ခြေအိတ်အစုံ(၂၀ဝဝ)ကျော်စုဆောင်းခဲ့ပြီး ဂင်းနစ်စံချိန် ချိုးဖျက်ရန်ကြိုးပမ်းခဲ့သည့် အမေရိကန် အမျိုးသား
Pika (NSS)- စက်တင်ဘာ ၈
အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းပြည်နယ်တွင်နေထိုင်သည့်အမျိုးသားတစ်ဦးသည် ခြေအိတ် အစုံပေါင်း (၂၀ဝဝ)ကျော်ကိုစုဆောင်းခဲ့ပြီး ခြေ အိတ်အများဆုံးစုဆောင်းမှုအတွက် ဂင်းနစ်စံချိန်ကို ချိုး ဖျက်နိုင်ရန်ကြိုးပမ်းခဲ့ကြောင်းသိရသည်။ North Augusta မြို့တွင်နေထိုင်သည့် အငြိမ်းစားမီးသတ်နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ် ဦးဖြစ်သူ ဒါရယ်ပါကာက ၎င်း၏ခြေအိတ်စုဆောင်းမှုသည် ဖခင်များ နေ့လက်ဆောင်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး မွေးနေ့နှင့် နှစ်ပတ်လည်နေ့များအပါအဝင် ပွဲတော်နေ့များတွင် ခြေအိတ်အစုံများကို လက်ဆောင်အဖြစ် ပိုမိုရရှိလာခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒါရယ်ပါကာက “ကျွန်တော့်ဇနီးနဲ့မြေးတွေက ခြေအိတ်တွေအများကြီးရှိနေတာကို ဘာလို့ ဂင်း နစ်စံချိန်အတွက်မကြိုးစားကြည့်တာလဲလို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ခြေအိတ်အများဆုံး စုဆောင်းမှုအတွက် ဂင်းနစ်စံချိန်ကို ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ}ဟုပြောဆိုခဲ့သည်။ လက်ရှိအချိန် တွင် ခြေအိတ်အများဆုံးစုဆောင်းမှုအတွက် ဂင်းနစ်စံချိန်ကို CBS Philadelphia သတင်းတင်ဆက်သူ ဂျင်ဒိုနိုဗန်ကပိုင်ဆိုင်ထားပြီး (၂၀၂၅)ခုနှစ်တွင် အဆို ပါစံချိန်ကိုတင်ခဲ့ခြင်းဖြစ်ကာ ခြေအိတ်အစုံပေါင်း (၁၅၃၁) ခုအထိ စုဆောင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒါရယ်ပါကာက ၎င်းတွင် ခြေအိတ် အစုံပေါင်း(၂၀ဝဝ)ကျော်ရှိသော်လည်း တရားဝင်အ တည်ပြုချက်အတွက် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ တင်ပြမှုများမလုပ်ဆောင်မီ နှစ်ကုန်အထိ ခြေအိတ် စုဆောင်းမှုများကိုဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်းပြောကြားခဲ့သည်။ ခြေအိတ်အများဆုံးစု ဆောင်းမှုအတွက် ဂင်းနစ်စံချိန်ကို တရားဝင်ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ပြည်သူလူထုမှလှူဒါန်းသော ခြေအိတ်အသစ်များကို ဒေသခံခိုလှုံရာနေရာများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဒါရယ်ပါကာက ပြော ကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Sukhoi-30MKI တိုက်လေယာဉ်တွေမှာ ရုရှားထုတ်အဆင့်မြင့်ဒုံးကျည်တွေ တပ်ဆင်အသုံးပြုဖို့ အိန္ဒိယစီစဉ်နေ
RELATED POSTS
05 Oct 2026 | အနုပညာ,နိုင်ငံတကာ
