ဧရာဝတီတွင် ရေဘေးသင့်အိမ်ထောင်စုမှ အမျိုးသမီး (၈၀၀) နီးပါးကို အမျိုးသမီးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
စိမ့်စမ်းရေ (NSS) - စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်အိမ်ထောင်စုများမှ အမျိုးသမီး (၈၀၀) နီးပါးကို အမျိုးသမီးသုံးပစ္စည်းများ (Dignity Kits) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုကို ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်) က အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသုံးပစ္စည်းများကို ကျုံပျော်မြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု (၂၈၀) မှ အမျိုးသမီး (၄၀၀) နှင့် ရေကြည်မြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု (၁၇၅) စုမှ အမျိုးသမီး (၃၅၀) စုစုပေါင်း (၇၅၀) အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ကုလားပဲ စသည့် စားသောက်ကုန်များကိုလည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယ-မြန်မာကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေး သုံးစွဲရန် ဦးစားပေးဆောင်ရွက်နေ
RELATED POSTS
08 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
05 Nov 2026 | အထွေထွေ,ပြည်တွင်း
