TIME မဂ္ဂဇင်း က မပြောသော ‘အမှန်တရား’
သုတကျော် (NSS) - စက်တင်ဘာလ ၂၇
TIME မဂ္ဂဇင်းသည် နိုင်ငံတော်သမ္မတနှင့် အင်တာဗျူးမလုပ်မီကပင် ဆောင်းပါးအကြမ်းရေး သားပြီးဖြစ်ပုံရ သည်။ အဘယ်ကြောင့်ဆိုသော် ခေါင်းစဉ်တွင်ဦးတည်ထားလင့်ကစား နိုင်ငံတော်သမ္မတသည် ဇာတ်ပို့ဖြစ်သွားသောကြောင့်ပင်။ 
နိုင်ငံတော် သမ္မတရုံး၊ သတင်းနှင့်ပြန်ကြားရေး ဗျူရိုကထုတ်ပြန်သောဗီဒီယိုအရ နိုင်ငံတော်သမ္မတနှင့် TIME မဂ္ဂဇင်းတို့အင်တာဗျူးမှာ (၃၂)မိနစ်ကျော် ကြာခဲ့သည့်တိုင် ဆောင်းပါးတွင်ထည့်သုံးထားသည့် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်မှာ (၂)မိနစ်၊ (၃) မိနစ်ခန့်ပင်မရှိကြောင်း တွေ့ရသည်။
သို့သော် ဆောင်းပါးတွင်ဖော်ပြရန်အတွက် အင်တာဗျူးလုပ်ခွင့်ရရှိရန် TIME မဂ္ဂဇင်း၏ ရိုကျိုးသော ခွင့်တောင်း စာဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ စင်ကာပူနိုင် ငံဆိုင်ရာမြန်မာသံရုံး၏ သံရုံးတာဝန်ခံထံ လိပ်မူပေးပို့ သော ဧပြီလ (၂၈)ရက် နေ့စွဲပါစာအတွင်း “ဦးမင်းအောင်လှိုင်၏ ပြတ်သားသော ရွေးကောက်ပွဲအနိုင်ရရှိမှု”၊ “တည်ငြိမ်အေးချမ်းမှုကို ပြန်လည် ဖော်ဆောင်ပေး မည့်လမ်းပြမြေပုံနှင့်အစီအစဉ်များကို ရှင်းလင်းပြော ကြားနိုင်မည့်အခွင့်အရေး”ဟူသောစကားလုံးတို့ကို သုံးစွဲခဲ့သည်။
ထို့ပြင် တွေ့ဆုံခွင့်ရပါက သမ္မတဟောင်း ဦးသိန်းစိန်ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် ဖော်ပြခံခဲ့ရသ ကဲ့သို့ဖော် ပြပေးပါမည်ဟုလည်း ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုများကို အဘယ် ကြောင့်ရုပ်သိမ်း သင့်ကြောင်း သမ္မတဒေါ်နယ်ထရမ့်နှင့်အမေရိကန်ပြည်သူများထံ ရှင်းလင်းပြောကြားနိုင် မည်ဟုလည်းဆိုခဲ့သည်။ ထို့ပြင် အင်တာဗျူးခွင့်ရရှိ ရန်အတွက်လည်း ကာယကံမြောက် အောက်ကျို့ခံခဲ့ပုံ ရပေသည်။ တစ်နပ်စားကြံသည်ဟု ဆိုရပေတော့မည်။
အင်တာဗျူးမေးမြန်းရာတွင်လည်း အစချီသည် ကပင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်နေသောအခြေအနေ၊ တာဝန် ထမ်းဆောင်မှုအခြေအနေတို့အတွက်ဟု ဆိုသည်။ သို့သော် ဆောင်းပါးတွင်ကား ယင်းနှင့်မတူတော့ပေ။
အနောက်နိုင်ငံမှမီဒီယာတို့သည် အင်တာဗျူး လုပ်ရာတွင် တန်ပြန်မေးခွန်းထုတ်ခြင်းမျိုးရှိ၏။ တစ်ဖက်လူ ဒေါသထွက်စေရန် မေးခွန်းဖြင့်ဆွပေးခြင်းမျိုး လည်းရှိ၏။ ထို့ကြောင့် အချို့ဆိုလျှင် အင်တာဗျူးလုပ် နေရင်း ဒေါသ ထွက်သွားခြင်းမျိုးလည်းရှိသည်။ သို့သော် TIME ကား သမ္မတနှင့်တွေ့စဉ် ယင်းသို့ မပြုမူခဲ့ပေ။ သို့သော် စာမျက်နှာ ထက်တွင်ကား TIME သည် ပုံစံပြောင်းသွားခဲ့၏။ ဆောင်းပါးအစတွင်ပင် စာဖတ်သူကို TIME မဂ္ဂဇင်းကပေးလိုက် သောအရာ ကား ဆောင်းပါးတစ်လျှောက်လုံးတွင် စိတ်အတွင်း စာဖတ်ရင်းကပ်ပါသွားစေမည့်မြင်ကွင်း ဖြစ်သည်။ ထို့ပြင် TIME မဂ္ဂဇင်းက အင်တာဗျူးမလုပ်မီကပင် ဆောင်းပါးအတွက်ရေးသားမည့်ခွင်ကို သတ်မှတ် ထားပြီးဖြစ်ကြောင်း ပေါ်လွင်စေသည့်အချက်လည်း ဖြစ်သည်။
“ပထမဆုံးရောက်ရှိလာသည်မှာ မှန်တစ်ချုပ် ဖြစ်သည်။ (၂၀၂၁) ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပိုင်း ပထမဆုံးအကြိမ်အဖြစ် အနောက်နိုင်ငံ မီဒီယာတစ်ခုနှင့် အင်တာဗျူးမပြုလုပ်မီ (ဦး)မင်းအောင်လှိုင် အခန်းထဲသို့ မဝင်ရောက်မီတွင် သူ့အား အလှပြင်နိုင်ရန် အကူများက ဆန်းပြားလှပသည့် ရိုကိုကို(Rococo) ခေတ်ဆန်း စတိုင် မှန်ကြီးတစ်ချုပ်ကို နေရာတကျ ပြင်ဆင်ကြသည်”ဆိုသောစကားမှာ စာဖတ်သူ၏စိတ်အတွင်း “ဤပုဂ္ဂိုလ်သည် မိမိ၏ပုံရိပ်ကို ဖုံးကွယ်ရန်ကြိုး စားနေသည်”ဟူသောအတွေးကို ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
စင်စစ်အားဖြင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် ၎င်း၏ပုံရိပ်ကိုထိန်းသိမ်းခြင်းမှာ သာမန်ကိစ္စဖြစ်ပြီး အခြား ကမ္ဘာ့ခေါင်းဆောင်များအားလုံးသည် မိမိတို့ ၏ပုံရိပ်ကို ထိန်းသိမ်းရန်ကြိုးစားကြသည်သာဖြစ်သည်။ ဖော်ရွေဟန်ဆောင် ထားသည်ဆိုသောအချက်မှာမူ မြန်မာတို့၏ဗီဇကို TIME အနေဖြင့် ကြိုတင် လေ့လာထားခြင်း မရှိဟန်တူသည်။ အဘယ် ကြောင့်ဆိုသော် မြန်မာတို့သည် အိမ်ရှင်က ဧည့်သည်ကို ကောင်းစွာ ဧည့်ဝတ်ပြုတတ်ခြင်းပင်တည်း။
ဆောင်းပါးနှင့်အင်တာဗျူးတွင် ကွဲပြားသောအချက်မှာ လေယူလေသိမ်းအပေါ် TIME က နားလည် မှုလွဲမှား ခြင်းနှင့် ဦးမင်းအောင်လှိုင်၏ ရင်းနှီးစွာပြော ကြားမှုဖြစ်သည်။ ဦးမင်းအောင်လှိုင်က မေးမြန်းလာ သောကိုယ်ရေး ကိုယ်တာအကြောင်းအချို့ကို ရင်းနှီးစွာဖြေကြားခဲ့သော်လည်း TIME က ဝေဖန်သံဖြင့် ဖော်ပြသည်။ ထို့ပြင် ဗုဒ္ဓဘာသာ ထုံးတမ်း၊ စာဖတ်ဝါ သနာ စသည်ဖြင့် ခေါင်းဆောင်တစ်ဦး၏အကြောင်း အရာများကား မပါတော့ကြောင်းမြင်ရသည်။
ဆောင်းပါးတွင်ဖော်ပြထားသော စစ်သေနာပတိ အဖြစ်မှ အရပ်ဘက် နိုင်ငံရေးသမားတစ်ဦးအဖြစ် ပြောင်းလဲပုံ မှာ မရေမရာရှိလှသည်ဟုဆိုသော်လည်း စင်စစ်အားဖြင့် နိုင်ငံတော်သမ္မတက ရှည်လျားစွာရှင်း ပြခဲ့ကြောင်း PPIB က ထုတ်ပြန်သောအင်တာဗျူး အပြည့်အစုံတွင် မြင်ရသည်။ နိုင်ငံတော် သမ္မတက လက်ရှိခေါင်းဆောင်မှုပုံစံ၊ မည်သည့် စိတ်ဓာတ်ဖြင့် တိုင်းပြည်ကို ဦးဆောင်မှုပေးနေကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းအချက်တို့ကို TIME က ဆောင်းပါးတွင် စိုးစဉ်မျှမသုံးခဲ့ပေ။
“အရပ်သားကတော့ စစ်သားနဲ့မတူဘူး။ စစ်သားကျတော့ အုပ်ချုပ်တာကတော့ အမိန့်ပေးရတာပေါ့။ အမိန့် ပေးတယ် Command နဲ့သွားတာပေါ့။ အရပ် သားကျတော့ ကျွန်တော်တိုက်တွန်းရတာပေါ့။ အဲဒါ ကျွန်တော်တို့ နှိုးဆော်ရတယ်၊ တိုက်တွန်းရတယ်၊ ရှင်းပြရတယ်။ ဒါတွေတော့လုပ်ပါတယ်”ဟု နိုင်ငံ တော်သမ္မတကပြောသည်။ ထို့ပြင် လက်ရှိတွင် အရပ် ဘက်ခေါင်းဆောင်အနေဖြင့် ဖခင်စိတ်ဓာတ်ဖြင့် ဆောင်ရွက်နေကြောင်းလည်း ပြောခဲ့သည်။
“ကျွန်တော်တစ်ခုပြောပြမယ်။ ကျွန်တော်တို့ Commander ဆိုတာကတော့ တပ်မှူးကောင်း စိတ် ဓာတ်လည်း ရှိဖို့လိုသလို ဖခင်စိတ်ဓာတ်လည်း ရှိရ မယ်။ အဖေလိုနေရတာ၊ စစ်တိုက်တဲ့နေရာမှာတော့ အမိန့်ပေးပြီးတိုက်တာ ရှိမယ်။ တာဝန်ပေး၊ အမိန့်ပေးတာ။ သို့သော် ကျန်တဲ့ ကွပ်ကဲအုပ်ချုပ်နေတဲ့နေရာ မှာလည်း မိဘတစ်ယောက်အနေနဲ့ အုပ်ချုပ်ရတာ။ ဒါကြောင့် အဲဒီလိုစိတ်ကလည်း အရပ်သားအုပ်ချုပ် တဲ့အခါမှာလည်း ဒီလိုပဲ ကျွန်တော်သွားရတာပေါ့၊ ဒါပေမဲ့ ကျွန်တော်တစ်ဖက်က Commander ဆိုတဲ့ စိတ်ကိုဖယ်လိုက်ပြီးတော့မှ ဒီဘက်က မိဘစိတ်ဆိုတဲ့ စိတ်နဲ့ပဲ ကျွန်တော် ပြည်သူကိုဆက်ဆံတာရှိရတယ်” ဟုပြောသည်။
TIME ကရေးသားရာတွင် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးသူများ၏စွပ်စွဲချက်များဖြစ်သော လူမျိုးတုံး သတ်ဖြတ် သည်ဆိုသောကိစ္စ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဆိုသောကိစ္စ စသည်ဖြင့် ဆောင်ရွက်ချက်များကိုဖော်ပြပြီး ဦးမင်းအောင်လှိုင်က ကျူးလွန်ထား ခြင်းမရှိကြောင်း ငြင်းသည်ဟုသာဖော်ပြသည်။
အမှန်စင်စစ်အားဖြင့် ဦးမင်းအောင်လှိုင်သည် ဖိတ်ခေါ်သည့်စကားပင် အင်တာဗျူးတွင် ပြောကြားခဲ့ သေးသည်။ “ဘင်္ဂါလီနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာတစ်ခုမှ သူတို့အပေါ်မှာလုပ်တာမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့က တော့ သံသယရှင်းတယ်၊ စိတ်ရှင်းတယ်။ တိုင်းပြည်အတွက်လည်း ကျွန်တော်တို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာပိုင် စိုးမှုနဲ့ တည်ငြိမ် အေးချမ်းမှုနဲ့ နောက်ဒီမိုကရေစီနိုင်ငံတည်ထောင်မှုအတွက် ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်တဲ့ အပိုင်း ပဲရှိတယ်။ ဒါတွေကတော့ ဒါတွေကိုလည်း အခြေအနေမှန်လာကြည့်ပေါ့”ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အင်တာဗျူးတွင် ဦးမင်းအောင်လှိုင်က ပါတီစုံဒီမိုကရေစီသွားနေသောအချိန်တွင် မြန်မာ့ ဒီမိုကရေစီခိုင် မာအောင်ဆောင်ရွက်နိုင်ရန်အတွက် ဒီမိုကရေစီနိုင်ငံအချင်းချင်း တည်ငြိမ်အောင်သွားနိုင်ရန်အတွက် လိုအပ်သော တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးမှုတို့ကို အမေရိကန်က ပူးပေါင်းဆောင်ရွက်ပေးလျှင် အကောင်းဆုံးဟု နိုင်ငံတော်သမ္မတက ပွင့်လင်းစွာ ပြောကြားခဲ့ပြီး ဆက်ပြောသည်ကိုမူ ဆောင်းပါးတွင် မမြင်ရတော့ပေ။
“ဒီမှာနှစ်ချက်ပါ။ တစ်ခုကဘာလဲဆိုလို့ရှိရင် နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေနေတဲ့ အကြမ်းဖက်မှု တွေကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေပါ။ ပြည်ပမှာနေပြီးတော့မှ ကျွန်တော်တို့အပေါ်မှာ အမျိုးစုံတိုက်ခိုက် ပြောဆိုနေတဲ့ဟာတွေ၊ နောက်တစ်ခါ ကျွန်တော်တို့ကို အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် ကြိုးစားနေတာတွေ ဒါတွေ မဖြစ်ဖို့အတွက် အမေရိကန်က တားဆီးပေးဖို့လိုပါတယ်။ နောက်တစ်ခုက စီးပွားရေးအရနဲ့ ငွေရေးကြေးရေးအရ ကျွန်တော်တို့ကို ကန့်သတ်ထားတာရှိတယ်။ ဒါတွေကို အမှန်အတိုင်းသုံးသပ်ပေါ့ဗျာ။ အမေရိကန်အစိုးရလည်း သုံး သပ်ပါ၊ အများကြီး အတွေ့အကြုံရှိပါတယ်။ ကျွန်တော်တို့ထက် အများကြီးမြင်ပါတယ်”ဟု ဦးမင်းအောင်လှိုင်က ပြောခဲ့သည်။

TIME က မြန်မာနိုင်ငံကို တရုတ်၏ ဩဇာစက် ဝန်းအတွင်းရှိနေသည် စသည်ဖြင့်ဖော်ပြထားသော်လည်း အင်တာဗျူးတွင် နိုင်ငံတော်သမ္မတ ရှင်းပြခဲ့ သည်ကို မဖော်ပြခဲ့ပေ။ “ကျွန်တော်တို့ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အလေးထားပြီးဆက် ဆံပါတယ်”ဟု အရေးပါသောစကားမျိုးကိုပင် ဖော်ပြခဲ့ခြင်းမရှိပေ။ ထို့ပြင် အိန္ဒိယနှင့် လည်း အလေးထား သောဆက်ဆံရေးရှိကြောင်းဖော်ပြချက်မျိုး TIME ၏ဆောင်းပါးတွင်ပါမလာခဲ့ပေ။ “ကျွန်တော်တို့ အိန္ဒိယ၊ မြန်မာနဲ့တရုတ် သုံးနိုင်ငံက sandwich လို ကျွန်တော်တို့ဖြစ်နေကြတာ။ အဲဒီတော့ အိန္ဒိယနဲ့လည်း ကျွန်တော်တို့ အလေးထားတာပဲ၊ တရုတ်နဲ့ လည်းအလေးထားတာပဲ။ ဒီလိုတော့ရှိပါတယ်။ တရုတ် ကို လုံးဝမှီခိုတယ်တော့ မဟုတ်ဘူး။ သို့သော်လည်းပဲ တရုတ်ကတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဆောင်ရွက်ပေးတာတွေအများကြီးရှိပါတယ်” ဟုထည့်ပြောခဲ့သည်။
TIME သည် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကိုဖော်ပြရာတွင် ၎င်းတို့လိုချင်သောအချက် ဘက်ကိုသာဆွဲ သွားခဲ့ပြီး ဖမ်းဆီးခံထားရသည်ဆို သောအခြေအနေမှာပင် ရပ်ထားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်း ကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဆက်ပြောသည်ကို မထည့်တော့ပေ။ “အဲဒါ သူ့အပေါ်မှာမူတည်ပါလိမ့်မယ်။ ဒါကြောင့် ခုနပြောတဲ့အချက် ရှေ့ဘာဖြစ်မလဲဆိုတာ ကျွန်တော် တို့မပြောနိုင်ဘူး။ အခြေအနေပေါ်မှာ အများကြီးတည် လိမ့်မယ်။ အဲဒီအပေါ်မူတည်ပြီးတော့ သူ့အတွက် အခွင့်အရေးရမှာပါ။ ဒါလည်း သူ့အပေါ်မှာမူတည်တယ် လို့ပြောပါ တယ်။ ဒါကြောင့် ဒီအခြေအနေပဲရှိမယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ပြောခဲ့ခြင်းဖြစ်သည်။
စီးပွားရေးနှင့်ပတ်သက်၍မူ TIME အနေဖြင့် လိုချင်သည့်ဘက်ကို အဆွဲဆုံးဟုမြင်ရပေမည်။ အဘယ်ကြောင့်ဆို သော် GDP ကျဆင်းသည့်အကြောင်း၊ ဆင်းရဲမွဲတေမှုတို့ကိုဖော်ပြသည်။ ‘အခြေခံကုန်ကြမ်း ထုတ်လုပ်မှုမှ ကုန်ချောထုတ် လုပ်မှုသို့ကူးပြောင်းရေး’အကြောင်း ရေရေရာရာမရှိ ပြောဆိုလေ့ရှိသည် ဟုဆိုသော်လည်း နိုင်ငံတော်သမ္မတက လက်ရှိ ဆောင်ရွက်ချက်များအကြောင်း အချိန်ကုန်ခံ ရှင်းပြခြင်းမှာ စာတွင်ပါမလာတော့။
TIME သည် မြန်မာ့နိုင်ငံရေးအကြောင်းဖြစ် စဉ်ကိုဖော်ပြရာတွင် လိုရာဆွဲ ရေးသားရာတွင် အချို့ အချက် အလက်များကိုထည့်သွင်းနိုင်ပါလျက် လုံးဝချန်လှပ်ခဲ့ခြင်းမျိုးမြင်ရသည်။ TIME က ငြိမ်းချမ်း ရေးဖြစ်စဉ်ကို အလေး အနက်မဖော်ပြဘဲ ပဋိပက္ခအ ခြေအနေကိုသာဖော်ပြခဲ့သော်လည်း နိုင်ငံတော်သမ္မတက အင်တာဗျူးတွင် NCA၊ အလင်းဝင်သူ (၄၀ဝဝ)ကျော်၊ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်တင်ထားမှု စသည်တို့ကို အသေးစိတ်ပြောကြားခဲ့သည်။
