တောင်ကိုရီးယားမှာ (၇) လအတွင်း ခရီးသွားတိုင်ကြားမှု စံချိန်တင် မြင့်တက်
ရောင်နီ (NSS) - စက်တင်ဘာ ၁၁
တောင်ကိုရီးယားနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားတွေရဲ့တိုင်ကြားမှုတွေဟာ ၂၀၂၆ ခုနှစ်ရဲ့ပထမ (၇) လအတွင်းမှာတင် စံချိန်တင် အမြင့်ဆုံး ရောက်ရှိသွားခဲ့တယ်လို့ ကိုရီးယားခရီးသွားလာ ရေးအဖွဲ့အစည်း (KTO) ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခရီးသွားတိုင်ကြားမှုပေါင်း ၁,၇၅၃ မှုကို လက်ခံရရှိခဲ့တာဖြစ်ပြီး အဲဒီ ပမာဏဟာ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးရဲ့ စုစုပေါင်း တိုင်ကြားမှု ၁,၇၄၄ မှုကို ကျော်လွန်ကာ တိုင်ကြားမှုအများဆုံး စံချိန်တင်ခဲ့ပါတယ်။
အဓိက တိုင်ကြားတဲ့အကြောင်းအရင်းတွေကတော့ တည်းခိုခန်းတွေရဲ့ တစ်ဖက်သတ် ဘိုကင် ဖျက်သိမ်းခြင်းနဲ့ လွန်ကဲတဲ့ဒဏ်ကြေးကောက်ခံခြင်း (၅၀၀ မှု)၊ စျေးဆိုင်တွေရဲ့ ယဉ်ကျေးမှုမရှိတဲ့ ဝန်ဆောင်မှုနဲ့ စျေးနှုန်း အငြင်းပွား မှု(၃၇၆ မှု)၊ လေဆိပ်နဲ့ လေကြောင်းလိုင်း ဝန်ဆောင်မှု (၁၈၆ မှု)၊ တက္ကစီတွေ မီတာမဖွင့်ခြင်းနဲ့ မဆင်မခြင် မောင်းနှင်ခြင်း (၁၈၂ မှု) နဲ့ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ တိုင်ကြားချက် (၁၄၆ မှု) တို့ ပါဝင်တယ်လို့ သိရပါတယ်။ ဒေသအလိုက် တိုင်ကြားမှုမှာဆိုရင် မြို့တော်ဆိုးလ်က ၆၆၅ မှုနဲ့ အများဆုံးဖြစ်ပြီး၊ ဘူဆန် က ၅၉၄ မှုနဲ့ ဒုတိယအများဆုံး ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် ဘူဆန်မြို့မှာ ဇွန်လအတွင်းက ပြုလုပ်ခဲ့တဲ့ BTS concert ဖျော်ဖြေပွဲကို ခရီးသွား ၁၁၀,၀၀၀ ခန့် လာရောက်ခဲ့ပြီးနောက် ဘူဆန်မြို့ရဲ့ တိုင်ကြားခံရမှုဟာ ယခင်နှစ် ကာလတူကာလကထက် ၂.၅ ဆခန့် ရုတ်တရက် မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။
တိုင်ကြားသူ နိုင်ငံသားတွေထဲမှာ တရုတ်ခရီးသွားတွေက ၆၈၀ မှုနဲ့ အများဆုံး ဖြစ်ပြီး တောင်ကိုရီးယားခရီးသွားက ၆၈၀ မှု၊ ဂျပန်ခရီးသွား ၂၆၃ မှု၊ ထိုင်ဝမ်ခရီးသွား ၁၈၂ မှုနဲ့ ဟောင်ကောင်ခရီးသွား ၈၇ မှုတို့ ပါဝင်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားရဲ့ ခရီးသွားလုပ်ငန်းမှာ ယခုနှစ် ပထမနှစ်ဝက်အတွင်း ပြည်ပခရီးသွား ၁၀ သန်းကျော် ဝင်ရောက်ခဲ့ပြီး စံချိန်တင် တိုးတက်နေပေမယ့်လည်း တည်းခိုခန်းနဲ့ ဝန်ဆောင်မှု ပိုင်းဆိုင်ရာ အခြေခံ ပြဿနာတွေကို မဖြေရှင်းနိုင်ရင်တော့ ခရီးသွားလုပ်ငန်း ရေရှည်တိုးတက်မှုကို ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို လူ (၁.၇) သန်းနီးပါး သေဆုံးနေ
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
