YBS ဘတ်စ်ကား(၆၃) စီးအား ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးမည်
ကိုဖြိုး (NSS) - စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှုအောက်မှာရှိသော YBS အများပိုင်ကုမ္ပဏီများမှ စီမံကြီးကြပ်နေသည့် ဘတ်စ်ကားများအတွင်းမှ (၁၉၉၇)မော်ဒယ်မှ (၂၀၀၁) မော်ဒယ်အထိ မော်တော်ယာဉ် (၆၃) စီးအားယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးရန်ညွှန်ကြားထားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YRTC ကို ညွှန်ကြားလာသည့်အတွက် အများပိုင်ကုမ္ပဏီ (၂၁) ခုရှိသည့်အနက် ကုမ္ပဏီ (၁၀) ခုတွင်ရှိသော ဘတ်စ်ကား (၆၃) စီးကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
"ဒီကုမ္ပဏီ ဆယ်ခုမှာရှိတဲ့ကားတွေက ၂၀၀၁ မိုဒယ်အောက်ကားတွေဖြစ်နေလို့ ဒီဆယ်ခုကိုပဲအကြောင်းကြားလာတဲ့သဘောပါ။ တခြားကုမ္ပဏီတွေက ၂၀၀၁ မိုဒယ်အထက်ကားတွေဖြစ်နေလို့ လိပ်မူပြီးအကြောင်းမကြားတာလည်းဖြစ်နိုင်ပါတယ်။ အခုအချိန်က ကားတွေလိုအပ်ချက်ကြီးနေတော့ ကောင်းတော့လည်းကောင်းတယ်။ ဘာလို့လည်းဆိုတော့ YBS မှာ ကားလိုအပ်ချက်ကြီးနေတယ်လေ" လို့ YBS ယာဉ်လိုင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ညွှန်ကြားချက်မှာပါနေသည့် ဘတ်စ်ကား( ၆၃) စီး၏ ယာဉ်လိုင်းပြေးဆွဲမှုအခြေအနေ၊ ယာဉ်လိုင်းပြေးဆွဲမှု ရှိ၊မရှိအခြေအနေနှင့် မြေစိုက်ဟုခေါ်သော ပြေးဆွဲမောင်းနှင်ရန် ရ၊ မရ အခြေအနေများအား ကုမ္ပဏီတွေအလိုက်စာရင်းပြုစုပြီး စက်တင်ဘာ (၁၄) ရက်နောက်ဆုံးထားတင်ပြရမည်ဟု ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် YBS ယာဉ်လိုင်းများတွင် ဘတ်စ်ကားလိုအပ်ချက်များရှိနေခြင်းကြောင့် ဘတ်စ်ကားအသစ်တွေတင်သွင်းရန် အစီအစဉ် ရှိ၊မရှိ အဆိုကို ပြီးခဲ့သည့်လက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးမှာ မေးမြန်းခဲ့ရာတွင် တင်သွင်းရမည့်လျှပ်စစ်ဘတ်စ်ကားများ၏တန်ဖိုးသည် အဆမတန်မြင့်မားနေခြင်းကြောင့် တင်သွင်းဖို့အစီအစဉ်မရှိကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးနှင့်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ဖြေကြားသွားခဲ့သည်။
ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းများအတွင်း အစီးရေငါးထောင်ကျော်ရှိပြီး နေစဉ်သုံးထောင်သုံးရာ ဝန်းကျင်သာပြေးဆွဲနိုင်ပြီး ကျန်ယာဉ်များ၏အများစုမှာ စက်ပျက်သဖြင့် ပြင်ဆင်နေရခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Teng Hui စက်ရုံလုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမားဝန်ကြီး ကြိုးပမ်းဆောင်ရွက်နေ
RELATED POSTS
08 Oct 2026 | ခရီးသွား,နိုင်ငံတကာ
08 Oct 2026 | ခရီးသွား,ပြည်တွင်း
07 Oct 2026 | ခရီးသွား,ပြည်တွင်း
06 Oct 2026 | ခရီးသွား,ပြည်တွင်း
