Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဉာဏ်အလင်းပွင့်ခေတ် နိဂုံးချုပ်ပြီလား (ဘာသာပြန် အတွေးအခေါ် ဆောင်းပါး)


သန်းထိုက်စိုး (NSS) - စက်တင်ဘာလ ၁ဝ 


ဉာဏ်အလင်းပွင့်ခေတ်ကြီး တကယ်ပဲ နိဂုံးချုပ် သွားပြီလားဟူသောမေးခွန်းမှာ ယနေ့ကမ္ဘာ့နိုင်ငံရေး စင်မြင့်ထက်တွင် အပြင်းအထန် ဆွေးနွေးငြင်းခုံစရာ ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ လူသားတို့၏ တိုးတက်မှု သမိုင်းတွင် အရေးပါလှသော ဤခေတ်ကြီး၏အနာ ဂတ်မှာ ယခုအခါ ကြီးမားသည့်စိန်ခေါ်မှုပေါင်းစုံနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ကွန်မြူနစ်ဝါဒပြိုကျမှုနှင့်အ တူ လူသားတို့၏သဘောတရားရေးရာရုန်းကန်မှုကြီး ပြီးဆုံးသွားပြီဟု နိုင်ငံရေးသီအိုရီပညာရှင် ဖရန်စစ်ဖူ ကူယားမားက (၁၉၈၉)ခုနှစ်တွင်ထုတ်ဝေခဲ့သော သ မိုင်း၏နိဂုံး(The End of History) စာတမ်း၌ ရဲရဲ ဝံ့ဝံ့သုံးသပ်ခဲ့ဖူးသည်။ 

လူသားတို့အတွက် လစ်ဘရယ်ဒီမိုကရေစီစနစ် သာ နောက်ဆုံးအုပ်ချုပ်ရေးပုံစံဖြစ်လာမည်ဟုဆိုခဲ့ သောထိုအယူအဆမှာ ပြီးခဲ့သည့်ရာစုနှစ်ဝက်အတွင်း အကြီးအကျယ်တိုက်ခိုက်ခံရပြီး အထင်လွဲမှားမှုပေါင်း များစွာနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ယနေ့အချိန်တွင် Óဏ်အလင်းပွင့်ခေတ်ကြီး လုံးဝပြီးဆုံးသွားခြင်းမရှိ သေးသော်လည်း ယင်းခေတ်၏တန်ဖိုးများမှာ ကြီးမား သောဖိအားများအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သတိပေးလျက်ရှိသည်။ ဤအခြေအနေများကိုနားလည်နိုင်ရန်အတွက် ဉာဏ် အလင်းပွင့်ခေတ်၏ မူလ သဘောသဘာဝများကို အ ရင်ဆုံး ပြန်လည်သုံးသပ်ကြည့်ရန်လိုအပ်မည်ဖြစ်သည်။


ဉာဏ်အလင်းပွင့်ခေတ်နှင့် လစ်ဘရယ်ဒီမိုကရေစီ၏ အမြစ်တွယ်ရာ 

ဉာဏ်အလင်းပွင့်ခေတ်(Age of Enlightenment) ဆိုသည်မှာ (၁၆)ရာစုနှင့် (၁၇)ရာစုတို့တွင် ဖြစ်ပေါ်ခဲ့ပြီး ခေတ်သစ်သဘာဝသိပ္ပံကို လူသားတို့၏ စီမံကိန်းဗဟိုချက်တွင်ထားရှိခဲ့သော အလှည့်အ ပြောင်းတစ်ခုဖြစ်သည်။ ယင်းခေတ်မတိုင်မီက အမှန် တရားအဖြစ်လက်ခံထားခဲ့သော ဘာသာရေးအဖွဲ့အ စည်းများ၏ တရားသေယုံကြည်မှုများကို သိပ္ပံနည်းကျ စူးစမ်းမှုများဖြင့် ရဲရဲဝံ့ဝံ့အစားထိုးနိုင်ခဲ့ကြသည်။ 

သိပ္ပံပညာ၏အကူအညီဖြင့် လူသားတို့သည် မိမိ တို့ပတ်ဝန်းကျင်ရှိ ရုပ်ဝတ္ထုလောကကြီးကို ပိုမိုမြန် ဆန်စွာနားလည်လာပြီး လက်တွေ့ကျကျ ကိုင်တွယ် အသုံးချနိုင်စွမ်းရရှိလာခဲ့သည်။ ယင်းတိုးတက်မှုများမှ တစ်ဆင့် ယနေ့ခေတ်လူသားများခံစားနေရသော ကြီး ပွားချမ်းသာမှုများနှင့် ခေတ်သစ်စီးပွားရေးလောက ကြီးကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် လူသားတို့၏ တစ်ဦးချင်းစေ့ဆော်မှုများ၊ အပြုအမူများနှင့် လူ့အဖွဲ့အစည်း၏လည်ပတ်ပုံများ ကိုပါ ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက် လာစေခဲ့သည်။ တရားသေယုံကြည်မှုများနေရာတွင် အကျိုးအကြောင်းဆီလျော်သော သိပ္ပံနည်းကျအမှန် တရားများဖြင့်အစားထိုးနိုင်ခဲ့ခြင်းသည် ဤခေတ်၏ အဓိကအနှစ်သာရပင် ဖြစ်သည်။ 

ထိုသို့သော ဉာဏ်အလင်းပွင့်ခေတ်၏ အရေး အကြီးဆုံးရလဒ်များအနက်မှတစ်ခုမှာ ယနေ့ခေတ် လစ်ဘရယ်ဒီမိုကရေစီစနစ် ရှင်သန်ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဤစနစ်သည် ပရိုတက်စတင့် ပြုပြင်ပြောင်း လဲရေးအပြီး ဥရောပတိုက်တွင်ပေါ်ပေါက်ခဲ့သော ဘာ သာရေးစစ်ပွဲများ၏ ခါးသီးသောအတွေ့အကြုံများမှ တိုက်ရိုက်မြစ်ဖျားခံလာခြင်းဖြစ်သည်။ နှစ်ပေါင်း (၁၅၀)နီးပါးခန့် ဥရောပတိုက်သားတို့သည် ခံယူချက် မတူညီမှုလေးများကြောင့် အချင်းချင်း ရက်ရက်စက် စက်သတ်ဖြတ်နေခဲ့ကြသည်။ နိုင်ငံရေးစနစ်တစ်ခုကို ပြင်းထန်သော ဘာသာရေးအမြင်များအပေါ်အခြေခံ ပါက ငြိမ်းချမ်းရေးကို မည်သည့်အခါမျှ ရရှိနိုင်မည်မ ဟုတ်ကြောင်း နောက်ဆုံးတွင် သူတို့ သဘောပေါက် သွားခဲ့ကြသည်။ 

ထို့ကြောင့် ကမ္ဘာကြီးတကယ်လည်ပတ်နေပုံကို ပိုမိုလက်တွေ့ကျကျနားလည်သော သိပ္ပံနည်းကျအ မြင်သစ်များဖြင့် လူ့အဖွဲ့အစည်းကိုအုပ်ချုပ်ရန် ဆုံး ဖြတ်ခဲ့ကြသည်။ ဤသို့ဖြင့် နိုင်ငံတော်မှ လူနေမှုပုံစံ တစ်ရပ်တည်းကိုသာ အတင်းအကျပ်ပြဋ္ဌာန်းခိုင်းစေ ခြင်းမျိုးမလုပ်သော လွတ်လပ်သည့် လစ်ဘရယ်စနစ် ဟူ၍ အခိုင်အမာ သန္ဓေတည်ပေါ်ပေါက်လာခဲ့သည်။ 

ယနေ့ခေတ်တွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ကျင့်သုံးနေကြသော လစ်ဘရယ်ဒီမိုကရေစီဆိုသည် မှာ လစ်ဘရယ်ဝါဒနှင့်ဒီမိုကရေစီတို့ကို ဟန်ချက်ညီ ညီပေါင်းစပ်ထားသောစနစ်တစ်ခုဖြစ်သည်။ ဒီမိုက ရေစီ၏သဘောတရားမှာ ရှင်းလင်းပြီး ပြည်သူလူထု က မိမိတို့ကိုအုပ်ချုပ်မည့်အစိုးရကို နောက်ဆုံးတွင် ကိုယ်တိုင်ရွေးချယ်ခွင့်ရှိသည်ဆိုသော အယူအဆကို ဖော်ညွှန်းသည်။ လစ်ဘရယ်ဆိုသည့်အပိုင်းကမူ ထို သို့ရွေးကောက်ခံထားရသောအစိုးရ၏အာဏာကို စည်းမျဉ်းဥပဒေများဖြင့် စနစ်တကျ ကန့်သတ်ထိန်း ချုပ်ခြင်းကိုဆိုလိုသည်။ 

အစိုးရအနေဖြင့် ပြည်သူလူထုက ရွေးချယ်ထား ခြင်းဖြစ်စေကာမူ နိုင်ငံသားများ၏ အခြေခံအခွင့်အ ရေးများကို လုံးဝချိုးဖောက်ခွင့်မရှိပါ။ စီးပွားရေးတွင် လည်း ဝယ်သူနှင့်ရောင်းသူ လွတ်လပ်စွာဆုံးဖြတ်နိုင် သောဈေးကွက်မျိုးကို ဖန်တီးပေးရမည်ဖြစ်ပြီး အစိုးရ က အလုံးစုံခြယ်လှယ်ခွင့်မရနိုင်ပါ။ ဤသို့ ဒီမိုကရေစီ နည်းကျတာဝန်ခံမှုနှင့် လစ်ဘရယ်တရားဥပဒေစိုးမိုး ရေးတို့ပေါင်းစပ်ထားခြင်းသည် လူသားတို့အတွက် အကောင်းဆုံး နိုင်ငံရေးပုံစံတစ်ခုအဖြစ် ရပ်တည်လာ ခဲ့သည်။


နောက်ဆုံးလူသားနှင့် ဒီမိုကရေစီ၏ နောက်ပြန်ဆုတ်ခြင်း 

သို့သော် လွန်ခဲ့သော(၃၅)နှစ်တာသမိုင်းကြောင်း ကိုပြန်ကြည့်လျှင် ဤစနစ်ကြီးအတွက် ကြီးမားသော စိန်ခေါ်မှုအသစ်များပေါ်ပေါက်လာသည်ကို မြင်တွေ့ ရမည်ဖြစ်သည်။ ဘာလင်တံတိုင်း ပြိုကျပြီးနောက်ပိုင်း လစ်ဘရယ်ဒီမိုကရေစီနိုင်ငံပေါင်း (၃၅)နိုင်ငံခန့်မှ နိုင်ငံပေါင်း(၁၀ဝ)ကျော်အထိ အရှိန်အဟုန်ဖြင့် တိုး တက်လာခဲ့သည်။ သို့သော်လည်း (၂၀ဝ၈) ခုနှစ်ဝန်း ကျင်မှစ၍ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ နောက် ပြန်ဆုတ်လာခဲ့သည်။ တရုတ်နှင့်ရုရှားကဲ့သို့သော အင်အားကြီးနိုင်ငံများက ၎င်းတို့၏ဩဇာလွှမ်းမိုးမှုကို ဖြန့်ကြက်ရန် ကြိုးစားလာသည်ကို သတိပြုမိနိုင်သည်။ ပို၍စိုးရိမ်စရာကောင်းသည်မှာ ဒီမိုကရေစီအမာခံနိုင် ငံများအတွင်း၌ပင် လစ်ဘရယ်ဆန့်ကျင်ရေးပါတီများ အားကောင်းလာခြင်းဖြစ်သည်။ ဤအခြေအနေများက လစ်ဘရယ်ဒီမိုကရေစီ၏အနာဂတ်အတွက် လှိုင်း လေထန်သောခရီးစဉ်တစ်ခုကိုပုံဖော်ပြသနေပြီး လွတ်လပ်ခွင့်များအပေါ် ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်လာစေသည်။ 

ဒီမိုကရေစီ နောက်ပြန်ဆုတ်မှု၏ အထင်ရှားဆုံး သာဓကတစ်ခုမှာ ဗစ်တာအော်ဘန်အုပ်ချုပ်နေသော ဟန်ဂေရီနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းပင်ဖြစ်သည်။ အော်ဘန်က သူတည်ဆောက်လိုသောအစိုးရမှာ တ ရားဥပဒေစိုးမိုးရေးကိုအလေးမထားသည့် "လစ်ဘ ရယ်မဟုတ်သော ဒီမိုကရေစီမျိုးဖြစ်သည်ဟု ပွင့်ပွင့် လင်းလင်းကြေညာကာအုပ်ချုပ်ခဲ့သည်။ ဤသို့သော ဆုတ်ယုတ်မှုမျိုး ဥရောပနိုင်ငံများစွာတွင်ဖြစ်ပေါ်နေ ပြီး လက်ယာစွန်းရောက်လူပြိန်းကြိုက်ပါတီများ အ မြစ်တွယ်လာနေသည်ကိုတွေ့ရသည်။ အရေးအကြီး ဆုံးအပြောင်းအလဲမှာ ဒေါ်နယ်ထရမ့် ထွက်ပေါ်လာ ခြင်းနှင့်အတူ အမေရိကန်ပြည်ထောင်စုတွင်ဖြစ်ပေါ် ခဲ့သော နိုင်ငံရေးဂယက်များဖြစ်သည်။ ထရမ့်သည် ဒီမိုကရေစီနည်းကျရွေးချယ်ခံရသူဖြစ်သော်လည်း ဥပဒေကို လေးစားမှုမရှိဘဲ အုပ်ချုပ်ရေးအမိန့်များဖြင့် ဘုရင်တစ်ပါးကဲ့သို့ပြုမူခဲ့သည်။ ယင်းသို့သော လစ် ဘရယ်မဆန်သည့်အုပ်ချုပ်မှုများသည် နောက်ဆုံး တွင် ဒီမိုကရေစီ၏အခြေခံအုတ်မြစ်များကိုပါ ဆွေး မြည့်ပျက်စီးသွားစေမည့်အန္တရာယ် ကြီးမားသည်။ 

ဤသို့သောအခြေအနေများ အဘယ်ကြောင့်ဖြစ် ပေါ်လာရသနည်းဆိုသည်ကို တွေးခေါ်ပညာရှင်ဖရက် ဒရစ်နီရှေး၏ (နောက်ဆုံးလူသား)ဆိုသော သဘော တရားဖြင့်ရှင်းပြနိုင်သည်။ လစ်ဘရယ်အစိုးရက ချမ်း သာကြွယ်ဝမှုနှင့်လုံခြုံရေးကို အပြည့်အဝဖန်တီးပေး လိုက်သောအခါ လူတို့ထံတွင် ပိုမိုမြင့်မားသောရည် မှန်းချက်ဟူသည် တဖြည်းဖြည်းပျောက်ဆုံးသွားတတ် သည်။ လူတို့သည် မိမိတို့အသက်ကိုစွန့်လွှတ်ရဲလောက် အောင်အရေးပါသည့်အရာမရှိတော့ဘဲ မိသားစုလုံခြုံ မှုနှင့်ပင်ကျေနပ်နေသော နောက်ဆုံးလူသားများ ဖြစ် လာကြသည်။ ယခု ဥရောပနှင့်အမေရိကန်တွင် ကြုံ တွေ့နေရသည်မှာ ထိုသို့သောငြိမ်းချမ်းရေးနှင့် ကြီး ပွားချမ်းသာမှုကို အလွယ်တကူရနေကျအရာများအ ဖြစ် သဘောထားလာကြခြင်းပင်ဖြစ်သည်။ ငြိမ်းချမ်း ရေးကိုငြီးငွေ့လာသောလူအချို့က ပို၍အားကောင်း သည့်အသိုက်အဝန်း စိတ်ဓာတ်နှင့် ရုန်းကန်ရမှုတစ်ခု ခုကို ပြင်းပြင်းပြပြလိုလားလာကြသည်။ ထိုသို့သော လိုလားချက်များကပင် ယနေ့ခေတ် ကမ္ဘာတစ်ဝန်းရှိ လက်ယာစွန်းရောက်ပါတီများကို အသက်သွင်းပေးသ ကဲ့သို့ဖြစ်နေပြီး နိုင်ငံရေးမတည်ငြိမ်မှုများကို ဖန်တီး နေသည်။ 

လူသားတို့၏သဘာဝကို နက်နက်ရှိုင်းရှိုင်းလေ့ လာကြည့်လျှင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာအောင်မြင်မှုထက် အသိအမှတ်ပြုခံရမှုကို ပို၍မက်မောတတ်ကြသည် ကို ထင်ရှားစွာမြင်တွေ့နိုင်သည်။ လစ်ဘရယ်ဝါဒက လူတိုင်းကို တန်းတူညီတူအခွင့်အရေးပေးကာ အသိ အမှတ်ပြုထားသော်လည်း အချို့လူများအတွက်မူ ယင်းမှာ လုံလောက်သောကျေနပ်မှုမျိုးမပေးစွမ်းနိုင်ပါ။ သူတို့သည် ခိုင်မာသောတန်ဖိုးထားမှုများ၊ ဘာ သာရေးအသိုက်အဝန်းများနှင့် သီးခြားဂုဏ်သိက္ခာပိုင်း ဆိုင်ရာအသိအမှတ်ပြုမှုများကို ပို၍လိုလားလာကြ သည်။ လစ်ဘရယ်လူ့အဖွဲ့အစည်းက မတူညီသောယုံ ကြည်မှုများကို အပြန်အလှန်သည်းခံရန်တောင်းဆို သော်လည်း၊ ယင်းမှာ အစွန်းရောက်ယုံကြည်သူများ အတွက်မူ လုံးဝလက်ခံနိုင်စရာမရှိပါ။ မိမိတို့၏အမှန် တရားကိုသာ ကျန်သူများပါလိုက်နာစေလိုသောဆန္ဒ များမှတစ်ဆင့် အမျိုးသားရေးဝါဒီများနှင့် ဘာသာရေး အစွဲအလမ်းကြီးသူများ အများအပြားထွက်ပေါ်လာခဲ့ သည်။ ဤအချက်သည် လက်ရှိ လစ်ဘရယ်စနစ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသော လစ်ဘရယ်မ ဆန်သည့်ရည်မှန်းချက်များ၏ အဓိကတွန်းအားတစ်ခု အဖြစ် ခိုင်ခိုင်မာမာရပ်တည်နေသည်။


သိပ္ပံပညာအပေါ် ယုံကြည်မှုကင်းမဲ့လာခြင်းနှင့် သတင်းအချက်အလက် အကျပ်အတည်း 

နိုင်ငံရေးစနစ်များသာမက ဉာဏ်အလင်းပွင့် ခေတ်၏ အသက်သွေးကြောဖြစ်သော သိပ္ပံပညာ ကိုယ်တိုင်ကလည်း ယနေ့ခေတ်တွင် ပြင်းထန်သော ဖိအားများအောက်သို့ရောက်ရှိနေသည်။ ကိုဗစ်ကပ် ရောဂါကာလအတွင်း ပြည်သူ့ကျန်းမာရေးအာဏာပိုင် များ၏ညွှန်ကြားချက်အချို့မှာ အချက်အလက်အပြည့် အစုံမရှိဘဲ အလျင်စလိုချမှတ်ခဲ့ရသည်များရှိသည်။ သိပ္ပံပညာ၏သဘာဝမှာ မှားယွင်းကြောင်းသက်သေပြ ရန်သာကြိုးစားနိုင်ပြီး နောက်ဆုံး အမှန်တရားဟူသည် ကိုအတိအကျအတည်ပြုပေးနိုင်စွမ်းမရှိပါ။ သို့ရာတွင် ပြည်သူလူထုကမူ အာဏာပိုင်များ၏ လမ်းညွှန်ချက်အ ချို့မှားယွင်းသွားသောအခါ ကိုယ်ကျိုးရှာအထက်တန်း လွှာများက တမင်ခြယ်လှယ်နေသည်ဟု အထင်အမြင် လွဲမှားလာကြသည်။ ကျောင်းများပိတ်ထားရသည့်ကိစ္စ များတွင် နိုင်ငံရေးအရဖိအားပေးမှုများပါဝင်လာသော အခါ သိပ္ပံပညာသည် နိုင်ငံရေးနှင့် အကြီးအကျယ်ရော ထွေးသွားခဲ့ရသည်။ 

ဤအချက်သည် ကမ္ဘာတစ်ဝန်းရှိပြည်သူများအ ကြား သိပ္ပံပညာနှင့်ကျန်းမာရေးကဏ္ဍတာဝန်ရှိသူများ အပေါ် ယုံကြည်မှု အကြီးအကျယ်ကျဆင်းသွားစေရန် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်လာခဲ့သည်။ ဤပြဿ နာများပိုမိုဆိုးရွားလာရခြင်း၏နောက်ကွယ်တွင် အင် တာနက်နှင့်နည်းပညာ၏အခန်းကဏ္ဍက အဓိကနေ ရာမှ ပါဝင်ပတ်သက်နေသည်။ အင်တာနက်ပေါ်ပေါက် စက သတင်းအချက်အလက်များ လွတ်လပ်စွာစီးဆင်း လာပါက ဒီမိုကရေစီအတွက် ပိုမိုကောင်းမွန်လိမ့်မည်ဟု ပညာရှင်အများစုက အကောင်းမြင်မျှော်လင့်ခဲ့ကြသည်။ 

သို့သော် လက်တွေ့တွင်မူ သတင်းမှားများကိုစိ စစ်ဖယ်ရှားပေးသည့်သတင်းစာများနှင့် ရုပ်မြင်သံကြား ချန်နယ်များ၏ဩဇာအာဏာကို လုံးဝဖျက်ဆီးပစ် လိုက်သကဲ့သို့ဖြစ်သွားသည်။ အွန်လိုင်းပေါ်တွင် အ မှန်တရားဟူသည်ကို သိပ္ပံနည်းကျစမ်းသပ်မှုများထက် လူကြိုက်များမှုအတိုင်းအတာ " like "  အရေအတွက် ဖြင့်သာ အလွယ်တကူတိုင်းတာလာကြသည်။ 

ဤအခြေအနေသည် ဇာတ်ကြောင်းတုများကို ဖန်တီးပြီး လူထုကို မှိုင်းတိုက်လှုံ့ဆော်တတ်သော လူ ပြိန်းကြိုက်နိုင်ငံရေးသမားများအတွက် အခွင့်အရေး ကောင်းကြီးတစ်ခုဖြစ်လာခဲ့သည်။ အချက်အလက် များအပေါ် ဘုံသဘောတူညီမှုမရနိုင်တော့သောအခြေ အနေသည် ခေတ်သစ်ဒီမိုကရေစီ၏ လူထုဆွေးနွေးပြော ဆိုနိုင်သောနေရာများကို ကြီးမားစွာထိခိုက်စေခဲ့သည်။


