ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယက အဖြစ်ဆက်ရှိမည်

သန့်ဇင် (NSS) - စက်တင်ဘာ ၁၂
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်ဦးကိုကိုကြီးသည် ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယကအဖြစ်ဆက်ရှိနေမည်ဖြစ်ကြောင်း ပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌ ဦးဖေသက်က NP News သို့ပြောသည်။
ပြည်သူ့ပါတီ၏ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီးသည် လက်ရှိတွင်ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေရပြီး ဥပဒေအရ ပါတီတွင်းအခန်းကဏ္ဍတွင် ၎င်းကိုပြည်ပါတီဂုဏ်ထူးဆောင်နာယကအဖြစ် တင်မြှောက်ထားကြောင်း သိရသည်။
“ဦးကိုကိုကြီးရဲ့ပါတီမှာ အခန်းကဏ္ဍက ဂုဏ်ထူးဆောင်နာယကအဖြစ် တင်မြှောက်ထားပါတယ်။ အမြဲတမ်းရှိပါမယ်။ သူမလာနိုင်တာကတော့ အစိုးရအဖွဲ့ဝင်တွေထဲမှာ နိုင်ငံတော်အဆင့်ဖြစ်သွားတဲ့အခါကျတော့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ။ သူတို့ရဲ့ဥပဒေ၊ နည်းဥပဒေအရ ပါတီအတွင်းရဲ့လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ခွင့်မရှိဘူးဆိုတာ နိုင်ငံတကာမှာကော၊ နိုင်ငံအတွင်းမှာကော သတ်မှတ်ထားတဲ့စည်းမျဉ်းပိုင်းအရ ကျွန်တော်တို့ကတော့ နားလည်ပေးပါတယ်ခင်ဗျ” ဟု ဦးဖေသက်က ပြောသည်။
ဦးကိုကိုကြီး ပါဝင်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီတွင် ဥက္ကဋ္ဌအဖြစ် ဥက္ကဋ္ဌအဖြစ် ဦးစိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်အေးနှင့်ကော်စီဝင်များအဖြစ် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာယဉ်ယဉ်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးမန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူနှင့် ဦးဇော်အေးမောင်တို့ပါဝင်ကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးကတော့ ကျွန်တော်တို့ဂုဏ်ထူးဆောင်နာယကအဖြစ် အမြဲရှိမှာပါ။ ပါတီလုပ်ငန်းဆောင်တာမှာ လက်တွေ့ကျကျလာရောက် မိန့်ခွန်းမပြောနိုင်ဘူး။ အစည်းအဝေးတွေ မတက်နိုင်ဘူး။ ဒီလောက်တော့ရှိမှာပါ” ဟု ပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌ ဦးဖေသက်က ပြောသည်။
ပြည်သူ့ပါတီ၏ ပထမအကြိမ်ညီလာခံနှင့် စတုတ္ထအကြိမ် ဗဟိုကော်မတီအစည်းအဝေးအခမ်းအနားကို ယနေ့(စက်တင်ဘာ ၁၂ ရက်) နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ SKY STAR HOTEL တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို အစီအစဉ် (၂၉) ခုဖြင့် ကျင်းပခဲ့ပြီး ညီလာခံတွင် ဗဟိုကော်မတီများ ပယ်ဖျက်ခြင်း၊ ဗဟိုကော်မတီဝင်များ ပြန်လည်ရွေးချယ်ခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီပြန်လည်ရွေးချယ်ခြင်း အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ရောက်ရန် ကမ္ဘောဒီးယားက ဆက်လက်ကြိုးပမ်းမည်
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
