ရုရှားထုတ်ခရီးသည်တင်လေယာဉ်(၁၀၅)စင်းကို အိန္ဒိယဝယ်ယူမည်
Pika (NSS) - စက်တင်ဘာလ ၁၂
ရုရှားနှင့်အိန္ဒိယတို့က အရပ်ဘက်လေကြောင်းနှင့်ကုန် ထုတ်လုပ်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ကိုချဲ့ထွင်ရန် ကြိုးပမ်းနေမှုနှင့်အတူ ရုရှားထုတ် Il-114-300 ခရီးသည်တင်လေ ယာဉ်အစင်းရေ(၁၀၅)စင်းဝယ်ယူမည့် သဘောတူညီချက်များကို အိန္ဒိယပြည်တွင်းလေကြောင်းလိုင်း(၃)ခုက လက်မှတ်ရေးထိုးခဲ့ ကြောင်းသိရသည်။
အဆိုပါဝယ်ယူမည့်အစီအစဉ်များတွင် ဒေသတွင်းလေ ကြောင်းလိုင်းဖြစ်သော Pinnacle Air အတွက် လေယာဉ် (၅၀)စင်း၊ Air Kerala အတွက် လေယာဉ်(၂၀)စင်းနှင့် Sleek Aviation အတွက် လေယာဉ်(၃၅)စင်းတို့ပါဝင်ကြောင်း သိရသည်။ Flamingo Aerospace ဟုခေါ်သော နောက်ထပ်ကုမ္ပဏီသစ် တစ်ခုကလည်း ရုရှားထုတ် Il-114-300 ခရီးသည်တင် လေယာဉ် (၆)စင်းဝယ်ယူရန် ယခင်က သဘောတူညီထားပြီးပြီဖြစ်ကာ (၂၀၂၈)ခုနှစ်တွင် လေယာဉ်များ ကို လက်ခံရရှိနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

အိန္ဒိယနှင့်ရုရှားတို့က ၎င်းတို့၏ပုံမှန်မိတ်ဖက်ဆက်ဆံ ရေးနယ်ပယ်များထက်ကျော်လွန်ကာ စက်မှုနှင့် စီးပွား ရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုများကိုချဲ့ထွင်ရန်ကြိုးပမ်းနေချိန်တွင် အဆိုပါ သဘောတူညီချက်များထွက် ပေါ်လာ ခြင်းလည်းဖြစ်သည်။ ယင်းလေ ယာဉ်များကို ကနဦးတွင် ရုရှားနိုင်ငံ၌ထုတ်လုပ်မည်ဖြစ်သော်လည်း အစီအစဉ်ကို အပြီးသတ် အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ဒေသတွင်းတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို စတင်သွား မည်ဖြစ် ကြောင်း United Aircraft Corporation (UAC) ၏ စီအီးအို Vadim Badekhau ထုတ်ပြန်ပြောကြားခဲ့သည်။
Vadim Badekhau က “အိန္ဒိယနိုင်ငံမှာ ဒီလေ ယာဉ်တွေကိုထုတ်လုပ်ဖို့အတွက် သဘောတူညီချက်တွေကို အပြီးသတ်အတည်ပြုနိုင်ဖို့က ကျွန်တော်တို့အဓိကအာရုံ စိုက်လုပ်ဆောင်နေတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်”ဟုပြော ဆိုခဲ့သည်။ ထို့ပြင် လေယာဉ်ပေးပို့မှုများမစတင်မီ Il-114-300 လေယာဉ်အတွက် ရုရှားနိုင်ငံထုတ် လေယာဉ်အမျိုး အစားဆိုင်ရာလက်မှတ်ကို အိန္ဒိယနိုင်ငံတွင် အသိအမှတ်ပြု အတည်ပြုခြင်းကလည်း အရေးကြီးသောခြေလှမ်းတစ်ရပ် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း Vadim Badekha က ပြော ကြားခဲ့သည်။
Il-114-300 ခရီးသည်တင်လေယာဉ်သည် ဒေသတွင်း လေကြောင်းခရီးစဉ်များအတွက် ဒီဇိုင်းထုတ် ထားသော ခရီးသည်(၆၈)ဦးတင် ပန်ကာတပ်အင်ဂျင်သုံး လေယာဉ်တစ်စင်းလည်းဖြစ်ပြီး လေယာဉ်ကွင်းငယ်များနှင့် လေယာဉ် ပြေးလမ်းတိုများမှတစ်ဆင့် ပျံသန်းနိုင်စွမ်းရှိသောကြောင့် မြို့ငယ်များမှတစ်ဆင့် ဝန်ဆောင်မှုပေးရန်အတွက် သင့်လျော် ကောင်းမွန်သောလေယာဉ်အမျိုးအစားလည်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BRICS ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနှင့်တရုတ် သမ္မတတို့ သီးခြားတွေ့ဆုံဆွေးနွေးမည် မဟုတ်ဟုဆို
RELATED POSTS
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
