ရတနာဂီရိရောက် သီပေါမင်းကို အတုဟုပြောခြင်းသည် လက်ရှိနိုင်ငံတော်အကြီးအကဲအထိပင် သက်ရောက်မှု ရှိ
သုတကျော် (NSS) - စက်တင်ဘာ ၂၈
ရတနာဂီရိရောက်သီပေါမင်းကို အတုဟုပြောခြင်းသည် လက်ရှိ နိုင်ငံတော်အကြီးအကဲအထိ ပင် သက်ရောက်မှုရှိကြောင်း မြန်မာနိုင်ငံတော်ဝင်အနွယ်တော်များအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အနွယ်တော်တစ်ဦး မှ ရတနာဂီရိသို့ပါတော်မူသွားသည့်သီပေါမင်းမှာ ငချို ဆိုသူသာဖြစ်ကြောင်းနှင့် သီပေါမင်းအစစ်မဟုတ် ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သီပေါမင်းတွင် သမီးတော်(၄)ပါးရှိသည့်အနက် ပထမသမီးတော်နှင့် ဒုတိယသမီးတော်ကို မြနန်းစံကျော် ရွှေနန်းတော်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး တတိယသမီးတော်ကို ပါတော်မူစဉ် အိန္ဒိယနိုင်ငံ မဒရပ် မြို့တွင်မွေးဖွားကာ စတုတ္ထသမီးတော်ကို ရတနာဂီရိတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။

“အင်္ဂလိပ်တွေကလည်း ကမ္ဘာပတ်ပြီး သိမ်းခဲ့တာပဲလေ။ ဒီသီပေါမင်း အတုလား၊ အစစ်လား သူ ကောင်းကောင်းသိတာပေါ့။ ပြီးတော့ နောက် မင်းတုန်းမင်း၊ သီပေါမင်းလက်ထက်တွေတည်းက အင်္ဂ လိပ်၊ ပြင်သစ်တွေရဲ့သူလျှိုတွေက နန်းတွင်းထဲမှာ တောက်လျှောက်ရှိခဲ့တာပဲလေ။ တောက်လျှောက်ရှိခဲ့ တော့ ဒီဟာက သီပေါမင်းအတုနဲ့အစစ်ကို လိမ်လည်၊ လဲလှယ်ပြီးတော့ အင်္ဂလိပ်လက်ထဲထည့်လိုက်ဖို့ဆို တာမဖြစ်နိုင်ဘူးလေ။ ဒါ သမိုင်းအမှန်မဟုတ်ပါဘူး” ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။
တော်ဝင်အနွယ်တော်များအစည်းအရုံး ဘက်က ယင်းကိစ္စနှင့်ပတ်သက်၍ သီးသန့်ရှင်းလင်း ချက်ထုတ်ရန် အစီအစဉ်မရှိကြောင်းလည်း ၄င်းကဆို သည်။

“ပြီးတော့ ရတနာဂီရိမှာ နိုင်ငံတော်အကြီးအကဲတွေက အိန္ဒိယကိုသွားပြီး နှစ်ကြိမ်ပေါ့နော်။ သမ္မတကြီး ဦးသိန်းစိန်က တစ်ကြိမ်၊ အခုသမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ ဦးမြင့်ဆွေကတစ်ကြိမ် သွားပြီး တော့မှ သီပေါမင်းရဲ့ရုပ်အလောင်းကိုသွားပြီး ဂါရဝပြုတာရှိတယ်။ သူပြောသလို ဒီ ငချိုရဲ့အလောင်းကို သွားဂါရဝပြုတယ်ဆိုရင်တော့ နိုင်ငံတော်အကြီးအကဲတွေပါ သိက္ခာကျနေတယ်။ နိုင်ငံတော်သမ္မတ ဖြစ် တဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်နိုင်ငံက ဘုရင်အစစ်ပါသွားတာ ဟုတ်သလား၊ မဟုတ်ဘူးလားမသိတဲ့သဘောပါ ဖြစ်နေပြီ” ဟု ၎င်းကဆိုသည်။ မြန်မာ့သမိုင်းဖြစ်နေသည့်အတွက် ယဉ်ကျေးမှုရေးရာတာဝန်ရှိသူများ၊ ဆွေ တော်မျိုးတော်များ၊ နိုင်ငံတော်အကြီးအကဲများနှင့်ပါ သက်ဆိုင်နေကြောင်း ၎င်းကဆိုသည်။
“ဂေါဝိန်ဆိပ်မှာ ညအိပ်သေးတယ်လေ။ သင်္ဘောက ချက်ချင်းမထွက်သွားဘူး။ လိုက်ပါပို့ဆောင် တဲ့၊ သွားနှုတ်ဆက်တဲ့စာရင်းတွေရှိတယ်လေ။ နောက်ပြီးတော့ ဦးဘိုးလှိုင်တို့၊ ဦးကောင်းတို့ဆိုတာ သက် ရှိထင်ရှားရှိတယ်။ ဦးကောင်းက တချို့ကိစ္စတွေမှာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ကြံတာ လှည့်စား တာရှိလိမ့်မယ်။ ဒါပေမဲ့ အခု ဒီလို သီပေါမင်းအတုဆိုတာ လက်ခံမှာမဟုတ်ဘူး။ နောက်တစ်ခုက ဦးဘိုး လှိုင်ဆိုတာလည်း တကယ့်ကို သမာသမတ်ရှိတဲ့ အမတ်ကြီးပေါ့လေ။ သီပေါမင်းတင်မကဘူး မင်းတုန်း မင်း၊ သာယာဝတီမင်းအထိ မီတဲ့ပုဂ္ဂိုလ်တွေလေ။ အဲဒီလိုမျိုးဆိုတော့ တစ်နှစ်နဲ့သုံးလ သီပေါမင်းအစစ် ကနေပြီး ကျန်တဲ့ ငါးနှစ်ကိုးလက တိုင်းပြည်ကို ငချို ဘုရင်တက်လုပ်တာဖြစ်နိုင်ပါ့မလား။ စုဘုရားလတ် က ကြည်ဖြူလို့ ရတနာဂီရိပါတယ်ထားဦး တိုင်းပြည်က ငါးနှစ်ကိုးလကို ရာဇပုလ္လင်ပေါ် ဘယ်သူက လက်ခံမှာလဲ”ဟု ၎င်းကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သန်လျင်ရေနံချက်စက်ရုံမှ ထုတ်လုပ်မည့် ပမာဏပေါ်မူတည်၍ ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကို ဖြည်းဖြည်းချင်း လျှော့ချမည်
RELATED POSTS
28 Sep 2026 | ဗဟုသုတ,ပြည်တွင်း
27 Sep 2026 | ဗဟုသုတ,နိုင်ငံတကာ
30 Aug 2026 | ဗဟုသုတ,နိုင်ငံတကာ
26 Jul 2026 | ဗဟုသုတ,ပြည်တွင်း
