လှိုင်မြစ်အတွင်းသို့ အောင်ဇေယျကြိုးတံတားပေါ်မှ သက်လတ်ပိုင်းအမျိုးသား (၁)ဦး ခုန်ချ ဆုံးစီရင်ဟုဆို
ထိုက်စံ (NSS) - စက်တင်ဘာ ၁၂
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ်ကို ဆက်သွယ်ထားသော အောင်ဇေယျကြိုးတံတားပေါ်မှ သက်လတ်ပိုင်းအမျိုးသားတစ်ဦး ခုန်ချအဆုံးစီရင်သည့်ဖြစ်စဉ်တစ်ခု ယနေ့(စက်တင်ဘာ ၁၂ ရက်) တွင် ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြေသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၁၂ ရက်)၊ နေ့လည်(၁)နာရီကျော်ခန့်က တံတားပေါ်မှ အမျိုးသားတစ်ဦးခုန်ချခဲ့ကြောင်း တွေ့မြင်သူများမှ သတင်းပေးပို့ချက်အရ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သူနာတင်ယာဉ်တစ်စီးဖြင့် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“တံတားပေါ်ကနေ လူတစ်ယောက် ခုန်ချသွားတယ်ဆိုပြီး သတင်းပို့လာတယ်။ သိသိချင်း သွားတာပေါ့။ ရှာဖွေမှုကတော့ ရေကလည်း လှိုင်မြစ်ဆိုတော့ ရေက တက်နေတာ။ မိုးတွေလည်း ရွာနေတဲ့အချိန်ဆိုတော့။ လက်ရှိတော့ မီးသတ်တပ်ဖွဲ့ကတော့ ရှာဖွေကယ်ဆယ်တဲ့လုပ်ငန်းတွေလုပ်နေတယ်။ အမြင်အရဆိုရင်တော့ ရှာဖွေကယ်ဆယ်မှုလုပ်လို့မရတဲ့အနေအထားမှာရှိတယ်ပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါ ခုန်ချသွားသည့် အသက်(၄၅)နှစ်ခန့်အရွယ် အမျိုးသားသည် အင်းစိန်မြို့နယ်၊ ရွာမအနောက်ဘက်တွင် နေထိုင်သူဖြစ်ကာ စိတ်မတည်ငြိမ်သူဖြစ်ကြောင်း ပတ်ဝန်းကျင်က ပြောသည်ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
“သူက အရက်ဖြတ်ပြီးတော့မှ အရက်ပြန်သောက်ပြီး စိတ်ကယောင်ချောက်ခြားဖြစ်ပြီး ဒီပေါ်ကနေ ခုန်ချတယ်ဆိုပြီး ပတ်ဝန်းကျင်က ပြောကြတယ်ပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင်များမှ လှိုင်မြစ်အတွင်း ခုန်ချသူအမျိုးသားအား ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်မဲက ရွှေဆိုင် ဓားပြတိုက်ခံရမှုနဲ့ မုဒုံ-မော်လမြိုင်လမ်းပေါ်က ဓားပြမှု၊ ရန်ကုန်က အမှုအခင်း (၃)ခု၊ ဂျပန်အလုပ်ရှင်ကို တရားစွဲတဲ့ မြန်မာမိန်းကလေး အနိုင်ရ၊ တန်ဟွေ့မြန်မာသိုးမွေးစက်ရုံ လုပ်သားကိစ္စ အလုပ်သမားဝန်ကြီး ကိုယ်တိုင်ဆင်းလာ၊ ရခိုင် ထိန်းချုပ်နယ်မြေတွေအကြောင်း ဘင်္ဂလားဒေ့ရှ်မှာ ဆွေးနွေး (၁၂-ဝ၉-၂ဝ၂၆)
RELATED POSTS
10 Oct 2026 | မှုခင်း,ပြည်တွင်း
10 Oct 2026 | မှုခင်း,ပြည်တွင်း
