ဖိလစ်ပိုင်ကဟန်ဆောင်လိမ်လည်နေဟု တရုတ်အစိုးရဝေဖန်
ဂျန်ဇက် (NSS) - စက်တင်ဘာလ ၁၂
တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံကြား တင်းမာမှုများ တစ်ကျော့ ပြန်ဖြစ်ပွားလျက်ရှိနေပြီး အပြန်အလှန် ဝေဖန်ပြစ်တင်နေကြောင်းသိရသည်။ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက တောင် တရုတ်ပင်လယ်ဆိုင် ရာတရုတ်သံတမန်တစ်ဦး၏ မှတ်စုစာရွက်ကို လူအများရှေ့တွင် အသံထွက်ဖတ်ပြခဲ့ရာ ယင်းလုပ် ရပ်ကို အတင်းအကျပ်ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းဝေဖန်ခြင်းဖြစ်ပြီး ဖိလစ်ပိုင်အရာရှိများအား ဟန်ဆောင် သရုပ်ဆောင်မှုများနှင့် လိမ်ညာမှုများလုပ်ဆောင်နေ ကြောင်း တရုတ်အစိုးရက စွပ်စွဲလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မာအိုနင်က “ဖိလစ်ပိုင်နိုင်ငံမှ အချို့ သောပုဂ္ဂိုလ် များအနေဖြင့် ဟန်ဆောင်သရုပ်ဆောင်ခြင်းနှင့် လိမ်ညာခြင်းများကို ရပ်တန့်ကြရန်၊ တရုတ်-ဖိလစ်ပိုင်ဆက်ဆံရေးနှင့် တောင်တရုတ်ပင်လယ် အတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို ကာကွယ်ကြရန် တိုက်တွန်းကြောင်း ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ၏တုံ့ပြန်မှုသည် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သည့် ဆိုးလ်ကာကွယ်ရေးတွေ့ဆုံဆွေးနွေး ပွဲတွင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုဆိုင်ရာ ခုံသမာဓိဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းဖော်ပြထားသော မှတ်စု စာရွက်တစ်စောင်ကိုလက်ခံရရှိခဲ့ သည့် ဖိလစ်ပိုင်ကာ ကွယ်ရေးဝန်ကြီး သီအိုဒိုရိုဂျူနီယာ၏မှတ်ချက်များ နှင့်ပတ်သက်၍ မေးမြန်းမှုကို တုံ့ပြန်ပြောကြား ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အရေးအငြင်းပွားမှုနှင့်ပတ်သက်ပြီး ခုံသမာဓိ ဆုံးဖြတ်ချက်ကို လက်မခံကြောင်းနှင့် တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ အခွင့်အရေး အများ စုကိုပယ်ချခဲ့သော ခုံရုံးဆုံးဖြတ်ချက်သည် တရားမဝင်ကြောင်း၊ ပျက်ပြယ်ကြောင်းနှင့် အတည်မဖြစ်ကြောင်း ဖော်ပြထားသည့် လက်ရေး ဖြင့်ရေးသားထားသော တရုတ်သံတမန်မှတ်စု၏အစိတ်အပိုင်းများကို ဖိလစ် ပိုင်ကာကွယ်ရေးဝန်ကြီး သီအိုဒိုရိုက ဖတ်ပြခဲ့သည်။ တောင်ကိုရီးယားသတင်းဌာန့သည့စေ ဖော်ပြချက်အရ အဆိုပါမှတ်စုစာရွက်သည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ တရုတ်သံရုံးမှ စစ်ဘက်ဆိုင်ရာ သံတမန် တစ်ဦးထံမှ လာခြင်းဖြစ်ပြီး၊ ဖိလစ် ပိုင်ကာကွယ်ရေးဝန် ကြီး သီအိုဒိုရိုထံသို့ပေးပို့ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ တရုတ်သံရုံး၏စစ်ဘက်ဆိုင်ရာ သံတမန်တစ်ဦး၏လုပ်ရပ်သည် တောင်ကိုရီးယား လက်ခံဧည့်ခံသူ များအပေါ် ယဉ်ကျေးမှုမရှိရာကျကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး သီအိုဒိုရိုက ပြောကြားခဲ့သည်။ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ပိုင်နက်နယ်မြေအငြင်းပွားမှုများရှိနေရာ မကြာခဏ ထိပ် တိုက်တွေ့ဆုံခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယီမင်ကမ်းရိုးတန်းတစ်လျှောက် ဟူသီအဖွဲ့ချီတက်လာမှုကြောင့် ပင်လယ်နီလမ်းကြောင်း ပိတ်ဆို့ခံရနိုင်မည့် အန္တရာယ်မြင့်တက်နေ
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
