Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Teng Hui စက်ရုံလုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမားဝန်ကြီး ကြိုးပမ်းဆောင်ရွက်နေ

ထိုက်စံ(NSS) - စက်တင်ဘာ ၁၂

အထည်အမှာစာမရရှိတော့သည့်အတွက် ယာယီပိတ်သိမ်းမည့် ထန်းတပင်မြို့နယ်ရှိ Teng Hui သိုးမွှေးစက်ရုံ လုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင်ရရှိရေးအတွက် အလုပ်သမားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်စိုးက ကြိုပမ်းဆောင်ရွက်ပေးနေကြောင်း သိရသည်။ 

အလုပ်သမားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်စိုးက ယနေ့(စက်တင်ဘာ ၁၂ ရက်)တွင် အဆိုပါ Teng Hui သိုးမွှေးစက်ရုံ သွားရောက်ကြည့်ရှုခဲ့ပြီး စက်ရုံများ တာဝန်ရှိသူများ ၊   စက်ရုံလုပ်သားများ နှင့် တွေ့ဆုံ၍ စက်ရုံပြန်လည်လည်ပတ်နိုင်ရေးနှင့် လုပ်သားများအခြားစက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့သည်။ 

“အလုပ်သမားတွေက အလုပ်အကိုင်ရရှိစေဖို့အတွက် သူတို့အလုပ်တွေရရှိပြီးတော့မှ စားဝတ်နေရေး ရရှိစေဖို့အတွက် ကျွန်တော်တို ဝန်ကြီးဌာနက တာဝန်ယူပေးရပါတယ်။ ဒီစက်ရုံက ပိတ်ရတာမဟုတ်ဘူး။ သူ့ကိုလာတဲ့ အော်ဒါ ပို့မယ့်ကုန်ကြမ်းက ရှိတဲ့ဟာက အလုပ်မလုပ်နိုင်ဘူး။ ဒါလည်း ကျွန်တော်တို့အနေနဲ့ ပထမဆုံးအချက်အနေနဲ့ နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့လက်တွဲဖော်ကုမ္ပဏီတွေနဲ့ ပြန်ပြီး ကျွန်တော်တို့ ဘက်ကလည်း Try နေတယ်။ ဒီစက်ရုံက ပြန်ပြီးအော်ဒါနဲ့ ပြန်လုပ်ရရင် ပိုပြီးအဆင်ပြေတာပေါ့။ အော်ဒါအသစ်ရှာရမယ်။ ကုမ္ပဏီအသစ်ရှာရမယ်ဆိုတော့ တစ်မျိုးတော့ ပြောင်းသွားတာပေါ့။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ မှာခဲ့ချင်တာကတော့ အတတ်နိုင်ကြိုးစားပြီးတော့ ပြန်လည်ပတ်နိုင်အောင် ကြိုးစားပါလို့မှာချင်ပါတယ်”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် လှိုင်သာယာမြို့နယ်ရှိ CMP စက်ရုံများဖြစ်သော  APEX PLUS GARMENT COMPANY LIMITED နှင့်  TRI-WIN LEATHER MYANMAR COMPANY LIMITED စက်ရုံတို့သို့ရောက်ရှိပြီး စက်ရုံအလုပ်သမားများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍  အလုပ်သမားရေးရာများ ဆွေးနွေးကာ   စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ထိုသို့ဆွေးနွေးစဉ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ဦးက အလုပ်သမားများ၏ ဥပဒေပါ ခံစားခွင့်များနှင့်စက်ရုံများ၏ လက်ရှိ အမှာစာရရှိနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ဦးစီးဌာနရဲ့မျှော်မှန်းချက်ကတော့ ဥပဒေပါခံစားခွင့်များကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ရရှိနိုင်စေဖို့။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီးတော့မှ ကျန်းမာရေးကောင်းမွန်စေဖို့ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းမှုရှိမယ်။ လုပ်ငန်းခွင်တည်ငြိမ်းအေးချမ်းမှုရှိမှ နိုင်ငံအတွက်ကို ကုန်ထုတ်စွမ်းအားမြင့်မားလာစေဖို့ဆိုပြီး ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပေါင်းစပ်ပြီးတော့မှ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။  APEX PLUS GARMENT COMPANY LIMITED စက်ရုံကတော့ ဦးအောင်မြင့်မြတ် မြန်မာနိုင်ငံသားပိုင်စက်ရုံဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုက FDI ဖြစ်ပြီး CMP လုပ်ငန်းဖြစ်ပါတယ်ခင်ဗျ။ အလုပ်သမားဦးရေကတော့ (၁၉၅၉)ဦးရှိပြီး ကုန်ကြမ်းရရှိမှုက တရုတ်နိုင်ငံက ရရှိပါတယ်။ ကုန်ကြမ်းတင်ပို့မှုက ဂျပန်နိုင်ငံက တင်ပို့လျက်ရှိပါတယ်။ ထုတ်ကုန်အမျိုးအစားကတော့ Coat နဲ့ Down Coat ၊ ဂျက်ကတ်နဲ့ WAT Brand ထုတ်လုပ်ပါတယ်။ ကုန်အမှာစာရရှိမှုကတော့ တင်ထားချက်အရ (၃၀)ရက်(၁၀)လ (၂၀၂၆)အထိကို ကုန်အမှာစာရရှိမှုက တွေ့ရတာဖြစ်ပါတယ်။  TRI-WIN LEATHER MYANMAR COMPANY LIMITED စက်ရုံကတော့ FDI စက်ရုံအမျိုးအစား CMP စက်ရုံ အမျိုးအစား ဖြစ်ပါတယ်။ သူရဲ့ အနေအထားကိုလေ့လာကြည့်တဲ့အခါမှာ ကုန်အမှာစာရရှိမှုကို အိတ်ရေ(၂၀၀၀၀၀)ကို (၁၂)လပိုင်းကုန်အထိကို အမှာစာလက်ခံရရှိပြီးဖြစ်ကြောင်း တင်ပြပါတယ်။ ဒီစက်ရုံကလည်း အလုပ်ရုံနဲ့ အလုပ်အသမားဝန်ကြီး စစ်ဆေးရေဦးစီးဌာနကလည်း ပုံမှန်စစ်ဆေးခြင်းဆောင်ရွက်ပြီးတဲ့ စက်ရုံဖြစ်ပြီး ပြဿာနာတစ်စုံတရာမရှိတဲ့ စက်ရုံဖြစ်ကြောင်း တင်ပြအပ်ပါတယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်(စက်တင်ဘာ ၇ ရက်) နှင့် (၈) ရက်တို့တွင်  Teng Hui စက်ရုံလုပ်သားများ နစ် နာမှုမရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက်   အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက အဆိုပါစက်ရုံသို့ သွားရောက်တွေ့ဆုံ၍ စက်ရုံအလုပ်ရှင်များနှင့် အလုပ်သမားများကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိ

RELATED POSTS
RECENT POSTS
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved