မလေးရှားနိုင်ငံ၊ ဆီလန်ဂေါမှာ လေထုညစ်ညမ်းမှုကြောင့် ပြင်ပအမှိုက် မီးရှို့ခြင်းများ ပိတ်ပင်
ရောင်နီ (NSS) - စက်တင်ဘာ ၁၁
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်မှာ လေထုအရည်အသွေး ပိုမိုဆိုးရွားလာတာကြောင့် လေထုညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပမီးရှို့မှုအားလုံးကို လုံးဝပိတ်ပင်လိုက်ပြီး စည်းကမ်းဖောက်ဖျက်သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဂျာမာလက်ဟ်ဂျာမာလူဒင် က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ (၆) ရက် နံနက် (၁၁) နာရီအထိ တိုင်းတာချက်တွေအရ ဆီလန်ဂေါ ပြည်နယ်အတွင်းရှိ ဂျိုဟန်ဆီတီယာ မှာ လေထုအရည်အသွေး ညွှန်းကိန်း (API) ၁၈၀ အထိ ရှိခဲ့သလို ရှာအလမ်၊ ပီတာလင်းဂျာယာ၊ ကလန်း၊ ဘန်တင်း နဲ့ ကွာလာဆီလန်ဂေါ မြို့တွေမှာလည်း API ၁၅၅ မှ ၁၆၈ အထိ ရှိနေကာ ကျန်းမာရေးအတွက် မကောင်းတဲ့ အဆင့်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ မြေပြင်အခြေအနေကို အနီးကပ် စေင့်ကြည့်လျက်ရှိပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မီးသတ်နဲ့ ကယ်ဆယ်ရေး၊ ကျန်းမာရေးနဲ့ပညာရေးဌာနတို့ပူးပေါင်းပြီး စည်းကမ်းထိန်းသိမ်းရေးတွေ ပိုမိုတင်းကျပ် သွားမယ်လို့ ဆိုပါတယ်။ လေထုညစ်ညမ်းမှုညွှန်းကိန်း (API) ၂၀၀ ကျော်လွန်သွားရင်တော့ စာသင်ကျောင်း၊ မူကြိုနဲ့ ကလေးထိန်းကျောင်းကို ချက်ချင်းပိတ်သိမ်းဖို့ ညွှန်ကြားထားပါတယ်။ ဒါအပြင် ပြည်သူတွေ အနေနဲ့ အပြင်ဘက်မှာ ပြင်းထန်တဲ့လှုပ်ရှားမှုတွေကိုလျှော့ချဖို့နဲ့ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေနဲ့ အသက်ရှူလမ်းကြောင်းရောဂါရှိသူတွေ အပြင်ထွက်ခြင်းကို ကန့်သတ်ကြဖို့ အကြံပြုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးလေဆိပ်မှ နိုင်ငံတကာခရီးစဉ်များ ခေတ္တရပ်ဆိုင်းကာ ပြည်တွင်းခရီးစဉ်များကို ပြင်ဦးလွင်အနီးစခန်းလေဆိပ်မှပြောင်းလဲပြေးဆွဲမည်ဟု MAI အသိပေး
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
