ကမ္ဘာ့လူသားအားလုံး ကောင်းကျိုးချမ်းသာအတွက် ဘုံရည်မှန်းချက်နဲ့ BRICS အစည်းအဝေးမတိုင်မီ ဝန်ကြီးချုပ် မိုဒီရဲ့ သတင်းစကား (နိုင်ငံတကာရေးရာ ဆောင်းပါး)
HtayOung (NSS)-စက်တင်ဘာ ၁၁
ရုရှားသမ္မတ ဗလာဒီမာပူတငနဲ့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ နယူးဒေလီမြို့မှာ ကျင်းပမယ့် BRICS ထိပ် သီးအ စည်းအဝေးတက်ရောက်ရန် အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေကြောင်း၊ ကမ္ဘာ့အင်အားကြီးနိုင်ငံခေါင်းဆောင်တို့ရဲ့ ခရီး စဉ်တွေဟာ နိင်ငံတကာပထဝီနိုင်ငံရေး အခြေအနေများ ပြောင်းလဲနေခိုက် အိန္ဒိယရဲ့သံတမန်ရေးနဲ့ စီး ပွားရေး ဗဟိုချက်မတစ်ခုအဖြစ် အရေးပါမှု တိုးတက်လာနေခြင်းကို မီးမောင်းထိုးပြလျက်ရှိတယ်လို့ နယူးဒေလီ အခြေစိုက် သတင်းစာများက ယနေ့ရေးသားကြတယ်။
ပူတင်ဟာ ထိပ်သီးအစည်းအဝေးမတိုင်မီ နယူးဒေလီမှာ ရောက်ရှိနေခဲ့ပြီး ဝန်ကြီးချုပ် မိုဒီနဲ့ ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ထားတယ်။ ယခုခရီးစဉ်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း BRICS ထိပ်သီးအစည်းအဝေးတစ်ခုကို ပူတင်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာတယ်။
အနောက်နိုင်ငံများရဲ့ ပိတ်ဆို့အရေးယူမှုများနဲ့ ယူကရိန်းစစ်ပွဲကြောင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဖိအားများရှိနေ ပေ မယ့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် အိန္ဒိယနဲ့ ရုရှားတို့က ကြိုးပမ်းနေကြ တယ်။ ဆွေးနွေးမှုများမှာ မြေရှားသတ္တုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရုရှားရဲ့ Su-57 stealth တိုက်လေယာဉ် များကို အိန္ဒိယထံ ရောင်းချနိုင်ခြေတို့လည်း ပါဝင်မယ်လို့ မျှော်လင့်ရတယ်။ ဒါ့အပြင် ရုရှားရဲ့ IL-114 turboprop တာဘိုပန်ကာလေယာဉ်နဲ့ Sukhoi Superjet 100 ခရီးသည်တင်လေယာဉ်များအပါအ ဝင် အိန္ဒိယနိုင်ငံမှာ လေ ယာဉ်ထုတ်လုပ်ရေးဆိုင်ရာ ဆွေးနွေးမှုများကိုလည်း နှစ်နိုင်ငံစလုံးက တိုးချဲ့လုပ်ဆောင်လျက်ရှိတယ်။
တစ်ချိန်တည်းမှာပဲ ရှီကျင့်ဖျင်ကလည်း စက်တင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမယ့် BRICS ထိပ်သီး အစည်းအဝေးသို့ တက်ရောက််မှာဖြစ်ပြီး ဝန်ကြီးချုပ်မိုဒီနဲ့ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပါလိမ့်မယ်။ တရုတ်ခေါင်းဆောင်ရဲ့ ၂၄ နာရီကြာ ခရီးစဉ်ဟာ ၇-နှစ်အတွင်း အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက် လည် ပတ်မှု ဖြစ်တယ်။ ရှီဟာ တရုတ်ကွန်မြူနစ်ပါတီ အဆင့်မြင့်အရာရှိများဖြစ်ကြတဲ့ ကိုင်ကျီ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့အပါအဝင် အစိုးရကိုယ်စားလှယ် ၆၇ ဦးပါ အဖွဲ့ကို ဦးဆောင်လာမှာဖြစ်ပြီး သီးခြားစီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း လာရောက်လိမ့်မယ်။
ကုန်သွယ်ရေးကိစ္စရပ်များနဲ့ အိန္ဒိယ-တရုတ် နယ်စပ်ကိစ္စရပ်များဟာ မိုဒီနဲ့ ရှီတို့ ဆွေးနွေးပွဲရဲ့ အဓိကအကြောင်း အရာများ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ နှစ်နိုင်ငံစလုံးအတွက် သင့်လျော်မျှတတဲ့ ဈေးကွက် ဝင်ရောက် ခွင့်၊ ထောက်ပံ့ရေးကွင်းဆက်အပေါ် ယုံကြည်စိတ်ချရမှု၊ ကုန်သွယ်ရေး မညီမျှမှုတို့နဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့ စိုးရိမ် ပူပန်မှုများကို မိုဒီက ထုတ်ဖော်ပြောဆိုဖွယ်ရှိတယ်။ ၎င်းတို့ တွေ့ဆုံမှုဟာ ၂၀၂၄ ခုနှစ် ရု ရှား နိုင်ငံမှာ ကျင်းပခဲ့တဲ့ BRICS ထိပ်သီးအစည်းအဝေးအပြီး ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုနောက်ပိုင်း ဆက်လက် ထွန်းပေါ်လာ ခြင်းဖြစ်တယ်။ အဲ့ဒီအစည်းအဝေးကျင်းပစဉ် ၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ အရှေ့ လာဒက်နယ်စပ် စစ်ရေးတင်း မာမှုပြဿနာများကို ဖြေရှင်းရေးနဲ့ အဆင့်မြင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် နှစ်နိုင်ငံသဘောတူညီခဲ့ကြ တယ်။
အိန္ဒိယအနေနဲ့ ရုရှားရော တရုတ်နဲ့ပါ ဆက်ဆံရေးကို တစ်ပြိုင်နက်တည်း ထိန်းသိမ်းမြှင့်တင်ရန် ကြိုး ပမ်းနေ ကြောင်း ခရီးစဉ်နှစ်ခုစလုံးက ထင်ရှားစေတယ်။ ယူကရိန်းစစ်ပွဲနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံများရဲ့ ရုရှားအပေါ် ဖိအားများရှိနေပေမယ့် နယူးဒေလီက မော်စကိုနဲ့ ကာကွယ်ရေး၊ စွမ်းအင်နဲ့ စီးပွားရေးပူးပေါင်းမှု များကို ဆက်လက်တိုးချဲ့နေတယ်။ တစ်ဖက်မှာလည်း အိန္ဒိယနဲ့ တရုတ်အကြား နယ်စပ်တင်းမာမှုများ ရှိနေဆဲ ဖြစ်ပေမယ့် ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံမှုများ ပြန်လည်တိုးမြှင့်ရန် ကြိုးပမ်းနေတယ်။
ပူတင်နဲ့ ရှီတို့ရဲ့ နယူးဒေလီခရီးစဉ်များဟာ BRICS အစည်းအဝေးတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ အိန္ဒိယ က အင်အားကြီးနိုင်ငံများအကြား သူ့ရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးပြီး လွတ်လပ်တဲ့ မဟာဗျူဟာအနေအထားကို ဆက်လက်တည်ဆောက်နေကြောင်း ဖော်ပြနေတယ်။
ကမ္ဘာ့လူဦးရေအများဆုံး နျုလက်နက်ပိုင် အရှေ့အင်အားကြီးနိုင်ငံတို့အကြား သံတမန်ရေး-စစ်ရေး-ကုန်သွယ်ရေး အဆင်ပြေချောမွေ့ခြင်းဟာ အထူးသဖြင့် မြန်မာလို နှစ်နိုင်ငံကြား တိုင်းပြည်နဲ့ ကမ္ဘာ့နိုင်ငံငယ်များအတွက် စီးပွားရေး အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်လာနိုင်တယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း ညောင်သီးလဲစား၊ လေးသံလည်း နားထောင်ရင်း အမေရိကန်နဲ့ အနောက်အုပ်စုက မျက်စိနောက်အောင် မလုပ်မိဖို့လဲ သတိထားရမယ်။ ဆင်ကြီးတွေအတွက် တစ်ထွာလောက် ဒဏ်ရာဆိုတာ ဆိတ်အတွက် သေလုမျောပါး ဖြစ်နိုင်တယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက သင်္ဘောကျင်းတစ်ခုမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံးလူ(၂၅)ဦးသေဆုံး
RELATED POSTS
08 Oct 2026 | ဆောင်းပါး,ပြည်တွင်း
08 Oct 2026 | ဆောင်းပါး,နိုင်ငံတကာ
