(၂၀၂၆-၂၀၂၇) ဘောလုံးရာသီ ချန်ပီယံလိဂ်ပွဲစဥ် (၁) ပွဲကြိုသုံးသပ်ချက်များ
ရဲထက် (NSS) - စက်တင်ဘာ ၇
(၂၀၂၆-၂၀၂၇) ဥရောပရဲ့ အခမ်းနားဆုံး ဘောလုံးပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၁)ရဲ့ပြိုင် ပွဲ တွေကို စတင်ကစားကြတော့မှာပဲဖြစ်ပါတယ်။ ချန်ပီ ယံလိဂ်ရဲ့ အသွင်သစ်နဲ့ကျင်းပတဲ့ပြိုင်ပွဲမှာ အသင်း ပေါင်း အားလုံး(၃၂)သင်းပါဝင်မှာဖြစ်ပြီး 1 to 8 ကို ရောက်ရှိတဲ့အသင်းတွေက (၁၆)သင်းရှုံးထွက်အဆင့် ကို တိုက်ရိုက်တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ 9 to 24 ရရှိတဲ့အသင်းတွေကတော့ အချင်းချင်း ပြန်လည် Playoffs ကစားရပြီး အဲဒီကနေတစ်ဆင့် (၁၆)သင်း ရှုံးထွက်အဆင့်မှာစောင့်နေတဲ့အသင်းတွေနဲ့ ထိပ် တိုက်ရင်ဆိုင်ကစားရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ PSG အသင်းက နှစ်ကြိမ်ဆက်ချန် ပီယံလိဂ်ဖလားကိုရရှိခဲ့ပြီး အောင်မြင်မှုစံချိန်တွေကို ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို စတင်ကစားကြတော့မှာဖြစ်တာကြောင့် အားလုံးစောင့်မျှော်နေကြတဲ့ ချန်ပီ ယံလိဂ် ညချမ်းတွေကို ပြန်လည်ကြည့်ရှုခံစားရတော့မှာပဲဖြစ်ပါတယ်။ ဒါကြောင့် NP News ကနေ ချန်ပီ ယံလိဂ်ပွဲစဉ် (၁)ရဲ့ အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ပေးသွားချင်ပါတယ်။
ရီးရဲလ်မက်ဒရစ် Vs အင်တာမီလန်
ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ရီးရဲလ်မက်ဒရစ် ၂ - ဝ အင်တာမီလန်(၈-၁၂-၂၀၂၁)
အင်တာမီလန် ဝ-၁ ရီးရဲလ်မက်ဒရစ်(၁၆-၉-၂၀၂၁)အင်တာမီလန် ဝ-၂ ရီးရဲလ်မက်ဒရစ် (၂၆-၁၁ -၂၀၂၀)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ရီးရဲလ်မက်ဒရစ် ၂ - ဝ အင်တာမီလန်
ရီးရဲလ်မက်ဒရစ် ၁ - ဝ အင်တာမီလန်
ရီးရဲလ်မက်ဒရစ်အသင်းက ဒီရာသီမှာ နည်းပြ မော်ရင်ဟိုရဲ့ ပြန်လည်ရောက်ရှိမှုနဲ့အတူ လာလီဂါ မှာ ဆက်တိုက်နိုင်ပွဲတွေဆက်နေတဲ့အသင်းဖြစ်ပြီး ဂိုးပြတ်ရလဒ်တွေနဲ့ နိုင်ပွဲရနေတဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် ပရီးမီးယားလိဂ်ရဲ့ကစားသမားတွေနဲ့အကျိုးပေးတတ်တဲ့ နည်းပြမော်ရင်ဟိုလက်ထက်မှာ ကူကူ ရယ်လာ၊ အာနိုးနဲ့ ဘာနာဒိုဆေးဗားလ်တို့လိုကစားသမားတွေကိုပိုင်ဆိုင်ထားတာကြောင့် ခံစစ်နဲ့ကွင်း လယ်ပိုင်းမှာ အပြောင်းအလဲတွေ မြင်တွေ့လာရဖို့ရှိနေပါတယ်။ ဒါ့ပြင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့တိုက် စစ်ပိုင်းမှာ အမ်ဘတ်ပီ၊ ဘယ်လင်ဟမ်နဲ့ ဗင်နစ်ဇီးယက်စ်တို့ကိုပိုင်ဆိုင်ထားတဲ့အစုအဖွဲ့တစ်ခုက ဒီရာသီ မှာ ရုပ်လုံးပေါ်လာဖို့ရှိနေတဲ့အသင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဒီရာသီမှာ မော်ရင်ဟိုလက်ထက် ရီးရဲ မက်ဒရစ်အသင်းရဲ့အောင်မြင်မှုတွေကို ပြန်လည်မြင်တွေ့ရဖို့ရှိနေပြီး ချန်ပီယံလိဂ်မှာလည်း အကောင်း ဆုံးသောရလဒ်ပိုင်းတွေအပြင် ချန်ပီယံဆုကိုပါ စိန်ခေါ်နိုင်ဖို့ရှိနေပါတယ်။ ဒါ့ပြင် ခံစစ်ပိုင်းကလည်း မော် ရင် ဟိုရဲ့ခံစစ်စွမ်းဆောင်ရည်တွေနဲ့အတူ ကစားသမားတွေဖြစ်တဲ့ ရူဒီဂါ၊ ကူကူရယ်လာနဲ့အားနိုးတို့ရဲ့ အစုအဖွဲ့ကလည်း ပေးဂိုးအနည်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ခြေစွမ်းပိုင်းကောင်းလာမှုနဲ့ ကစားသမားတစ်ယောက်ချင်းစီရဲ့ ခြေစွမ်းပြကစားလာနိုင်မှုတွေကြောင့် ဒီ ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းက စောင့်ကြည့်ချင်စရာကောင်းတဲ့ဘောလုံးရာသီတစ်ခုဖြစ်လာနိုင်ပြီး ဥရောပချန်ပီယံဆုကိုလည်း ခြိမ်းခြောက်လာနိုင်ဖို့ရှိနေပါတယ်။ အင်တာမီလန်အသင်းကတော့ ပြီးခဲ့တဲ့ ရာသီမှာ စီးရီးအေရဲ့ချန်ပီယံဆုကိုရရှိခဲ့တဲ့အသင်းဖြစ်ပြီး အသင်းရဲ့ကစားပုံကလည်း မနှစ်က ရာသီက လိုပဲ အကောင်းဆုံးပုံစံအနေအထားမှာရှိနေပါတယ်။ ဒါ့ပြင် ချန်ပီယံလိဂ်မှာလည်း ခံစစ် ကစားပုံ ကျစ် လျစ်တဲ့ အီတလီကလပ်အသင်းတွေရဲ့ထုံးစံအတိုင်း နိုင်ပွဲရဖို့ ခက်ခဲတတ်တဲ့အသင်းထဲမှာလည်း ပါဝင်နေ ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ရဲ့အုပ်စုအဆင့်မှာပဲ ထွက်ခွာခဲ့ရတဲ့ အင်တာမီလန်အသင်းအတွက် လာ မယ့်ဘောလုံးရာသီမှာ ဒီထက်ပိုကောင်းတဲ့ ရာသီတစ်ခုကိုဖြတ်သန်းသွားဖို့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ် လာနိုင်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရကြည့်ရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းက တွေ့ဆုံမှုတိုင်း မှာ အသားစီရယူထားတဲ့အပြင် နိုင်ပွဲတွေကိုလည်းအများဆုံးရယူထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်ကိုခန့်မှန်းရရင် ရီးရဲလ်မက်ဒရစ်အသင်းက အိမ်ကွင်းဖြစ်တဲ့အပြင် လက်ရှိမှာပြသနေတဲ့ ခြေစွမ်းပိုင်းတွေကြောင့် အနိုင်(၃)မှတ် ရယူသွားနိုင်ပါတယ်။ အပြန်အလှန်သွင်းဂိုးနည်းနိုင်ပြီး အနည်း ဆုံး (၁)ဂိုးလောက်အကွာနဲ့ နဲရီးရဲလ်မက်ဒရစ်အသင်းက နိုင်ပါမယ်။
လီဗာပူးလ် Vs အက်သလက်တီကို
ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၃ - ၂ တီကို (၁၈ - ၉ -၂၀၂၅)
လီဗာပူးလ် ၂ - ဝ တီကို (၄ - ၁၁ -၂၀၂၁)
တီကို ၂ - ၃ လီဗာပူးလ် (၂၀ - ၁၀ -၂၀၂၁)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၁ - ၂ အက်သလက်တီကို
လီဗာပူးလ် ၂ - ၃ အက်သလက်တီကို
လီဗာပူးလ်အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းတွေကိုကြည့်ရင် နည်းပြအသစ်နဲ့စတင်ခဲ့တဲ့ ရာသီဖြစ်တာကြောင့် အခြေအနေတွေကို ပြောဖို့စောနေသေးပေမယ့် ပြင်ဆင်ပြောင်းလဲမှုတွေလုပ် ဆောင်ဖို့လိုအပ်တဲ့ပုံစံမျိုးမှာ ရှိနေပါတယ်။ အထူးသဖြင့် နည်းပြ အီရိုင်ယိုလာရဲ့ကစားကွက်နဲ့ ကစားသ မားတွေကြားက နားလည်မှုတစ်ခုရဖို့ အချိန်အနည်းငယ်ထပ်ပေးရဖို့ရှိနေပါတယ်။ ဒါ့ပြင် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာလည်း ရှုံးပွဲနည်းပေမယ့် သရေရလဒ်ပိုင်းတွေများနေတဲ့အနေအထားမျိုးမှာရှိနေပြီး တိုက်စစ် ပိုင်းမှာ အလုပ်မဖြစ်သေးတဲ့ ကစားသမားတွေအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ အဓိကအချက်ကတော့ တိုက် စစ်ပိုင်းမှာ ဂတ်ပို ထွက်ခွာဖို့ရှိနေသလို ဖလောဒီယန် ဗစ်ဆီက မနှစ်ကပုံစံအတိုင်းပဲ ခြေစွမ်းမပြနိုင်မှုတွေ ကိုသာမြင်တွေ့ခဲ့ရသလို တိုက်စစ်မှူး အီဆက်ဆီကလည်း သွင်းဂိုးတွေအတွက် စိတ်မချရသေးတဲ့အနေ အထားမျိုးတွေဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့ရာသီက ကွင်းလယ်ပိုင်းမှာအားကိုးရတဲ့ ကစား သမားတွေဖြစ်တဲ့ ဆဘိုးဆလိုင်းနဲ့ မက်အလစ္စတာတို့ရဲ့ အတွဲ့အဖက်က လိုအပ်ချက်တွေများတဲ့အပြင် ပြိုင်ဘက်အသင်းတွေကို လွှမ်းမိုးနိုင်မှုမရှိတာတွေက အဓိကပြဿနာဖြစ်ခဲ့တာပါ။ ကွင်းလယ်ပိုင်းက ဖန် တီးမှုအားနည်းတဲ့အပြင် တိုက်စစ်နဲ့ချိတ်ဆက်ကစားရာမှာ လီဗာပူးလ်အသင်းရဲ့ပုံစံအမှန်ကို မြင်တွေ့ရ ခြင်းမျိုးမရှိသေးဘူးလို့ဆိုနိုင်ပါတယ်။ ဒီအချက်တွေကို နည်းပြသစ် အီရိုင်ယိုလာအနေနဲ့ အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကိုပါ ကစားရဖို့ရှိနေတဲ့အနေအထားမှာ လီဗာပူးလ်အသင်းရဲ့ ပုံစံ အမှန်ကို ပြန်မြင်ရဖို့ စောင့်ကြည့်ဖို့လိုအပ်နေသေးပါတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းမှာ PSG အသင်းက ဘာကိုလာ ကိုဝယ်ယူထားတာကြောင့် အပြောင်းအလဲတစ်ခုကို မြင်တွေ့ရမလားဆိုတာကို စောင့်ကြည့် သွားရဖို့ရှိနေပါတယ်။ အက်သလက်တီကိုအသင်းကတော့ ကစားသမားတွေနဲ့နည်းပြကြားမှာ အဖု အထစ်တွေနဲ့ ရာသီအစပွဲစဉ်တွေကို ဖြတ်သန်းနေတဲ့အသင်းဖြစ်ပါတယ်။ အထူးသဖြင့် အသင်းရဲ့တိုက် စစ်ပိုင်းမှာ ပြီးခဲ့တဲ့ရာသီမှာ စွမ်းဆောင်ရည်ကောင်းပြသခဲ့တဲ့ ဂျူလီယန်အဲဗားရက်စ်နဲ့ နည်ပြဆမြွန်နီ ကြားကပြဿနာတွေကြောင့် ပွဲကစားခွင့်မရသေးတဲ့ အဲဗားရက်စ်ရဲ့နေရာက လိုအပ်ချက်က ကြီးမားနေ ဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင် ခြေစွမ်းပိုင်းကောင်းသလို ကစားပုံကျစ်လျစ်တဲ့ အ တွက် ပြိုင်ဘက်အသင်းတွေ အနိုင်ရဖို့ခက်ခဲနိုင်တဲ့အသင်း ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန် ကြည့်ရင် လီဗာပူးလ်အသင်းက အသားစီးရယူထားနိုင်သလို နိုင်ပွဲလည်း ပိုများနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ လီဗာပူးလ်အသင်းရဲ့ပုံစံအမှန်ကို မြင်တွေ့ရခြင်းမရှိသေးတာကြောင့် ဒီပွဲစဉ်က လီဗာပူးလ်အိမ် ကွင်းဖြစ်ပေမယ့် အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျဖို့များတဲ့ပွဲစဉ်ဖြစ်ပြီး နိုင် မယ်ဆိုရင်တော့ အက်သလက်တီကိုအသင်းက (၁)ဂိုးလောက်အကွာနဲ့နိုင်ပါမယ်။
နာပိုလီ Vs အာဆင်နယ်
ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
နာပိုလီ ဝ - ၁ အာဆင်နယ် (၁၉ - ၄ -၂၀၁၉)
အာဆင်နယ် ၂ - ဝ နာပိုလီ (၁၂ - ၄ -၂၀၁၉)
နာပိုလီ ၂ - ဝ အာဆင်နယ် (၁၂ - ၁၂ -၂၀၁၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နာပိုလီ ဝ - ၁ အာဆင်နယ်
နာပိုလီ ၁ - ၂ အာဆင်နယ်
အာဆင်နယ်အသင်းကတော့ ဘောလုံးရာသီတစ်ခုကိုစတင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ ပြီးခဲ့ တဲ့ရာသီကအတိုင်း အကောင်းဆုံးပုံစံအနေအထားမှာ ရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ပွဲစဉ်တစ်ပွဲကို နိုင်ပွဲရအောင်နဲ့ သွင်းဂိုးတွေခွင့်မပြုရအောင် ဦးစားပေးကစားတတ်တဲ့အသင်းမျိုးဖြစ်ပါတယ်။ ဒီလိုအ သင်းမျိုးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကောင်းဆုံး အနေအထားမှာရှိနေတဲ့ ကစားသမားတွေရဲ့ ပေါင်းစပ်မှု က နည်းပြ အာတီတာနဲ့ အာဆင်နယ်အသင်းအတွက် အားရစရာဖြစ်ပြီး ဒီရာသီမှာလည်း တစ်ခုခုလုပ်ပြ ပြီး ချန်ပီယံဆုတွေကို စိန်ခေါ်လာဖို့ရှိနေတဲ့အသင်းဖြစ်ပါတယ်။ ပြောရရင် အာဆင်နယ်အသင်းရဲ့ ပြီးခဲ့ တဲ့ရာသီက Form တစ်ခုက လက်ရှိဘောလုံးရာသီအထိ လိုက်ပါလာတဲ့ပုံစံမျိုးဖြစ်ပြီး အသင်းရဲ့ကစားပုံ ကလည်း မနှစ်ကအတိုင်း ကစားသမားတစ်ယောက်ချင်းစီက ခြေစွမ်းပြကစားနေကြဆဲဖြစ်ပါတယ်။ အာ ဆင်နယ်အသင်းရဲ့အားသာချက်က ပြိုင်ဘက်အသင်းတွေကို ဖိအားပေးကစားနေချိန်မှာ ဘောလုံးပျက် သွားတဲ့အချိန် နောက်တန်းခံစစ်ကို အကောင်းဆုံး ပြန်လည်ခုခံကာကွယ်တတ်တဲ့ကစားဟန်တစ်ခု ဖြစ် ပြီး ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းကို တော်ရုံဘယ်အသင်းကမှ ဂိုးပြတ်မသွင်းခဲ့တဲ့အထိ ခံစစ်ပိုင်း တောင့်တင်းခဲ့တာကိုတွေ့ရပါတယ်။ ဒါ့ပြင် ကစားသမားသစ်တွေရဲ့ အထိုင်ကျမှုနဲ့အတူ ခြေစွမ်းပြနေမှု ကလည်း အာဆင်နယ်အသင်းရဲ့အားသာချက်တွေပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွေအပြင် ပရီးမီးယားလိဂ်နဲ့ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာပါ ချန်ပီယံဆုကိုစိန်ခေါ်လာနိုင်ဖို့ရှိနေပါတယ်။ နာပိုလီအသင်းကတော့ နည်းပြ ကွန်တီလက်ထက်မှာ စီးရီး အေချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အထိကြမ်းခဲ့တဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး ကစားသမားကောင်း တွေအများစုရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ နည်းပြသစ် အပြောင်းအလဲလုပ်ထား တာကြောင့် ကစားပုံအနည်းငယ်ပိုကောင်းလာဖို့ရှိနေသလို အားနည်းချက်လည်း ရှိလာနိုင်တဲ့အသင်းဖြစ် ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု တွေအရကြည့်ရင်တော့ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့တာက (၂၀၂၉) ခုနှစ် မှာနောက်ဆုံးဖြစ်ခဲ့ပြီး (၇)နှစ်အကြာမှာ ပြန်လည်တွေ့ဆုံတာကြောင့် နှစ်သင်းကြားမှာ ကွာဟချက် တွေ အများကြီးရှိသွားနိုင်ပါတယ်။ ဒါပေမဲ့ နာပိုလီအသင်းရဲ့အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် အာဆင် နယ်အသင်းအတွက် အနိုင်ရဖို့ အနည်းငယ် ခက်ခဲနိုင်ဖို့ရှိနေပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ရလဒ်ပိုင်း ကိုခန့်မှန်းရရင် အာဆင်နယ်အသင်းကပဲ (၁)ဂိုးလောက်အကွာနဲ့ အနိုင်(၃)မှတ်ရယူသွားနိုင်ပါတယ်။ ဂိုးတော့မပြတ်ပါဘူး။

မန်ယူ Vs ဆာဘာ
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ ၂ - ဝ ဆာဘာ
မန်ယူ ၃ - ဝ ဆာဘာ
မန်ယူအသင်းအတွက် ဒီပွဲစဉ်က သေချာပေါက်နိုင်ပွဲရနိုင်မယ့် ပွဲစဉ်တစ်ပွဲဖြစ်ပြီး (၂)ကြာ ဝေးကွာ နေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးအဖွင့်ပွဲစဉ်ကို အနိုင်(၃)မှတ်နဲ့ စတင်နိုင်ဖို့ရှိနေပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် အဇာဘိုင်ဂျန်ကလပ်က အသင်းတစ်သင်းဖြစ်တဲ့ ဆာဘာအသင်းလို အသင်းငယ်လေးတစ် သင်းကိုရင်ဆိုင်ရမှာဖြစ်ပြီး အိမ်ကွင်းမှာပါကစားရမှာ ဖြစ်တာကြောင့် မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အနိုင်ရလဒ်နဲ့စတင်နိုင်ဖို့ ရှိနေတာပါ။ ပြီးခဲ့တဲ့(၂)နှစ်အတွင်းနဲ့ နောက်ပိုင်းနှစ်တွေမှာ ချန်ပီယံ လိဂ်ဆုဖလားနဲ့ဝေးကွာနေခဲ့တာဟာ (၁၈)နှစ် ကျော်လာခဲ့ပြီဖြစ်ပြီး အောင်မြင်မှုရလဒ်ကောင်းတွေနဲ့ လည်း ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ ဘောလုံးရာသီမှာတော့ မန်ယူအသင်းနဲ့အတူ ချန်ပီ ယံလိဂ်ဆုဖလားကိုရယူနိုင်ခဲ့တဲ့ မိုက်ကယ်ကားရစ် ကိုယ်တိုင် ကိုင်တွယ်နေတဲ့အသင်းဖြစ်တာကြောင့် ချန်ပီယံလိဂ်မှာ အနေအထားတစ်ခုအထိ အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ဖို့ရှိနေပါတယ်။ မန်ယူ အသင်းအနေနဲ့ ကွင်းလယ်ပိုင်းနဲ့တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီး ကွင်းလယ် အဖျက် ကစားသမားဖြစ်တဲ့ အန်ဒရေဆန်းတို့စ်တစ်ယောက်တည်းနဲ့ လုံလောက်မှုမရှိသေးတဲ့အခြေအနေမျိုး တွေကိုလည်း မြင်တွေ့နေရပါသေးတယ်။ လက်ရှိအချိန်အထိ မန်ယူအသင်းရင်ဆိုင်နေရတဲ့အသင်းတွေ က အသင်းငယ်လေးတွေသာဖြစ်လို့ ပြောဖို့စောနေသေးပြီး အသင်းကြီးတစ်သင်းနဲ့ ရင်ဆိုင်ရချိန်ရောက် ရင်တော့ မန်ယူအသင်းရဲ့ခြေစွမ်းအမှန်ကို မြင်တွေ့ရဖို့ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ကတော့ မန်ယူ အသင်းကပဲ ဂိုးပြတ်ရလဒ်နဲ့ အနိုင် (၃)မှတ်ကို ရယူသွားနိုင်ပါမယ်။
၉- ၉ - ၂၀၂၆ (ဗုဒ္ဓဟူးနေ့)
နံနက် (၁ : ၃၀) ရီးရဲလ်မက်ဒရစ် Vs အင်တာမီလန်
၁၀ -၉ -၂၀၂၆ (ကြာသပတေးနေ့)
နံနက်(၁ : ၃၀) လီဗာပူးလ် Vs တီကို
နံနက်(၁ : ၃၀) နာပိုလီ Vs အာဆင်နယ်
၁၁ -၉ -၂၀၂၆ (သောကြာနေ့)
နံနက်(၁ : ၃၀) မန်ယူ Vs ဆာဘာ
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုတ်သုံလေနှင့် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် စက်တင်ဘာ (၁၁)ရက်အထိ မိုးကြီးမည်
RELATED POSTS
05 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
