လျှပ်စစ်မီတာခိုးသုံးသည့် ရန်ကုန်ရှိ ရွိုင်ရယ် ဟိုတယ် ဒဏ်ငွေ ကျပ်(၁၃၈)သန်းကျော်ပေးဆောင်ရပြီး ပိုင်ရှင်နှင့် မန်နေဂျာတို့အား အမှုဖွင့်
ထိုက်စံ(NSS)- စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ လျှပ်စစ်မီတာခိုးသုံးသည့် ရွိုင်ရယ် ဟိုတယ်အား ဒဏ်ငွေ ကျပ်(၁၃၈)သန်းကျော်ပေးဆောင်စေပြီး ပိုင်ရှင်နှင့် မန်နေဂျာတို့အား အမှုဖွင့်အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တရားမဝင် ဓာတ်အား ခိုးယူသုံးစွဲမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးဖော်ထုတ် လျက်ရှိရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ရုံးချုပ်၊ ခရိုင်၊ မြို့နယ်ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးစဉ် ပြီးခဲ့သည့်(စက်တင်ဘာ ၂၄ ရက်) က စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း၊ အမှတ်(၂၃)၊ ရွိုင်ရယ် ခတ္တာဟိုတယ်သည် လျှပ်စစ်မီးခိုးယူ သုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မီတာအား ချက်ချင်း ဖြုတ်ယူသိမ်းဆည်းခဲ့ပြီး နိုင်ငံတော်မှ နစ်နာဆုံးရှုံးခဲ့သည့် ငွေကျပ် (၁၃၈ ဒသမ ၂၃၆) သန်းကို ပြန်လည်ပေးသွင်းစေရေးနှင့် လျှပ်စစ်ဥပဒေ နှင့် အညီ အရေးယူဆောင်ရွက်နိုင်ရန် ပိုင်ရှင်ဖြစ်သူ ဦးထက်အောင်လှိုင်၊ ဦးကျော်ခိုင်တို့နှင့် မန်နေဂျာ ဦးနေမင်းအောင် တို့ကို စမ်းချောင်းမြို့မ ရဲစခန်းတွင် အမှုအမှတ် (ပ-၃၉၉/၂၀၂၆) ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို စည်းကမ်း တကျသုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူသုံးစွဲမှုများတွေ့ရှိပါက Call Center များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ကြရန် အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသွားကဏ္ဍတွင် AI နှင့် ဒီဂျစ်တယ်နည်းပညာအသုံးပြုခြင်းသည် ကောင်းမွန်သည့် ခရီးသွားအတွေ့အကြုံရရှိနိုင်ပြီးနှင့် ခရီးသွားလုပ်ငန်းများ ဈေးကွက်ရှာဖွေမှုကောင်းမွန်နိုင်
RELATED POSTS
09 Nov 2026 | စီးပွားရေး,ပြည်တွင်း
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