“ကျွန်တော်တာဝန်ယူတဲ့ (၅)နှစ်အတွင်းမှာပေါ့။ ကျွန်တော် ငြိမ်းချမ်းရေးရအောင်ကြိုးစားဖို့ လုပ်ထားတာ။ ဒါအောင်မြင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်မှာ နိုင်ငံတော်သမ္မတက ကတိကို ထပ်မံအတည် ပြုခြင်းဖြစ်သည့်တိုင် ယင်းကို မဖော်ပြ။ ထို့ပြင် အလင်းဝင်သူ (၄၀ဝဝ)ကျော်သည် လက်နက်ကိုင်လမ်းစဉ်မှ နိုင်ငံရေး လမ်းစဉ်သို့ လက်ခံကူးပြောင်းသူများဖြစ်သည်ဆိုသောအချက်ကို TIME က တမင်ပင်မေ့ထားခဲ့သည်။ ထို့ထက် ပို၍ ဆောင်းပါးတွင် လိုရာဆွဲရေးသားသောအချက်ကား သတင်းရင်းမြစ်အသုံးပြုမှုဖြစ်သည်။
ဂျာနယ်လစ်ဇင်တွင် သတင်းတစ်ပုဒ်၏ ယုံကြည်ရမှုသည် အသုံးပြုသောအရင်းအမြစ်များ၏ ကျယ်ပြန့်မှုနှင့်မျှ တမှုအပေါ်မူတည်သည်။ TIME ဆောင်းပါးတွင် အရင်းအမြစ်များအဖြစ်အသုံးပြုထားသည်မှာ UNODC ၏ ဒုတိယညွှန် ကြားရေးမှူး Jeremy Douglas ၊ NUG ၏ ယာယီသမ္မတဟုဆိုသူ ဒူဝါလ ရှီးလ၊ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူဟောင်း မွန် မွန်မြတ်၊ ဧရာဝတီသတင်းဌာနတည်ထောင်သူ အောင်ဇော် စသည်တို့ သာဖြစ်ပြီး နိုင်ငံတော်သမ္မတကို ထောက်ခံသူ သတင်းရင်းမြစ်များအား မမြင်ရပေ။
TIME ၏ ဆောင်းပါးအတွက်သုံးသောဓာတ်ပုံသည် ဆောင်းပါးနှင့်ကိုက်ညီသည်ဟုဆိုရပေမည်။ လိုရာဆွဲရေး သည်။ လိုရာဆွဲတွေးစေရန် ဓာတ်ပုံကို ရိုက်ကူးသည်။ ထို့ကြောင့် ဓာတ်ပုံသည်ပင် ဆောင်း ပါးကဲ့သို့ဖြစ်နေပေတော့ သည်။ TIME ၏ ဆောင်းပါး တွင်ဖော်ပြထားချက်အရ ၎င်းတို့သည် မန္တလေးအထိလည်း ရောက်ခဲ့ပုံရ၏။ လွတ်လပ်စွာ လည်း သွားခွင့်ရ ဟန်တူသည်။ သို့သော် ၎င်းတို့ကား အနောက်ကမ္ဘာမှ အမြင်၊ မျက်မှန်စိမ်းတပ်ခြင်းကိုကား မချွတ် နိုင်ခဲ့ကြပေ။ မည်သည့်မီဒီယာမဆို မိမိတို့အခြေပြုရာနေရာ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများဖြင့် လွှမ်းမိုးခံရသည်။ သို့သော် ဂျာနယ်လစ်အစစ်များက ထိုလွှမ်းမိုးမှုကိုလျှော့ချရန်ကြိုးစားသည်။ TIME ဆောင်းပါးတွင် ဤကြိုးစားမှုကိုမတွေ့ရချေ။ ဆောင်းပါးသည် အနောက်ကမ္ဘာဘောင်အပြင်မှမထွက်ဘဲ မြန် မာ့အခြေအနေကိုရှုမြင်ခြင်း ဖြစ်ပြီး အမြင်သစ် မြန်မာ့ မြင်ကွင်းကို ကောင်းစွာတွေ့နိုင်ခြင်းမရှိခဲ့ပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုန်ကျစရိတ်များကို ချမ်းသာသည့်နိုင်ငံများက ကျခံသင့်ဟု နီပေါအစိုးရပြော
RELATED POSTS
08 Oct 2026 | ဆောင်းပါး,ပြည်တွင်း
08 Oct 2026 | ဆောင်းပါး,နိုင်ငံတကာ
