အသက် (၁၁) နှစ်အရွယ် ဂျပန်ကစားသမားက အာရှအားကစားပြိုင်ပွဲမှာ e-Sports ရွှေတံဆိပ်ဆုရ
ရောင်နီ (NSS) - စက်တင်ဘာ ၂၇
ဂျပန်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် e-Sports ကစားသမားလေး ယုကီကူရီဟာရာ ဟာ စက်တင်ဘာ (၂၆) ရက်က ကျင်းပတဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ Puyo Puyo Champions ဂိမ်းနဲ့ ရွှေတံဆိပ်ဆွတ်ခူးခဲ့ပါတယ်။
အာရှအားကစားပြိုင်ပွဲသမိုင်းမှာ အိမ်ရှင်ဂျပန်နိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တဲ့ အသက်အငယ်ဆုံး အားကစားသမားဖြစ်တဲ့ ယုကီ ဟာ ဖိုင်နယ်မှာ တောင်ကိုရီးယားက အသက် (၂၄) နှစ်အရွယ် ကွမ်ဒုန်ရှင်း ကို ၁၀-၂ မှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ Puyo Puyo Champions ဟာ ရောင်စုံပုံစံ အတုံးလေးတွေကို အစီအစဉ်တကျ စီပြီး ဖယ်ရှားရတဲ့ puzzle game တစ်မျိုးဖြစ်ပါတယ်။ ယုကီဟာ ဆီမီးဖိုင်နယ်မှာ ထိုင်းနိုင်ငံက အသက် (၂၈) နှစ်အရွယ် တာနာရက်ခ်ဝမ်ကစ်ခွန် ကို ၁၀-၁ မှတ်နဲ့ အနိုင်ယူပြီး ဖိုင်နယ်တက်ခဲ့ပြီး နောက်ဆုံးပြိုက်ဘက်ကို ၁၀-၂ မှတ်နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ရွှေတံဆိပ်ရရှိပြီးနောက် ယုကီ က “အရမ်းပျော်ပါတယ်၊ ရွှေတံဆိပ်က လှပပြီး တောက်ပသလို လေးလည်းလေးတယ်” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲအပြီး အရမ်းရှက်နေခဲ့တာကြောင့် သူ့မျက်နှာအမူအရာကို သိပ်မပြနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

ယုကီဟာ မူလတန်းကျောင်း စတက်တဲ့နှစ်မှာ Puyo Puyo ကို စတင်ကစားခဲ့ပြီး မကြာခင်မှာပဲ ပြိုင်ပွဲတွေ ဝင်ရောက်ကာ ဆုတွေ ရရှိလာခဲ့ပါတယ်။ ယခုနှစ် ဧပြီလကတည်းက Professional Licence ရရှိခဲ့ပြီး အရွယ် ရောက်ပြီးသူတွေနဲ့ ယှဉ်ပြိုင်ရာမှာလည်း မကြာခဏ အနိုင်ရနေသူဖြစ်ပါတယ်။ ကျောင်းစာ၊ ကျူရှင်နဲ့ e-Sports လေ့ကျင့်မှုတွေကို တစ်ပြိုင်နက်တည်းလုပ်ရတာ ခက်ခဲပေမယ့် ကစားရတာ အရမ်းပျော်စရာကောင်းတယ်လို့ ယုကီက ပြောထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ(၂၇)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
RELATED POSTS
04 Nov 2026 | အားကစား,ပြည်တွင်း
03 Nov 2026 | အားကစား,ပြည်တွင်း
03 Nov 2026 | အားကစား,နိုင်ငံတကာ
03 Nov 2026 | အားကစား,ပြည်တွင်း
