Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“ မြန်မာစကားလုံးတစ်လုံးရဲ့ အရေးပါပုံကို သိရှိသွားခြင်း”

အိဖြူ (NSS) - စက်တင်ဘာ ၇

အနုပညာသတင်းများကို စိတ်ဝင်တစားစောင့်မျှော်ဖတ်ရှုသူတို့အတွက် NP News ရဲ့အပတ်စဉ် အနုပညာ ကဏ္ဍကနေ “စမ်းရေမိုးနဲ့တူတဲ့ကြေးဆင်းတုတော်လို့ တကယ်ပဲပြောခဲ့သလား၊ ဆယ်ကျော်သက်အရွယ် စာရေးဆရာမ လေး” အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားပါမယ်။

တပည့်အတွက် ပီတိဖြစ်ရင်း စကားလွန်ကုန်တဲ့ ဇာတ်ဆရာ

“စမ်းရေမိုး ပုံစံတူကြေးသွန်းဘုရားပူဇော်ချင်တယ်ဆိုရင်ဝယ်ယူနိုင်ကြောင်း” ဦးအောင်ကျော်ထွန်းကပြောဆိုခဲ့ တယ်လို့ Facebook နဲ့ TikTok လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပြီးနောက် ဗုဒ္ဓဘာသာဝင်တိုင်းက အံ့အားသင့်ခဲ့ကြပြီး ဗုဒ္ဓမြတ်စွာဘုရားပုံစံနဲ့ လူပုဂ္ဂိုလ်ကိုခိုင်းနှိုင်းခြင်းက မဖြစ်သင့်ကြောင်း ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ 

အခြေအနေအမှန်မှာ ဇာတ်မင်းသား စမ်းရေမိုးရဲ့အိမ်တက်မင်္ဂလာပွဲအခမ်းအနားကို ဩဂုတ်လ (၂၂)ရက်ကပြု လုပ်ခဲ့ခြင်းဖြစ်ပြီး အဲဒီပွဲအခမ်းအနားမှာ ဦးအောင်ကျော်ထွန်းက လာရောက်သတင်းယူကြတဲ့မီဒီယာတွေကနေတစ်ဆင့် စမ်းရေမိုးနေအိမ်မှာကိုးကွယ်ထားတဲ့ ကြေးဆင်တုတော်ကို ၎င်းကိုယ်တိုင် ပထမဆုံးထုဆစ်ပြီး အိမ်တက်လက်ဆောင် ပေးထားတာဖြစ်ကြောင်းနဲ့ စမ်းရေမိုးနေအိမ်မှာပူဇော်ထားတဲ့ ဗုဒ္ဓကြေးဆင်းတုတော်ပုံစံအတိုင်း စမ်းရေမိုးပရိသတ်တွေ ကလည်း ဝယ်ယူပူဇော်နိုင်ကြောင်းကို ထည့်သွင်းကြော်ငြာဝင်ခဲ့တာပါ။ 


အင်တာဗျူးရုပ်သံဖိုင်ထဲမှာ “စမ်းရေမိုး အိမ်မှာရှိတဲ့ ကြေးသွန်းဘုရား၊ ပထမဆုံး အခုမှစထုတ်တာ။ စမ်းရေမိုးနဲ့ အတူ ကြေးသွန်းဘုရားလေးတွေလိုချင်တယ်ဆိုရင်လည်း လင်္ကာဒီပမှာ လာရောက်ဝယ်ယူလို့ ရပါတယ်။ ဒါက ကြော်ငြာ (ရယ်မောလျက်)’’မီဒီယာတွေကို ပြောပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ မြန်မာစကားလုံးတစ်လုံးရဲ့အဓိပ္ပါယ်သက် ရောက်မှု အရေးကြီးပုံကိုမြင်သာစေခဲ့ရာ စမ်းရေမိုး အိမ်မှာ ကိုးကွယ်ထားတဲ့ကြေးဆင်းတုတော်ပုံစံအတိုင်း “စမ်းရေမိုး နဲ့အတူတူ ပူဇော်ချင်တယ်ဆိုရင်” စကားစုနေရာမှာ “စမ်းရေမိုးနဲ့တူတဲ့ကြေးဆင်းတုတော်ကို ပူဇော်ချင်တယ်ဆိုရင်” ဆိုတဲ့ ဗီဒီယိုရုပ်သံတည်းဖြတ်မှုတွေနဲ့ Clickbait ပေ့ချ်တွေကရေးသားခဲ့တဲ့သတင်းခေါင်းစဉ်တွေကြောင့် ဘာသာရေး အပေါ် မထီမဲ့မြင်ပြုမှုအဖြစ် သက်ရောက်သွားစေခဲ့ပါတယ်။ 