အခြားရွေးချယ်စရာ မော်ဒယ်များနှင့် ဉာဏ်ရည်တု၏ ခြိမ်းခြောက်မှုသစ် 

တစ်ဖက်တွင်လည်း အနောက်တိုင်း လစ်ဘရယ် ဒီမိုကရေစီကို ပြင်းပြင်းထန်ထန်စိန်ခေါ်လာသော တရုတ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုများကို မျက်ဝါး ထင်ထင်မြင်တွေ့လာရသည်။ တရုတ်နိုင်ငံ ချမ်းသာ လာခြင်းသည် တိန့်ရှောင်ဖိန်လက်ထက်တွင် စီးပွား ရေးလစ်ဘရယ်ဝါဒကိုကျင့်သုံးပြီး ဈေးကွက်ကို စနစ် တကျဖွင့်ပေးခဲ့ခြင်းကြောင့်သာဖြစ်သည်။ သူတို့၏ အောင်မြင်မှုမှာ အနောက်တိုင်းကတီထွင်ခဲ့သော သိပ္ပံ နည်းကျလေ့လာမှုများနှင့်နည်းပညာကို အပြည့်အဝ မှီခိုထားရခြင်းဖြစ်သည်။ သို့သော် တရုတ်အစိုးရသည် ပြည်တွင်းလိုအပ်ချက်များကိုလျစ်လျူရှုပြီး ပို့ကုန်ကို သာ အဓိကထားမောင်းနှင်ရန်ဆုံးဖြတ်ခဲ့ခြင်းက ရေ ရှည်တွင် ပြဿနာရှိလာနိုင်သည်။ နိုင်ငံတော်မှ ရင်း နှီးမြှုပ်နှံမှုများကို ဗဟိုချုပ်ကိုင်ညွှန်ကြားသောစနစ် သည် အချိန်ကြာလာသည်နှင့်အမျှ ပညာရှိရှိစီမံနိုင်ရန် အလွန်ခက်ခဲလာမည်ဖြစ်သည်။ ထို့ကြောင့် ဤတ ရုတ်မော်ဒယ်မှာ လစ်ဘရယ်ဒီမိုကရေစီကို အစားထိုး နိုင်လောက်အောင် ရေရှည်တည်တံ့မည့်စနစ်တစ်ခု မဟုတ်ကြောင်း ခိုင်ခိုင်မာမာသုံးသပ်နိုင်သည်။ 

ဉာဏ်အလင်းပွင့်ခေတ်အတွက် နောက်ထပ် မျှော် လင့်မထားသောခြိမ်းခြောက်မှုအသစ်တစ်ခုမှာ စက် ယန္တရားများက လူသားများကိုယ်စား စတင်တွေးခေါ် လာခြင်းပင်ဖြစ်သည်။ AI ဟုခေါ်သော အဆင့်မြင့် ဉာဏ်ရည်တုများသည် အချက်အလက်ရှာပေးရုံသာ မက ဆုံးဖြတ်ချက်များကိုပါ လူသားများကိုယ်စား အ လိုအလျောက်ချမှတ်လာနိုင်စွမ်း ရှိလာကြပြီဖြစ်သည်။ လူတို့ကလည်း အချိန်ကုန်သက်သာစေရန်နှင့် စိတ်ခံ စားမှုကင်းကင်းဖြင့် ပိုမိုမြန်ဆန်စွာအလုပ်လုပ်နိုင်ရန် အတွက် စက်များထံ အာဏာလွှဲအပ်လိုစိတ် ပြင်းထန် လာကြသည်။ 

သို့သော် စက်များသည် သူတို့ကိုဖန်တီးခဲ့သူများ မျှော်လင့်မထားသော အန္တရာယ်ရှိသည့်ဆုံးဖြတ်ချက် များကို ကိုယ်ပိုင်အသိဉာဏ်ဖြင့်ချမှတ်လာနိုင်စွမ်း ရှိ နေပြီဖြစ်သည်။ ဤနည်းပညာကို လုံးဝပိတ်ပင်ပစ်ရန် မဖြစ်နိုင်သော်လည်း ဒီမိုကရေစီစံနှုန်းများနှင့်အညီအ သုံးပြုနိုင်ရန် စည်းမျဉ်းစည်းကမ်းများလိုအပ်နေသည် မှာ အသေအချာပင်ဖြစ်သည်။ လူသားများအနေဖြင့် ဤစက်ယန္တရားများကို မည်မျှအထိ လွတ်လပ်ခွင့်ပေး သင့်သနည်းဆိုသည်မှာ အနာဂတ်အတွက် အလွန်အရေးကြီးသောမေးခွန်းကြီးတစ်ခု ဖြစ်လာသည်။


ဒီမိုကရေစီ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် အနာဂတ်မျှော်လင့်ချက် 

ခြုံငုံကြည့်လျှင် ဉာဏ်အလင်းပွင့်ခေတ်ကြီးမှာ ပြီးဆုံးမသွားသေးသော်လည်း အဘက်ဘက်မှ ကြီး မားသောခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရသည်မှာ ငြင်းမရသောအမှန်တရားပင်ဖြစ်သည်။ သို့သော် ဂျာ မနီ၏ လူမှုရေး၊ ဈေးကွက်စီးပွားရေးကဲ့သို့သော ဟန် ချက်ညီသည့်မော်ဒယ်များမှတစ်ဆင့် အနာဂတ်အ တွက် သင်ခန်းစာကောင်းကောင်းယူနိုင်သေးသည်။ 

ဂျာမန်ဖွဲ့စည်းပုံအခြေခံဥပဒေသည် စုပေါင်း လုပ်ဆောင်မှုလိုအပ်ချက်နှင့် တစ်ဦးချင်းအခွင့်အရေး   များကိုထိန်းသိမ်းရန်လိုအပ်ချက်ကြားတွင် အကောင်း ဆုံး ဟန်ချက်ညီအောင်ဖန်တီးထားနိုင်သည်။ ပြည်သူ လူထုအနေဖြင့်လည်း လစ်ဘရယ်ဆန့်ကျင်ရေးဝါဒ ကိုတိုက်ဖျက်ရန်အတွက် တွန်းလှန်စည်းရုံးနိုင်စွမ်းများ အပြည့်အဝရှိနေကြဆဲဖြစ်သည်။ ဟန်ဂေရီနှင့်တခြား နေရာများတွင် ပြည်သူများက ဒီမိုကရေစီကိုကာကွယ် ရန် မဲပေးရွေးချယ်ခဲ့ကြသည့်သာဓကများလည်း ထင် ရှားစွာရှိနေသည်။ အမေရိကန်ပြည်ထောင်စုတွင် လည်း မကျေနပ်သောပြည်သူများသည် ရွေးကောက် ပွဲများရောက်လာသောအခါ ဒီမိုကရေစီကိုကာကွယ် ရန် ထွက်လာကြဦးမည်မှာ သေချာသည်။ 

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် ဉာဏ်အလင်းပွင့် ခေတ်ကြီးသည် အချို့လူများစိုးရိမ်နေသကဲ့သို့ လုံးဝပြီး ဆုံးသွားခြင်းမရှိသေးပေ။ ဒီမိုကရေစီကိုခြိမ်းခြောက် နေသောအန္တရာယ်များရှိနေသော်လည်း လစ်ဘရယ် ဒီမိုကရေစီကို အစားထိုးနိုင်လောက်အောင် သာလွန် ကောင်းမွန်သောစနစ်မျိုး ကမ္ဘာပေါ်တွင် မပေါ်ထွက် သေးပါ။ လစ်ဘရယ်ဒီမိုကရေစီစနစ်သည် အနာဂတ် ၏ အောင်မြင်သောအစိုးရတိုင်း မဖြစ်မနေ ရှင်သန် ရပ်တည်ရမည့်အခြေခံမူဘောင်အဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ 

အဆိုးမြင်လွန်းခြင်းသည် လစ်ဘရယ်ဆန့်ကျင် ရေးတွန်းလှည်းကြီးကို အလိုအလျောက် အားပေးရာ ရောက်သွားနိုင်သဖြင့် မျှော်လင့်ချက် မလျှော့ရန် အ လွန်အရေးကြီးသည်။ အနာဂတ်သည် လူနည်းစု၏ ဆန္ဒအတိုင်းမဟုတ်ဘဲ လူများစု၏ဆန္ဒအတိုင်းဖြစ်လာ စေရန် ခက်ခဲသောနိုင်ငံရေးအလုပ်များကို စိတ်ရှည် လက်ရှည် ဆက်လက်လုပ်ဆောင်သွားကြရမည်ဖြစ် သည်။ ဒီမိုကရေစီ၏အလင်းရောင် ဆက်လက်လင်း လက်နေစေရန် လူသားအားလုံးက ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရန်လိုအပ်မည်ဟု သုံးသပ်ရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှား၏ကာကွယ်ရေး အသုံးစရိတ် ပိုမိုမြင့်တက်လာနေဟုဆို

RELATED POSTS
RECENT POSTS
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved