥပဒေအရ Prisoner of War “POW” စစ်သုံ့ပန်းလို့ တန်းပြီးသတ်မှတ်နိုင်ခြင်းမရှိပါ။ ဒါပေမဲ့ Common Article 3 အရ လက်နက်ချသူ၊ ဖမ်းဆီးခံရသူ စတဲ့ hors de combat (ထိခိုက် ဒဏ်ရာရထား သဖြင့်တိုက်ပွဲမဝင်နိုင်တော့သူ) ပုဂ္ဂိုလ်တွေကို လူသားချင်းစာနာစွာဆက်ဆံရမယ်ဆိုတဲ့ အခြေခံတာဝန် ရှိပါတယ်။
မီဒီယာက အဲဒီဗီဒီယိုကိုပြန်လွှင့်တဲ့အခါ AA က ဒီအတိုင်းပြောတယ်လို့ဖော်ပြရုံနဲ့ မရပါ။ အဖွဲ့ အစည်းတစ်ခုက ဖမ်းဆီးခံ POW ရဲ့ ပုံ/ကိုယ်ရေးအချက်အလက်ကို မီဒီယာထံပေးအပ်လိုက်တာနဲ့ မီဒီ ယာက အလိုအလျောက် ပြန်လည်ထုတ်လွှင့်ခွင့် ရရှိသွားခြင်း မဟုတ်ကြောင်း၊ အများပြည်သူအကျိုး စီးပွားနဲ့ဆက်စပ်ပြီး အလွန်နက်ရှိုင်းတဲ့အကြောင်းရှိမှသာ လိုအပ်သလောက် ကန့်သတ်အသုံးပြုသင့်ပြီး၊ ဖြစ်နိုင်ရင် မျက်နှာ၊ အသံနဲ့ ထင်ရှားတဲ့အမှတ်အသားကို ဖုံးကွယ်သင့်ကြောင်း ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီးက အတိအကျတိုက်တွန်းထားပါတယ်။
အရပ်သားတွေကိုသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ဟာ အများပြည်သူစိတ်ဝင်စား တဲ့သတင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သတင်းကျင့်ဝတ်အရ ဒီသတင်းရဲ့မူလရင်းမြစ်ဟာ AA ဖြစ်ကြောင်း၊ ဖော်ပြပါပုဂ္ဂိုလ်(၂)ဦးဟာ မြန်မာ့တပ်မတော်မှအမှုထမ်းများဖြစ်ပြီး မိမိတို့အနေနဲ့ လွတ်လပ်စွာ သီးခြား အတည်ပြုနိုင်ခြင်းမရှိကြောင်း ထည့်သွင်းဖော်ပြရပါမယ်။

SPJ Code of Ethics ခေါ် ပရော်ဖက်ရှင်နယ်ဂျာနယ်လစ်များကျင့်ဝတ်အရ သတင်းထုတ်လွှင့် ခြင်းမတိုင်မီ အတည်ပြုချက်ရယူရန်၊ မူရင်းဖော်ပြချက်များအတိုင်းမှ တိမ်းစောင်းလွဲချော်ခြင်း မရှိစရန်၊ စွပ်စွဲခံရသူဘက်ကို တုံ့ပြန်ခွင့်ပေးရန် သတ်မှတ်ထားပါတယ်။ ဒါ့ပြင် လူတစ်ဦးချင်းစီအပေါ် ဖြစ်လာနိုင် တဲ့ထိခိုက်မှုကိုလည်း ချိန်ဆရမယ်လို့ဆိုပါတယ်။
အထူးအရေးကြီးတာက ဖမ်းဆီးခံသူကိုယ်တိုင် ဗီဒီယိုရိုက်ကူးရန်ဆန္ဒရှိသယောင် ထင်မှတ်ရရင် တောင် အဲဒီလောက်နဲ့ တရားဝင်ဖြစ်သွားခြင်း မဟုတ်ကြောင်း၊ ဖမ်းဆီးခံသူဟာ ဖမ်းဆီးထားသူရဲ့ အမိန့် အာဏာအောက်မှာ အသက်ရှင်နေရခြင်းကြောင့်ဖြစ်ကြောင်း၊ AA က ၎င်းတို့ကိုယ်တိုင် စစ်သား ဖြစ် ကြောင်းဝန်ခံတယ်လို့ ဗီဒီယိုထုတ်ပြခြင်းဖြစ်သည့်တိုင် အတည်ဖြစ်မသွားပါ။ “ဖမ်းဆီးခံသူရဲ့ အချက် အလက်တွေကို လူအများရှေ့ထုတ်ပြရာ ရောက်တဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာဥပဒေအရ အလွန်ကြီးမားတဲ့ပြဿနာ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်က အရပ်သား၊ ကလေး-လူကြီးအားလုံးကို သတ်ဖြတ်ဖို့အမိန့်ပေးခဲ့ကြောင်း မီဒီယာက ကြားဝင်အတည်ပြုသလိုရေးနေရင်တော့ သတင်းမီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ရာရောက်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမယ့်(၂)ရက်၊ (၃)ရက်အတွင်း ဘန်ကောက်မြို့မှာ ရေပြန်ကျသွားနိုင်ခြေရှိတယ်လို့ ထိုင်းအစိုးရ ခန့်မှန်း
RELATED POSTS
08 Oct 2026 | ဆောင်းပါး,ပြည်တွင်း
08 Oct 2026 | ဆောင်းပါး,နိုင်ငံတကာ
