Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်သူ့စစ်မှုထမ်းရထားကြီး ခဏရပ်ပြီး ပြင်ထိန်းလုပ်သင့်ပြီလား

သုတကျော် (NP News) - စက်တင်ဘာလ ၁ဝ 

မြေပြင်အခြေအနေများအရ ပြည်သူ့စစ် မှုထမ်းခေါ်ယူခြင်းကို (၆)လ သို့မဟုတ် (၃)လခန့်ယာ ယီရပ်နားကာ ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်သင့် သည်ဟုအကြံပြုချင်သည်။ အဘယ်ကြောင့်ပါနည်း။ 

နှစ်နှစ်ကျော်ကြာ အရှိန်အဟုန်အပြည့် မနားတမ်းမောင်းနှင်နေသောရထားကြီးကို ဘူတာပြင် ရုံတစ်ခု၌ ခဏရပ်၍ ပြင်ထိန်းလုပ်စေလိုခြင်းနှင့် အသွင်တူ၏။

ခိုင်မာသော တည်ငြိမ်အေးချမ်းမှုရှိရန်အ တွက် ကာကွယ်ရေးအင်အားရှိရန်လိုသည်။ အမိမြေ နိုင်ငံတော်လုံခြုံရေးအတွက် ပြည်သူတို့ စစ်မှုထမ်းကြ ရန်တာဝန်ရှသည်။ သို့သော် တောကြောင်တို့သည် နိုင်ငံတော်အကျိုး၊ အစိုးရအကျိုးကို ဖျက်ဆီးနေကြ၏။ 

" ကျွီ " ဟုမြည်သံပေးကာ YBS ဘတ်စ ကားထိုးဆိုက်လိုက်ပြီးနောက် အိမ်သို့ပြန်ရန် ဘတ်စ ကားပေါ်မှ ကိုမောင်မောင်(အမည်လွှဲ) ဆင်းလိုက် သည်။ အလုပ်ကိစ္စဖြင့် အိမ်ပြန်နောက်ကျတတ်သော နေ့များတွင် ကားပေါ်မဆင်းမီကပင် ၎င်းနှင့်အတူ တစ်မှတ်တိုင်တည်းဆင်းမည့်သူများအား သတိထား ကြည့်မြဲ။ လမ်းလျှောက်ဖော်ပါမည်လောဟု မျှော်လင့် မြဲ။ ယနေ့တွင်မူ မှတ်တိုင်သို့ဆင်းမည့်သူမှာ ကိုမောင် မောင်တစ်ယောက်တည်းသာ။ 

အချိန်ကား ည (၉)နာရီခန့်ဖြစ်ပြီး မိုးက တဖြောက်ဖြောက်ကျနေ၏။ လမ်းမထက်တွင် ကား သွား၊ ကားလာတို့ ရှိနေဆဲဖြစ်သည့်တိုင် ကျဲပါးနေပြီ။ ပတ်ဝန်းကျင်တွင် ဆိုင်ငယ်အချို့ ဖွင့်လှစ်ထားဆဲဖြစ် သော်လည်း မိုးကြောင့်လူပါးလှသည်။ ထီးဆောင်းကာ နောက်တွင်လိုက်ပါလာသူ ရှိ၊ မရှိ မသိမသာအကဲခတ် ရင်း ကိုမောင်မောင် ခပ်သွက်သွက်လျှောက်နေသည်။ သူလျှိုဝတ္ထုများအတွင်းက ဇာတ်ဝင်ခန်းကဲ့သို့ပင် ဖြစ် တော့၏။ 

မှတ်တိုင်မှအိမ်အထိ (၁၅)မိနစ်တာခရီး တွင် (၅)မိနစ်သည် ကိုမောင်မောင်အတွက် အရေး ကြီးလှသည်။ ယင်း(၅)မိနစ်ခရီးအတွင်း လမ်းမီး ရောင်နည်းသည့်အတွက် အမှောင်ရိပ်ကျသောနေ ရာ များသည်။ ထို့ပြင် လမ်းပိုင်းထောင့်ချိုးနေရာ လည်း (၂)နေရာခန့်ရှိသည်။  

ကိုမောင်မောင်အတွက် ယခု (၅)မိနစ်တာ ခရီးတွင် သတိထားလုပ်တတ်သောအပြုအမူပေါင်း (၃)ခုခန့်ရှိသည်။ အိမ်ပြန်လမ်းတွင် လမ်းမကြီး၏ ညာဘက်ပလက်ဖောင်းမှလျှောက်သည်ဖြစ်ရာ နံပါတ် (၁)အချက်အနေဖြင့် ဘယ်ဘက်ကားရပ်ထားသော ပါကင်နေရာများနှင့်မနီးစေရန် သတိထားသည်။ 

" ကားကြားထဲကနေ ထွက်လာမလားဆို တဲ့စိတ်နဲ့"ဟု ကိုမောင်မောင်က ရယ်မောရင်း ပြော သည်။ ဒုတိယအချက်မှာ ပထမဆုံးမြင်ရသည့်ညာ ဘက်သို့ လမ်းထောင့်ချိုးတွင် ဘယ်ဘက်မှပန်းကာ ဝင်ခြင်းဖြစ်သည်။ လမ်းအတွင်းမှ ရုတ်တရက်ထွက် လာလျှင် အချိန်မီ ခြေကုန်သုတ်ပြေးနိုင်ရန်အတွက်ဟု ၎င်းကဆိုသည်။ 

တတိယအချက်မှာ လမ်းတစ်နေရာတွင် တဖြောင့်တည်းဖြစ်သည့်တိုင် ဘယ်၊ ညာတွင်လူပြတ် သည့်အတွက် မျက်စိကို အတတ်နိုင်ဆုံးကစားရန်ဖြစ် သည်။ တရုတ်သိုင်းဝတ္ထု၊ ဇာတ်လမ်းများအတွင်းက သိုင်းလောကသားတို့မျက်စိကစားခြင်းမျိုးဖြင့် လမ်း လျှောက်သည်ဟု ကိုမောင်မောင်က ကျယ်လောင်စွာ ရယ်မောရင်းပြောသည်။ 

ယင်းသို့လျှောက်ရင်း ကွမ်းယာဆိုင်နှင့် မုန့် ဆိုင်မှမီးရောင်တို့က Safe zone အတွင်းရောက်ပြီဖြစ် ကြောင်း အချက်ပြသင်္ကေတအဖြစ်မှတ်ယူထားသည် ဟု ကိုမောင်မောင်ကဆိုသည်။ ယင်းဆိုင်တို့မှစကာ ကိုမောင်မောင်နေထိုင်သောရပ်ကွက်အတွင်း ရောက် ပေပြီ။ ၎င်းသည် စာဖတ်နာသူတစ်ယောက်ဖြစ် သောကြောင့် အဆိုပါခံစားမှုကို ဥပမာပေးပြောပြရန်NP News ကမေးမြန်သည့်အခါ ၎င်းကရယ်သည်။ 

" ဥပမာဗျာ ပင်လယ်ထဲသင်္ဘောပျက်တဲ့သူ တွေက ကျွန်းကိုမြင်တဲ့အချိန်ဖြစ်သွားတဲ့ခံစားမှုမျိုး ပေါ့။ နည်းနည်းတော့ အပိုပြောသလိုဖြစ်တာပေါ့။ နီး စပ်တာလည်း ဒါပဲရှိတာကိုး"ဟု ကိုမောင်မောင်ကဆို သည်။ ယင်းမှာ အသက်(၂၈)နှစ်အရွယ် အမျိုး သားတစ်ဦး၏ အပူမျှသာဖြစ်သည်။ ကိုမောင်မောင်ကဲ့ သို့ အခြားလူငယ်များစွာသည်လည်း အလားတူ အပူ များရှိလိမ့်မည်ဆိုခြင်းမှာ မည်သူမျှ ငြင်းနိုင်လိမ့်မည် မဟုတ်ပေ။ 

" လူပြတ်တဲ့နေရာကို တစ်ယောက်တည်း သွားရမယ်ဆိုရင် စိတ်တော့ပူတယ်။ အိမ်ကလည်း ဖုန်းတောက်လျှောက်ဆက်နေတာ။ ဘယ်ရောက်ပြီလဲ ဘယ်ရောက်ပြီလဲဆိုပြီး"ဟု အသက် (၂၃)နှစ်အ ရွယ်လူငယ်တစ်ဦးက ဆိုသည်။ 

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁)ကို ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ဧပြီလ(၈)ရက်အ တွင်းက စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ အမှတ်စဉ် (၂၆)အထိရောက်ပြီဖြစ်၍ ကာလအားဖြင့်လည်း (၂) နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။  

ပြည်သူ့စစ်မှုထမ်းစနစ်သည် နိုင်ငံအတွက် လိုအပ်သောစနစ်တစ်ခုဖြစ်သည်မှာ မည်သူမျှ မငြင်း နိုင်သော အမှန်တရားဖြစ်သည်။ နိုင်ငံသားတိုင်းသည် မိမိတို့နိုင်ငံကိုကာကွယ်ရန် တာဝန်ရှိကြသည်မှာ လည်းမငြင်းနိုင်ပေ။ 

ပြည်သူ့စစ်မှုထမ်းစနစ်သည် အတင်းအ ကျပ်ဖမ်းဆီးပြီး (၂)နှစ်ကြာစစ်မှုထမ်းရန်အတွက် ရည်ရွယ်တည်ဆောက်ထားသောစနစ်တစ်ခုမဟုတ် သော်လည်း ယင်းစနစ်စတင်ပြီးသည့်နောက် တော ကြောင်တို့သည် ပြည်သူ့စစ်မှုထမ်းစနစ်ကို အသုံးချ ရန် ကြိုးစားလာကြကြောင်း တွေ့မြင်ရသည်။ 


ပြည်သူ့စစ်မှုထမ်းမစတင်မီကပင် လူပြတ် သောနေရာတွင် တစ်ဦးတည်းလျှောက်နေသောလူ ငယ် သို့မဟုတ် အဖော်မပါသောလူငယ်တို့ကို လုံခြုံ ရေးတပ်ဖွဲ့အယောင်ဆောင်ကာ ကားအတွင်း အ တင်းအကျပ် ဖမ်းဆီး၊ ထည့်သွင်း၍ လွတ်မြောက်လို လျှင် ပါသမျှပေးရမည်ဟု ဓားပြတိုက်သောနည်း ပေါ် ပေါက်ခဲ့ပြီးဖြစ်သည်။ 

လောကတွင် ကောင်းမှုလုပ်ရန်ထက် မကောင်းမှုလုပ်ရန်အခွင့်အလမ်းက ပိုမိုများပြားလာ ပေရာ အနှီ ဖမ်းဆီး၊ ငွေတောင်းသူတို့မှာ တစ်ဆင့်မြှင့် လာကြသည်ဟုဆိုရပေမည်။ ယင်းနောက် အင်တာ နက်စာမျက်နှာများထက်တွင် လူပျောက်သောအ ကြောင်းများ ထွက်ပေါ်လာသည်။ 

ပျောက်သောသူများအနက် ကလေးငယ် များလည်းပါ၏၊ လူငယ်များလည်းပါသည်။ ယင်းတွင် တောကြောင်တို့၏လုပ်ကွက်ဖော်တတ်ပုံမှာ လူ ပျောက်၍တွေ့ရှိကသတင်းပေးပါဟုဆိုကာ ဖုန်းနံ ပါတ်ထည့်သွင်းထားလျှင် ယင်းဖုန်းနံပါတ်ကိုဆက် သွယ်ကာ ပျောက်ဆုံးနေသူကို ဖမ်းဆီးထားကြောင်း နှင့် မည်ရွေ့မည်မျှငွေပမာဏဖြင့် ပြန်ရွေးရမည်ဟု ကြားမှ အချောင်ငွေလိမ်သူများလည်း ရှိခဲ့သည်။ 

ယင်းနောက် လူပျောက်သောအကြောင်း ထက် မည်သို့လူဖမ်းသည်ဆိုသောအကြောင်းများ အင်တာနက်စာမျက်နှာများထက်တွင် ပုံစံပြောင်း ထွက်ပေါ်လာသည်။ ]]ကားနက်အနားကပ်လာလျှင် ပြေး၊ အိမ်စီးကားထိုးဆိုက်လာလျှင် သတိထား}} စ သည်ဖြင့် လူငယ်အချင်းချင်းက အင်တာနက်စာမျက် နှာများထက်တွင် ရေးသားခြင်းများရှိလာသည်။ 

သိရသောအချက်အလက်များအရ တော ကြောင်တို့သည် လူငယ်တို့ကို စုပြုံခေါ်ယူခြင်းမျိုးထက် တစ်ယောက်တည်းသွားလာနေသူကို ဦးစားပေးဖမ်း ခြင်းဖြစ်ပြီး ယင်းသို့ဆောင်ရွက်ခြင်းကို ဂိုဏ်းတစ်ခု သဖွယ် ပြုလုပ်လာခြင်းဖြစ်သည်။ လူငယ်တို့အတွက် လူပြတ်သောနေရာတွင်လုယက်ခံရမည်ကို စိုးရိမ်စိတ် ကတစ်ဆင့် ဖမ်းဆီးခံရမည်ကိုစိုးရိမ်ခြင်းတို့ဖြစ်လာ သည်။ သို့သော် လူငယ်တိုင်းဖမ်းဆီးခံရခြင်း မဟုတ်ပါ။ အချိန်အခါမဲ့ တစ်ဦးတည်းသွားနေသော လူငယ်တိုင်းလည်း ဖမ်းဆီးခံရခြင်း မဟုတ်။ သို့သော် လုံခြုံရေးတပ်ဖွဲ့အယောင်ဆောင် မသမာသူတော ကြောင်တို့၏ ဖမ်းဆီးခံရသောလူငယ်တို့လည်း ရှိနေ ပါသည်။ 

" တစ်ယောက်တည်း လူပြတ်တဲ့နေရာမှာ သွားနေတဲ့လူငယ်မျိုးဆိုရင် ဖမ်းခေါ်သွားတာမျိုး" ဟု သိရှိသူသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ 

ယင်းသို့ဆောင်ရွက်သည်များနှင့်ပတ် သက်၍ NP News က သတင်းရင်းမြစ် အချို့ထံမေးမြန်းထားချက်အရ လူငယ်တစ်ဦး၏ ပေါက်ဈေးမှာ ကျပ်သိန်း(၁၀ဝ)ခန့်အထိ အမြင့်ဆုံးရှိ နေကြောင်း သိရသည်။ 

" လူတစ်ယောက်ကို သိန်း(၁၀ဝ)ကျော် ဈေးပေါက်တယ်။ ဖမ်းခိုင်းတာက တစ်ယောက်ပေါ့။ သူက ဂိုဏ်းခေါင်းဆောင်ပေါ့။ သူက ဖမ်းခိုင်းတယ်။ တစ်ယောက်တည်းသွားနေတဲ့လူငယ်အရွယ်ကို ဖမ်း တာပေါ့။ ဖမ်းပေးတဲ့သူက သိန်း(၃၀)လောက်ရတယ်။ ဖမ်းခိုင်းတဲ့သူက တခြားကို သိန်း (၁၀ဝ)ကျော်နဲ့ တစ် ခါပြန်ရောင်းစားတယ်"ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။  ယင်းသို့ဖမ်းဆီးရာတွင် ဖမ်းပေးသူများက ဖမ်းခိုင်းသူထက် ဝေစုမရသည့်အတွက်ကြောင့်ဟုဆို ကာ အငြင်းပွားခြင်းမျိုးပင်ရှိကြောင်းလည်း ၎င်းက ဆိုသည်။ " သူကတော့ ဖမ်းခိုင်းရုံတင် သိန်း (၁၀ဝ) ကျော်ရတယ်။ ငါတို့က ဖမ်းရတာက ဘယ်လောက်ပဲ ရတယ်ဆိုပြီး ခေါင်းပုံဖြတ်ခံရတယ်၊ မလုပ်တော့ဘူး ကွာဆိုတဲ့သူလည်းရှိတယ်"ဟု ၎င်းကဆိုသည်။ 

ကျူးလွန်သူတို့မှာ အရပ်သားများသာဖြစ် သော်လည်း လုံခြုံရေးတပ်ဖွဲ့အယောင်ဆောင်ကာ လူငယ်တစ်ဦးကိုဖမ်းဆီးပြီးသည်ဆိုအံ့။ ထောင်ကျခံ မည်လော၊ ပြည်သူ့စစ်မှုထမ်းအတွင်းဝင်မည်လောဟု မေးလျှင် မည်သူကထောင်ကျခံလိုပါမည်နည်း။ ယင်း ပြင် မသိရှာသောလူငယ်တို့မှာ သာ၍ပင် ရွေးစရာရှိပါ မည်လော။ ထိုးကြိတ်ခံရခြင်းမျိုးလည်း ရှိကောင်းရှိ ပေလိမ့်မည်။ ]]နောက်ဆုံးရောက်လာတော့ တပ်မ တော်က မကောင်းဘူးဆိုပြီးဖြစ်တာပေါ့။ တကယ်က တောကြောင်တွေ။ နောက်ဆုံးကျတော့ အစိုးရနဲ့ တပ်မတော်က မကောင်းဖြစ်သွားတယ်။ ဒီကောင်တွေ က တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုး ဘာမှကြည့်တာ မှမဟုတ်တာ"ဟု အခြားသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ 

ပြီးခဲ့သည့်ရက်ပိုင်း Chinland FC  ဘော လုံးအသင်းမှကစားသမားတစ်ဦး မြောက်ဥက္ကလာပ မြို့နယ် ၇/၈ လမ်းဆုံတွင် ဘတ်စကားပေါ်မှဆင်းကာ တက္ကစီငှားစီး၍ အဆောင်သို့ပြန်ရန်လုပ်သည့်အချိန် နောက်ဆုံးအဆက်အသွယ်ရကာ ပျောက်ဆုံးခဲ့သည်။ ထို့ကြောင့် အသင်းအနေဖြင့် အဆိုပါကစားသမားကို ကူညီရှာဖွေပေးရန် ထုတ်ပြန်ခဲ့ရ၏။ 

ယင်းကစားသမား ပျောက်ဆုံးသောသ တင်းသည် အလွန်လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီးသည့် နောက် ပြန်တွေ့ပြီဖြစ်ကြောင်း အသင်းက ကြေညာ သည်။ မိခင်ကျန်းမာရေးအရ နေရပ်သို့ပြန်သွားခြင်း ဖြစ်ကြောင်း၊ ဖုန်းအားကုန်ခြင်းနှင့် ဆက်သွယ်ရေးအ ခက်အခဲကြောင့် အသင်းနှင့် အဆက်အသွယ်ပြတ် တောက်ခဲ့ရခြင်းဖြစ်သည်ဟု ပြန်လည်ရှင်းလင်းခဲ့ရာ ယင်းအပေါ် အင်တာနက်သုံးစွဲသူများက ပဟေဠိသ ဖွယ်ဖြစ်ခဲ့ကြကြောင်း တွေ့မြင်ရသည်။ 

" ချင်းပြည်ကိုပြန်ဖို့က တစ်ပတ်လောက် ကြာတတ်တာမျိုးလေ။ ဒီလောက်လွယ်သလားပေါ့။ အဲဒီလိုပြောတာမျိုးရှိတာပေါ့။ ဘာနေနေ လူတွေက ပြည်သူ့စစ်မှုထမ်းကြောင့် လူပျောက်ရတယ်ဆိုပြီး မြင်နေတာမကောင်းဘူး"ဟု ချင်းတိုင်းရင်းသားတစ် ဦးကပြောသည်။  ထို့ပြင် ယင်းကစားသမားပြန်တွေ့ပြီး နောက် အခြား ဖူဆယ်ကစားသမားနှစ်ဦးလည်း ပျောက်ဆုံးနေကြောင်း သတင်းထွက်ရာ မည်သို့ပင် ပျောက်စေကာမူ ပြည်သူတို့အနေဖြင့် ပြည်သူ့စစ်မှု ထမ်းအတွက်ပျောက်သည်ဟုသာ အများစုက မြင်နေ ကြောင်းလည်း အင်တာနက်စာမျက်နှာများထက်တွင် တွေ့ရှိရသည်။ 

ယင်းသို့မြင်နေကြသည့်အနက် အထင်ရှား ဆုံးဥပမာအနေဖြင့် မဝေးလှသောကာလတစ်ခုက အမျိုးသားတစ်ဦးပျောက်ဆုံးခဲ့ရာ ကနဦးတွင် ပြည် သူ့စစ်မှုထမ်းအတွက်ဟုပင် ဝေဖန်ခဲ့ကြသေး၏။ ယင်းနောက်တွင်မှ အဆိုပါအမျိုးသားမှာ ရည်းစားဖြစ် သူနှင့် ဟိုတယ်တွင်အတူရှိနေပြီး မိဘများထံ ငွေပြန် ညှစ်ခြင်းဖြစ်ကြောင်း သိကြရသည်။ 

ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းက တာချီ လိတ်မြို့နယ်  တပ်မတော်သားအယောင်ဆောင်ကာ လူငယ် (၂)ဦးကို တာဝန်အရမေးမြန်းမည်ဟုပြော၍ ဖမ်းဆီးသောဖြစ်စဉ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖော် ထုတ်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် အမျိုးသား(၂)ဦးက တပ်မတော်သားအယောင်ဆောင်၍ အမျိုးသမီး(၁) ဦးက လူငယ်တို့ကိုဖမ်းဆီးရန် ကူညီခဲ့ခြင်းဖြစ်သည်။ ရွှေပြည်သာမြို့နယ်တွင်လည်း နေအိမ်တွင်ပင် အ ချုပ်ခန်းပြုလုပ်ကာ လူငယ်များကိုဖမ်းဆီးထားသော ဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းထွက်ပေါ် ခဲ့သည်။ ယင်းပြင် ပြည်သူ့စစ်မှုထမ်းပါသွားသူများ ကိုပြန်ထုတ်ပေးမည်ဟုဆိုကာ တပ်မတော်အရာရှိ အယောင်ဆောင်၍ လိမ်လည်နေသူများကိုလည်း လူ မှုကွန်ရက် Tiktok  စာမျက်နှာများထက်တွင် တွေ့မြင်နေရသည်။ 

ထို့ပြင် ပြည်သူ့စစ်မှုထမ်းအတွင်းပါဝင်ကာ တာဝန်ထမ်းဆောင်နေသူတို့၏ မိသားစုအချို့ထံ ဖုန်း ဆက်ပြီး ၎င်းတို့၏ တူ၊ သား တို့မှာ တိုက်ပွဲကျသွားပြီဖြစ် ကြောင်းနှင့် အလှူလုပ်ရန်အတွက် ငွေပို့ပေးရမည်ဟု ဖုန်းဆက်လိမ်လည်သောဖြစ်စဉ်မျိုးမှာလည်း ကျောက် ပန်းတောင်းမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။ ယင်းမှာ ဖြစ် စဉ်များအနက် အချို့ကိုသာ ထုတ်နုတ်တင်ပြခြင်းဖြစ် ပါသည်။

မည်သို့ပင်ဖြစ်စေကာမူ နောက်ဆုံးတွင် လူပျောက်သောဖြစ်စဉ်တို့အတွက် လက်ညှိုးသည် နိုင်ငံတော်အစိုးရထံသို့သာ ရောက်လာပါလိမ့်မည်။ တောကြောင်တို့က လူငယ်တို့ကိုဖမ်းပြီး ၎င်းတို့အကျိုး အတွက်ငွေရှာသည်။ ယင်းမှတစ်ဆင့် လူဖမ်းဂိုဏ်းသ ဖွယ်ဖြစ်လာသည့်အပြင် လူရောင်းစားသောဈေးကွက် တစ်ခုပေါ်ပေါက်လာခြင်းသည် ပြည်သူများ၏စိုးရိမ် စိတ်ကို တိုးစေခြင်းသာဖြစ်ပါလိမ့်မည်။ 

ပြည်သူစစ်မှုထမ်းစနစ်သည် ကောင်း၏။ သို့သော် ကိုယ်ကျိုးသာကြည့်ပြီး တိုင်းပြည်အကျိုးကို မိမိတို့လုပ်ရပ်ဖြင့် ဖျက်ဆီးနေမိနေမှန်းပင်မသိသော တောကြောင်တို့ကြောင့် ယင်းစနစ်အပေါ် ပြည်သူတို့ အကြား စိုးရိမ်မှုများလည်းရှိလာနေသည်။ 

ပြည်သူ့စစ်မှုထမ်းစနစ် လည်ပတ်နေသည် မှာ (၂)နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပြည်သူ့စစ်မှု ထမ်းများသည်လည်း တပ်မတော်အတွင်းက ရဲဘော် ရဲဘက်စိတ်နှင့် စစ်သွေးစစ်မာန်တို့လည်း ဝင်ရောက် ခဲ့ပြီဖြစ်ပါသည်။ ပြည်သူ့စစ်မှုထမ်းကာလ ပြီးဆုံးသူ များသည်လည်း တိုင်းပြည်ချစ်စိတ်နှင့် ကောင်းမွေကို ဆက်လက်သယ်ဆောင်သွားပြီဖြစ်ပါသည်။ 

NP News က တပ်မတော် အရာရှိကြီးတစ်ဦးနှင့်တွေ့ဆုံစဉ် ထိုအရာရှိကြီးပြော သည့်စကားကို ယခုထက်တိုင်စွဲနေသေး၏။ ပြည်သူ့ စစ်မှုထမ်းတို့သည် အမြဲတမ်း တပ်မတော်သားတို့နှင့် အတူ တိုက်ပွဲဝင်ရင်း တပ်မတော်သားစစ်စစ်များဖြစ် လာပြီး စစ်သွေး၊ စစ်မာန်များပြည့်လာကြောင်း ဖြစ်သည်။ 

စာရေးသူတို့လည်း မြေပြင်တွင် ပီဘိ စစ် သားတစ်ဦးသဖွယ်ဖြစ်နေပြီဖြစ်သော ပြည်သူ့စစ်မှု ထမ်းတို့ကို မြင်တွေ့ဖူးပါသည်။ စကားပြောကြည့်ရာ တွင်လည်း အမှန်တကယ်ပဲ အောင်စိတ်နှင့် တိုင်း ပြည်ချစ်စိတ်တိုးလာကြောင်း အဆိုပါ ပြည်သူစစ်မှု ထမ်းတို့ကပြောကြသည်။ 

ယင်းသို့အခြေအနေကောင်းကို တော ကြောင်တို့ကြောင့် နာမည်မထိခိုက်စေလိုပါ။ ထို့ ကြောင့် ပြည်သူ့စစ်မှုထမ်းခေါ်ယူခြင်းကို (၃)လ သို့ မဟုတ် (၃)လခန့် ယာယီရပ်နားကာ ပြန်လည်သုံးသပ် ဆန်းစစ်ခြင်းများဆောင်ရွက်ခြင်းဖြင့် တောကြောင် တို့ကိုဖော်ထုတ်အရေးယူရန် လိုအပ်နေပြီဖြစ်ပါသည်။ နိုင်ငံ၏အနာဂတ်ဖြစ်သော လူငယ်တို့ကို ထိတ်လန့်၊ အလုပ်ပျက်စေသည့်တောကြောင်တို့သည် ပြည်သူ့ စစ်မှုထမ်းတည်းဟူသော စနစ်ကောင်းအတွက် ရန် သူများဖြစ်ကြောင်းကား အထူးပင် ပေါ်လွင်လှပါပြီ။ 

ရန်ကုန်ပြင်ပ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့က တောကြောင်အချို့ဆိုလျှင် ပြည်သူကို ဖမ်းဆီးပြီး ကျပ်သိန်းပေါင်းများစွာဖြင့် ပြန်ရွေးခိုင်း ခြင်းမျိုးလည်း ကြားနေရပါသည်။ တောမီးလောင်မ နေသည့်အတွက် လက်ခမောင်းခတ်ရန်မလိုပါဘဲ ခတ်နေသောတောကြောင်တို့ကို နိုင်ငံတော်နှင့်လူငယ် တို့အတွက် ရှင်းလင်းရန်လိုအပ်ပါသည်။ ယင်းဈေး ကွက်သည် အားကောင်းလာသည်ဆိုငြားအံ့ ယင်းမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့တို့ထံ အတင်းအကျပ် တပ်သားသစ်အဖြစ်ထည့်သွင်းလိုက်ခြင်းမျိုးလည်း မဖြစ်နိုင်ပါလော။

လူတစ်ဦးသည် နိုင်ငံအတွက် တပ်မတော် အတွင်း ဝင်လိုသည်ဆိုငြားအံ့။ ရင်ကော့ကာ မျိုးချစ် စိတ်အပြည့်ဖြင့်ဝင်လိုပေလိမ့်မည်။ မည်သူမည်ဝါမှန်း မသိရသော အရပ်သားလူမိုက်တို့က ဖမ်းဆီးခံရပြီး သည့်နောက် "မည်သို့မည်ပုံဖြစ်သွားသည်မသိ" ဆို သောအနေအထားဖြင့် ရောက်သွားသည်ဆိုသော အခြေအနေကို လိုလားလိမ့်မည်မဟုတ်ပေ။ မြေပြင် တွင် အကယ်စင်စစ်အားဖြင့် ပြည်သူ့စစ်မှုထမ်းကို စိတ်ပါလက်ပါ တာဝန်ထမ်းဆောင်လိုကြသူများသည် လည်း ဒုနှင့်ဒေးရှိကာ မရှားလှကြောင်းမြင်ရပေလိမ့် မည်။ အချို့ဆိုလျှင် ပြည်သူ့စစ်မှုထမ်း သက်တမ်း ပြည့်ပြီးသည့်နောက် တပ်မတော်တွင် အမြဲတမ်းတပ် ဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုကြသူများ လည်းရှိနေပေသည်။ ပြည်သူ့စစ်မှုထမ်းစနစ်ကိုယ် တိုင်ကလည်း စနစ်တကျခေါ်ယူရန် ဆောင်ရွက်ထား ခြင်းဖြစ်ကြောင်း မြင်ရပါသည်။ 

လူငယ်တို့သည် ရဲရင့်၏၊ စူးစမ်းလိုစိတ် ရှိ၏၊ သတ္တိရှိ၏၊ ပြတ်သား၏။ ယင်းသည်ပင်လျှင် လူ ငယ်တန်ဖိုးဖြစ်ပါသည်။ လူငယ်တို့ကို ကျောက်စိမ်းဟု ဆိုပါက အရည်အသွေးမည်မျှပင်ကွာခြားစေကာမူ နောက်ဆုံးတွင် မြင်သူတိုင်း လိုချင်စဖွယ် လက်ဝတ် တန်ဆာလည်း ဖြစ်လာနိုင်ပါသေးသည်။

ပြည်သူ့စစ်မှုထမ်းရထားကြီးသည်ကား နှစ်နှစ်ကျော်ကြာ မရပ်မနားခုတ်မောင်းခဲ့ပြီးပြီဖြစ်၏။ ခဏရပ်၍ ရထားကြံ့ခိုင်အားကောင်းမှုစစ်ဆေးခြင်း၊ မှားယွင်းလွဲချော်သည့်အပိုင်း ဖြုတ်တပ်ပြင်ဆင်ခြင်း ဖြင့် ပိုမိုကောင်းမွန်လတ်ဆတ်သော ခုတ်မောင်းမှုမျိုး လုပ်ရန်မသင့်ဟုထင်ပါသလော..။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သဗ္ဗညုဘုရားရှိ မဟာရံတံတိုင်း တူးဖော်မှုပြီးစီးပါက အများပြည်သူနှင့် ခရီးသွားများ လေ့လာနိုင်ရေး ပြသမည်

RELATED POSTS
RECENT POSTS
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved