အမေရိကန်က အရှေ့အလယ်ပိုင်းကနေ နာနာကျင်ကျင်နဲ့ထွက်ခွာသွားရလိမ့်မယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင်ပြော
Pika (NSS) - စက်တင်ဘာ ၂၉
အမေရိကန်နိုင်ငံက နာကျင်စရာကောင်းတဲ့ ထိုးနှက်ချက်တွေကိုကြုံတွေ့ရပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင်းကနေ ထွက်ခွာသွားရလိမ့်မယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင်မို့ဂျ်တာဘာခါမေနီက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက အများပြည်သူရှေ့ထွက်ပေါ်လာခဲ့တာမျိုးမရှိခဲ့တဲ့ မို့ဂျ်တာဘာခါမေနီက အခုလိုမျိုးထုတ်ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

မို့ဂျ်တာဘာခါမေနီက "လက်ရှိအချိန်မှာ ရဲရင့်တဲ့တိုက်ခိုက်ရေးသမားတွေနဲ့ ဟော်မုဇ်ရေလက်ကြားကိုစောင့်ကြပ်သူတွေရဲ့လက်ချက်နဲ့ နာကျင်စရာကောင်းတဲ့ထိခိုက်ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပြီးနောက် ရန်သူတွေက အာရေးဗျပင်လယ်ကိုကျော်လွန်ပြီး မလာရဲကြတော့ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ရန်သူတွေဆိုတာက အမေရိကန်ဖြစ်တယ်လို့ တိုက်ရိုက်အမည်တပ်ဖော်ပြထားတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။ မို့ဂျ်တာဘာခါမေနီက "ရန်သူတို့က ဒီအန္တရာယ်ကိုရင်ဆိုင်ဖို့ကြိုးစားကြတိုင်းမှာ သူတို့ကိုယ်သူတို့ပဲ ပြန်လည်ထိခိုက်နစ်နာစေတာမျိုးတွေဖြစ်ခဲ့ပါတယ်။ မကြာခင်ကာလအတွင်းမှာ အာရေးဗျပင်လယ်ကလည်း ရန်သူတွေ ရှိနေမှုကနေ ကင်းဝေးသွားပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

အာရေးဗျကျွန်းဆွယ်ကနေ အရှေ့ဘက်ကမှာရှိတဲ့ အိန္ဒိယနိုင်ငံဆီကို ဆန့်ထွက်နေတဲ့ အာရေးဗျပင်လယ်ဟာ အီရန်နိုင်ငံရဲ့ကမ်းရိုးတန်းတွေနဲ့ဟော်မုဇ်ရေလက်ကြားဆီကို ဦးတည်သွားစေတဲ့ အဓိကရေကြောင်း စင်္ကြန်တစ်ခုလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အမေရိကန်နဲ့အီရန်တို့ကြား စစ်ပွဲတစ်ခု စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက နှစ်နိုင်ငံစလုံးက ဟော်မုဇ်ရေလက်ကြားအပေါ် ထိန်းချုပ်နိုင်ရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းနေခဲ့ကြတာလည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PDF များအတွက် တရားမဝင်ငွေကြေးရရှိနေသော လက်ပံတို-ကျောက်ခွက်ရေနံမြေက ရေနံတွင်းနေရာ (၁၃၀)ကျော်ကို တပ်မတော်ရှင်းလင်း
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