ဦးအောင်ကျော်ထွန်းက အရင်ကတည်းက လူအများရဲ့ဝေဖန်ပြောဆိုမှုကိုခံနေရသူဖြစ်ပေမယ့် အခုဖြစ်စဉ်က တော့ “ဘာသာရေးအပေါ် မထီမဲ့မြင်ပြုပြောဆိုခြင်းဖြစ်တယ်”လို့ ဗုဒ္ဓဘာသာဝင်တို့က ထင်မြင်သွားတာကြောင့် ဝေဖန်ခံရမှု ပိုမိုပြင်းထန်သွားခဲ့ပါတယ်။ “အထူးတောင်းပန်လွှာခေါင်းစဉ်နဲ့အစချီကာ မိသားစု (၇၀)၏ထမင်းအိုးကို မရိုက်ခွဲဖို့  ပြောလိုပါတယ်ခင်ဗျာ” စတဲ့ တောင်းပန်စာရှည်ရေးသားကာ့ U Aung Kyaw Tun Facebook အကောင့်မှာ ပိုစ့်တင်ကာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ “ကျွန်တော် လိုရင်းပြောရရင် စမ်းရေမိုးအိမ်မှာရှိသော ကျွန်တော်လက်ဆောင် ပေးတဲ့ ဗုဒ္ဓမြတ်စွာဘုရားပုံစံနှင့်အတူတူ အမှတ်တရ ကိုးကွယ်ချင်တယ်ဆိုရင် လင်္ကာဒီပမှာ လာရောက်ဝယ်ယူပြီးတော့ ကိုးကွယ်လို့ရပါတယ်။ သူတို့ပြောတဲ့ စမ်းရေမိုးပုံစံတူဆိုတဲ့စကားလုံး ‘လုံးဝ’ မဟုတ်ပါဘူး။ စမ်းရေမိုးအိမ်တက်ပွဲနေ့မှာ ပူဇော်သော၊ ကျွန်တော်ထုလုပ်သော၊ ပထမဆုံး ကြေးဆင်းတုရုပ်တုလေးနဲ့ပုံစံအတူတူ ဗုဒ္ဓမြတ်စွာဘုရားပုံစံကိုထု လုပ်ချင်တယ်ဆိုရင် ကျွန်တော့်လင်္ကာဒီပမှာ လာရောက်ဝယ်ယူပြီးပူဇော်နိုင်တယ်လို့ ပြောချင်ပါတယ်။ မြန်မာလူမျိုး တိုင်း နားလည်ပါတယ်”လို့ ဦးအောင်‌ကျော်ထွန်းက စက်တင်ဘာလ(၁)ရက်မှာ ဖေ့စ်ဘွတ်အကောင့်က LIve လွှင့်ဖြေရှင်း ခဲ့ပါတယ်။ 

ဦးအောင်ကျော်ထွန်းက စမ်းရေမိုးနဲ့ပတ်သက်လာရင် ရှေ့မှအုပ်မိုးကာဖြေရှင်းပေးလ့ရှိတဲ့ ဆရာသမားတစ်ဦး အဖြစ် အသိအမှတ်ပြုထားကြပေမယ့် သူရဲ့တချို့လုပ်ရပ်တွေက မင်းသားစမ်းရေမိုးအပေါ် လွှမ်းမိုးချုပ်ကိုင်မှုကြီးမား ကြောင်းနဲ့ မင်းသားကိုရှေ့တင်ကာ ရရှိလာတဲ့ငွေကြေးတွေကို အုပ်စိုးခြယ်လှယ်လျက်ရှိကြောင်း လူအများရဲ့ဝေဖန် မှတ်ချက်စကားတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၎င်းအနေနဲ့ တပည့် သားဖြစ်သူ လမ်းမှားမရောက်ရှိအောင် ထိန်းကျောင်းလမ်းညွှန်ခြင်းဖြစ်ကြောင်းနဲ့ မင်းသားစမ်းရေမိုးကိုယ်တိုင်ကလည်း ဆရာဖြစ်သူ ဦးအောင်ကျော်ထွန်းရဲ့စီ မံအုပ်ချုပ်မှုတိုင်းကို လက်ခံလိုက်နာသူဖြစ်ကြောင်း ပြန်လည် ဖြေရှင်းလေ့ရှိပါတယ်။ ဦးအောင်ကျော်ထွန်းက ရွှံ့စေးနဲ့ပုံ တူထုလုပ်ရာမှာလည်း လက်ရာမြောက်သူတစ်ဦးဖြစ်ပြီး၊  သူပထမဆုံးထုတ်လုပ်တဲ့ ကြေးဆင်းတုတော် ဗုဒ္ဓမြတ်စွာ ဘုရားပုံတူတော်၊ ဗောဓိမြိုင်ဆရာတော်၊ ပါချုပ် ဆရာတော် စတဲ့ပုံတူတော်များကို ဦးအောင်ကျော်ထွန်းရဲ့လင်္ကာဒီပမှာ ဝယ်ယူပူဇော်နိုင်တယ်လို့သိရပါတယ်။ ၎င်းတို့ပြုလုပ်လှူဒါန်းခဲ့တဲ့ “ဘုရားအနေကဇာတင်ခြင်း၊ သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ အိမ်တက်မင်္ဂလာပြု လုပ်ခြင်း၊ ဗုဒ္ဓကြေးဆင်းတုနဲ့ ဆရာတော်ကြီး(၃)ပါးကြေးရုပ်တုများ ပူဇော်ခြင်း၊ ဧည့်ပရိသတ်များကို ငွေမိုးကြဲခြင်း၊ ကျောက်သံပတ္တမြားကြဲခြင်း၊ လူ(၁,၅၀ဝ)ကျော်အား စတုဒီတာကျွေးမွေးခြင်း}}စတဲ့ ကုသိုလ်တရားများအပေါ်  မဟုတ်မမှန် ထင်ယောင်ထင်မှားစကားများဖြင့် ဘာသာရေးကိုအကြောင်းပြုပြီး တိုက်ခိုက် ခြင်းမျိုးမလုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံထားတာကိုလည်း တွေ့ရပါတယ်။


“မာနမြစ်ကမ်းပါးပေါ်က အချစ်ငှက်” ၀တ္ထုနဲ့စာပေလောကထဲ ခြေလှမ်းစတင်လိုက်တဲ့ မနေခြည်ထွေး

(၂၀၂၅-၂၀၂၆) ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း G12 စာမေးပွဲမှာ (၄)ဘာသာဂုဏ်ထူးရှင်ဖြစ်တဲ့ မနေခြည်ထွေး က သူရဲ့ ပထမဆုံး လုံးချင်းဝတ္ထု “မာနမြစ်ကမ်းပါးပေါ်က အချစ်ငှက်”စာအုပ်ကို တရားဝင်ထုတ်ဝေလိုက်ပြီဖြစ်ပါတယ်။ မနေခြည်ထွေးရဲ့ “မာနမြစ်ကမ်းပါးပေါ်က အချစ်ငှက်” လုံးချင်းဝတ္ထုစာအုပ်မိတ်ဆက်ပွဲကို (၂၀၂၆) ခုနှစ် စက်တင် ဘာလ (၁)ရက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ  FMI အိမ်ရာ၊ Ju N Shwe Minimart မှာ ကျင်းပပြုလုပ်ခဲ့ကြ ပါတယ်။ 

လုံးချင်းဝတ္ထုရှည်ပထမအကြိမ်အဖြစ် အုပ်ရေ (၁,ဝဝဝ)ထုတ်ဝေခဲ့ပြီး၊ တစ်အုပ် (၉,ဝဝဝ)ကျပ်နဲ့ရောင်းချ ခဲ့ခြင်း ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သီတာကုန်းပြင်မှာ တဲအိမ်လေးနဲ့နေထိုင်ရင်း ကျောင်းတက်ဖို့ ကြိုးစားရုန်းကန်ခဲ့ရတဲ့ အသက် (၁၇)နှစ်အရွယ် မနေခြည်ထွေးက ဂုဏ်ထူး(၄)ဘာသာနဲ့အောင်မြင်ခဲ့ပြီး သူရဲ့ဘဝပေး အခြေအနေကိုသိရှိသူတွေရဲ့ထုတ်ဖော်ပြောဆိုမှုတွေကြောင့် ဆိုရှယ်လူမှုကွန်ရက်မှာလူသိများခဲ့ပြီး ချီးမြှင့် ထောက်ပံ့ ခြင်းရရှိခဲ့ပါတယ်။ မနေခြည်ထွေးရဲ့ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ တရုတ်မီဒီယာတချို့မှာပါ သူရဲ့ဘဝဇာတ် ကြောင်းနဲ့ ပညာရေး သင်ယူနိုင်ဖို့ ကြိုးစားအားထုတ်ခဲ့ပုံကို ဂုဏ်ပြုရေးသားဖော်ပြခဲ့ကြပါတယ်။ 


မနေခြည်ထွေးက “ဝတ္ထုရေးတာဟာလည်း အနုပညာပါပဲ။ အနုပညာဆိုတာ ဝေဖန်ခံရမှာဖြစ်လို့ စာအုပ်လေး ဖတ်ပြီး အမျိုးမျိုးဝေဖန်တာတွေကို လက်ခံပါတယ်။ ဝေဖန်မှလည်း အကောင်းအဆိုးကိုသိပြီး ပြင်စရာရှိတာပြင်နိုင် မှာပါ။ စာရေးဆရာမအဖြစ် မခံယူရဲသေးကြောင်းနဲ့ လိုအပ်ချက်တွေကိုအကြံပြုပေးကြဖို့}စတဲ့ မေတ္တာရပ်ခံစကားတွေကို ပွဲတက်ရောက်ကာ သတင်းယူပေးခဲ့ကြတဲ့သတင်းမီဒီယာသမားတွေကတစ်ဆင့် စာဖတ်ပရိသတ်တွေရဲ့အကြံဉာဏ် တွေကို စောင့်မျှော်လက်ခံလျက်ရှိကြောင်း အသိပေးပြောခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် စာရေးဆရာမလေး မနေခြည်ထွေးအနေနဲ့ ငယ်စဉ်ကတည်းက စာရေးတာကို ဝါသနာပါခဲ့ပြီး၊ ဗလာစာအုပ်လေးထဲမှာ (၃၆)မျက်နှာ လောက်ပဲရေးသားနိုင်ခဲ့ပေမယ့် (၁၂)တန်းစာမေးပွဲအောင်မြင်ပြီးတဲ့နောက်ပိုင်းမှာတော့ ဝတ္ထုတစ်အုပ်လုံးကို အပြီးတိုင် ပုံဖော်ရေးသားနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


ရုပ်ရှင်အစည်းအရုံးလူငယ်အရင်းအမြစ်တိုးတက်ရေးကော်မတီနဲ့ CANN ARTT ACADEMY တို့ အကျိုးတူ ပူးပေါင်း

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး လူငယ်အရင်းအမြစ်တိုးတက်ရေးကော်မတီနဲ့ CANN ARTT ACADEMY တို့၏ ရုပ်ရှင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအကျိုးပြုလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ သဘောတူ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို စက်တင်ဘာ လ(၁)ရက် နေ့လယ် (၁)နာရီက ရန်ကုန်မြို့  ဗဟန်းမြို့ နယ်၊ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရွှေရတုခန်းမမှာကျင်းပခဲ့ကြပါတယ်။ 

CANN ARTT ACADEMY ကို ရုပ်ရှင်သရုပ်ဆောင်နေမင်း ဦးဆောင်တည်ထောင်ထားခြင်းဖြစ်ပြီး မြန်မာ့ရုပ်ရှင် လောကမှာ မျိုးဆက်သစ်လူငယ်တွေပေါ်ထွက်လာစေဖို့ရည်ရွယ်ပြီး အနုပညာပညာရပ်တွေကို လေ့ကျင့်သင်ကြား ပေးနေတဲ့ အနုပညာသင်တန်းကျောင်း(Art Academy) တစ်ခုဖြစ်ပါတယ်။


အဆိုပါပွဲအခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနဲ့ ဒုတိယဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူတွေနဲ့ CANN ARTT ACADEMY မှ ရုပ်ရှင်သရုပ်ဆောင်နေမင်းနဲ့ တာဝန်ရှိသူ များ တက်ရောက်လက်မှတ်ထိုး ခဲ့ကြပါတယ်။ ၎င်းတို့ရဲ့အကျိုးတူပူးပေါင်းမှုရည်ရွယ်ချက်မှာ “မျိုးဆက်သစ်များမွေးထုတ်ရန်၊ မျိုးဆက်သစ်လူငယ်များ အတွက် လုပ်ကိုင်ခွင့်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ရုပ်ရှင်လောကနှင့် ချိတ်ဆက်ပေးရန်၊ လက်တွေ့ကျသောသင် ကြားမှုများပံ့ပိုးရန်” ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ “မြန်မာ့အနုပညာကနေတစ်ဆင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုဘဝ၊ မြန်မာ့တန်ဖိုးနဲ့ မြန်မာတွေရဲ့အတွေ့အကြုံတွေကို ကမ္ဘာကို ပြန်လည်ပြောပြနိုင်တဲ့မျိုးဆက် တစ်ခုဖြစ် လာစေချင်ပါတယ်။ ဒီနေ့ MOU လက်မှတ်ထိုးလိုက်တာဟာ  ပြီးဆုံးခြင်းမဟုတ်သော စတင်ခြင်းပါ”လို့ ‌နေမင်းက အသိပေးရေးသားခဲ့ပါတယ်။


ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားပါရစေ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်း ကာကွယ်ရေး ဦးစီးချုပ်က ဘယ်လိုလူမျိုးလဲ

RECENT POSTS
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved