အီရန်နှင့်စစ်ပွဲဖြစ်ခဲ့ခြင်းကို နောင်တမရကြောင်း အမေရိကန်သမ္မတပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၂
နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲများအပေါ် အီရန်နှင့်ဖြစ်ပွားသည့် ပဋိပက္ခက သက်ရောက်မှုများ ရှိနိုင်ကြောင်း၊ သို့သော်လည်း အီရန်နိုင်ငံနှင့် စစ်ဖြစ်ခဲ့ခြင်းအပေါ်နောင်တမရကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအပေါ်သက်ရောက်မှုရှိနိုင်ခြင်းကြောင့် အီရန်စစ်ပွဲအတွက် နောင်တရခြင်း ရှိ/မရှိ (Fox News) သတင်းဌာနက အင်တာဗျူးမေးမြန်းချိန်တွင် အမေရိကန်သမ္မတက တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ သမ္မတ ထရမ့်က "ကျွန်တော်က 'နောင်တ' ဆိုတဲ့စကားကို မယုံကြည်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်တော့ အမြဲတမ်း အနည်းငယ် သံသယဖြစ်လို့ ရပါတယ်အစကနေ ပြန်လုပ်ရမယ်ဆိုရင်လည်း အရင်က လုပ်ခဲ့တဲ့အတိုင်း အတိအကျ ပဲ ထပ်လုပ်မှာပါ" ဟု ပြောကြားခဲ့သည်။

စစ်ပွဲကြောင့် ၎င်း၏ ထောက်ခံသူအချို့ စိတ်ပျက်အားငယ်ကာ စိတ်ဓာတ်ကျနေကြသည်ဟူသော ယူဆချက်များကို အမေရိကန်သမ္မတထရမ့်က ပယ်ချခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတက "အမေရိကန်ပြည်သူများ စိတ်ဓာတ်ကျနေကြတယ်လို့ ကျွန်တော် မထင်ပါဘူး။ အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မပေးဘူးဆိုတဲ့ အချက်အတွက် သူတို့အလွန်တရာ ဂုဏ်ယူနေကြတယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ပြောသည်။
အီရန် နှင့် အီရန်နိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲသည် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ပြီးဆုံးမည်မဟုတ်သေးဘဲ ကြားဖြတ်ရွေးကောက်ပွဲပြီးဆုံးချိန်တွင် ချက်ချင်းပင် စစ်ပွဲပြီးဆုံးသွားဖွယ်ရှိနေသည်ဟု သမ္မတထရမ့်က ထပ်မံ ပြောခဲ့သည်။
"ရွေးကောက်ပွဲပြီးတာနဲ့ ချက်ချင်း ပြီးဆုံးသွားမှာပါ" ဟု အမေရိကန်သမ္မတကထရမ့်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အမေရိကန် နှင့် အစ္စရေးနိုင်ငံတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ စစ်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးအီရန် နှင့် အမေရိကန်နိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲက (၆)လကျော်ကြာလာသော်လည်း လက်ရှိအချိန်အထိ အဆုံးသတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်သမားများကြောင့် ယမန်နေ့က နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
