Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ငဝန်တာကျိုးပေါက်ပြီး (၄၁) ရက်အကြာတွင် ရေဝင်လမ်းကြောင်း ထိန်းချုပ်နိုင်ပြီ

သန့်ဇင် (NSS) - စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာကျိုးပေါက်ပြီး (၄၁) ရက်အကြာတွင် ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ခဲ့ပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် ငဝန်မြစ်ရေမြင့်တက်လာမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံ နိမ့်ကျပြီး ရေကျော်စီးဝင်မှုသည် ဇူလိုင်လ (၃၀) ရက် ည (၁၀) နာရီ (၄၂) မိနစ်တွင် စတင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ထို့နောက် တာတမံ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများကို ဩဂုတ်လ(၄) ရက်မှစတင် ဆောင်ရွက်ခဲ့ရာ Steel Sheet Pile များ ရိုက်သွင်း၍ ကာရံခြင်းလုပ်ငန်းများ အပြီးသတ် ရိုက်သွင်းပြီး ယနေ့(စက်တင်ဘာ ၈ ရက်) တွင် ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ “ဟုတ်ပါတယ်။ ဒီနေ့တားနိုင်သွားပါပြီ” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်နီးစပ်သူ သတင်းရင်းမြစ်က NP News ကို ပြောသည်။


ဆက်လက်၍ ကာရံပိတ်ဆို့ပြီးသော Steel Sheet Pile များအား အတွင်းအပြင်ရေမျက်နှာပြင်ကွာခြားလာမှုကြောင့် ပြင်ပရေတွန်းအား ဖြစ်ပေါ်လာမှုအား ခံနိုင်ရည်ရှိရန်အတွက် Jumbo Bags(သဲအိတ်)များ ဆက်လက်ချခြင်း၊ သဲအိတ်များကာရံခြင်းနှင့်သောင်တူး ရေယာဉ်ဖြင့် ရေနက်အိုးအတွင်းသို့ သဲမှုတ်ထည့်ခြင်း၊ Sheet Pile များအားခိုင်မာမှုရှိစေရန် Concrete Sinker အတုံးများချခြင်း၊ သံမဏိဒေါက်တိုင်များ ထပ်မံကျားကန်ထောက်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။


ငဝန်ရေကာတာသည် လေးမျက်နှာမြို့နယ်အတွင်း တာမိုင် ၁၉/၁ မှ ၃၉/၀ အထိ မိုင် (၂၀) ခန့်ရှည်လျားပြီး မြို့ပေါ်ရပ်ကွက် (၅) ခုနှင့်ကျေးရွာအုပ်စု (၂၁) အုပ်စုတို့ကို ကာကွယ်ထားရာ အဆိုပါနေရာတွင် ရေကျော်စီးဝင်မှု စတင်ခဲ့သဖြင့် ပြည်သူများအား ယာယီရေရှောင်စခန်းများကို အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရေဝင်လမ်းကြောင်းပိတ်ဆိုရာတွင် Geo-bags အိတ်ကြီးများချခြင်း၊ ပန်းတာ၏ လက်ဝဲဘက်ခြမ်းနှင့် လက်ယာဘက်ခြမ်းတို့တွင် ရေတိုက်စားမှုမှကာကွယ်ရန် သဲအိတ် (၁၀၀) ပါ နိုင်လွန်ပိုက်ကြိုးဖြင့်ထုပ်ပိုးထားသည့် သဲအိတ်တွဲများချခြင်း၊ ဧရာမောင်သောင်တူးစက်ကြီး ရေယာဉ်တွဲဖြင့် သဲတူးဖော်ပြီး ပန်းတာရေဝင်လမ်းအနီးသို့ သဲမှုတ်သွင်းခြင်း၊ ပန်းတာရေဝင်လမ်း ပိတ်ဆို့ ကာကွယ်ရန်အတွက် ဒဂုန်စာမရီ ရေယာဉ်နှင့် မြဟန်တိုး ရေယာဉ်တို့ဖြင့် Geo-bags အိတ်များချခြင်း၊ ရွှေစင်ကြယ်နှင့် ရွှေနန်းတော် ဆောက်လုပ်ရေးရေယာဉ်များက Steel Sheet Pile များကို ကရိန်းနှင့် Silent Pile Driver, Electric Vibratory Pile Hammer များ အသုံးပြု၍ ရိုက်သွင်းခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် Steel Sheet Pile ပိုမိုတည်ငြိမ်ခိုင်ခံ့စေရန် အနောက်ဘက်မှ ထောက်ကန်ပေးနိုင်ရေး အတွက် သဲအိတ်များချခြင်း၊ Split Barge ရေယာဉ်ဖြင့် ရေယာဉ်အလယ်ပိုင်းမှ ဝမ်းဖွင့်ချသည့် စနစ်ကို အသုံးပြု၍ Geo-Bag သဲအိတ်ကြီးများချခြင်း၊ ရေဝင်လမ်း ပိတ်ဆို့ကာကွယ်ရန် CB တွဲခွံ ၈၀ ပေ × ၁၈ ပေ × ၉ ပေ အတွင်း သဲ၊ ကျောက် ထည့်သွင်း နစ်မြုပ်ဆောင်ရွက်ခဲ့ပြီး လိုအပ်သော စက်ယန္တရားများအကူအညီဖြင့် နေ့ရောညပါ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

CIA အကြီးအကဲရဲ့မော်စကိုခရီးစဉ်က ပဋိပက္ခကိုထိန်းကျောင်းခြင်းလော၊ စစ်ရေးအလှည့်အပြောင်းတစ်ခု၏ အကြိုနိမိတ်လော

RECENT POSTS
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved