အင်ဒိုနီးရှားတောမီးတွေကြောင့် မျိုးသုဉ်းအန္တရာယ်ရှိ အော်ရန်ဂူတန်မျောက်ဝံများ ထိခိုက်နိုင်
ရောင်နီ (NSS) - စက်တင်ဘာ ၂၇
အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းရှိ အပူပိုင်းသစ်တောတွေမှာ တောမီးလောင်ကျွမ်းမှုတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် မျိုးသုဉ်း အန္တရာယ်ရှိ အော်ရန်ဂူတန် လိမ္မော်ရောင် မျောက်ဝံတွေအတွက် အန္တရာယ်ပိုများ လာနေတယ်လို့ International Union for Conservation of Nature (IUCN) က စက်တင်ဘာ (၂၆) ရက်မှာ ပြောကြားပါတယ်။

လက်ရှိတောမီးတွေဟာ ဘော်နီယိုရှိ အော်ရန်ဂူတန် မျောက်ဝံ (၅၂) ရာခိုင်နှုန်း နေထိုင်ရာဒေသတွေမှာ လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။ IUCN ရဲ့အဆိုအရ မီးခိုးနဲ့ မီးလောင်မှုကြောင့် အော်ရန်ဂူတန်တွေရဲ့ ကျန်းမာရေး၊ အပြုအမူနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ မျောက်ဝံတွေဟာ မီးခိုးမြူတွေနဲ့ နေထိုင်နေရချိန်မှာ အစာပိုစားပြီး အနားယူချိန်ပိုများလာပေမယ့် ခန္ဓာကိုယ်အတွင်း အဆီတွေ လျော့ကျလာတာကိုတွေ့ရှိရတာကြောင့် ကိုယ်ခံအားစနစ် ပိုမိုအားထုတ်လုပ်ဆောင်နေရတယ်လို့ ယူဆထားပါ တယ်။ ဒါအပြင် စူမားတြားနဲ့ဘော်နီယိုဒေသတွေရှိ မျောက်လွှဲကျော် မျိုးစိတ် (၅) မျိုး နေထိုင်ရာ ဒေသတွေမှာ လည်း တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားနေပြီး မီးခိုးကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာထိခိုက်မှုနဲ့ နေထိုင်ရာဒေသဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ထိန်းသိမ်းရေးအဖွဲ့တွေက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအပြင် တောမီးလောင်ကျွမ်းမှု ထပ်မံ မဖြစ်ပွားစေဖို့ peatland တွေကို ထိန်းသိမ်းခြင်း၊ ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်း၊ သစ်တောပြုန်းတီးမှုကို ထိန်းချုပ်ခြင်းနဲ့ ပျက်စီးသွားတဲ့သစ်တောတွေကို ပြန်လည်ထူထောင်ခြင်းတို့ကို ရေရှည်လုပ်ဆောင်ဖို့ တိုက်တွန်း ထားတယ်လို့ သိရပါတယ်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက် (၁၁) နှစ်အရွယ် ဂျပန်ကစားသမားက အာရှအားကစားပြိုင်ပွဲမှာ e-Sports ရွှေတံဆိပ်ဆုရ
RELATED POSTS
28 Sep 2026 | ဗဟုသုတ,ပြည်တွင်း
27 Sep 2026 | ဗဟုသုတ,နိုင်ငံတကာ
30 Aug 2026 | ဗဟုသုတ,နိုင်ငံတကာ
26 Jul 2026 | ဗဟုသုတ,ပြည်တွင်း
