ဆွစ်ဇာလန်တွင် Blobbing အားကစားပွဲတော်အတွင်း လူတစ်ဦးကို လေထဲသို့ ပေ(၁၀ဝ)နီးပါးရောက်အောင် မြှောက်တင်ပြီး ဂင်းနစ်စံချိန်ချိုးဖျက်
Pika (NSS) - စက်တင်ဘာလ ၆
ဆွစ်ဇာလန်နိုင်ငံတွင် အမျိုးသား(၃)ဦးက ရေထဲတွင်ချထားသော လေပူဖောင်းအိတ်ကြီးပေါ်သို့ ခုန်ချကာ လေပူ ဖောင်းအိတ်၏အခြားတစ်ဖက်တွင် ရှိသောအမျိုးသားတစ်ဦးကို လေထဲသို့ အမြင့် (၉၂ ဒသမ ၅၈) ပေအထိမြောက်တက်သွားအောင်လုပ်ဆောင်ခဲ့ပြီးနောက် ဂင်းနစ်စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံသား Luc Siegen thaler ၊ ဂျာမနီနိုင်ငံသား Lennart Florczak နှင့် အမေရိကန်နိုင်ငံသား Tristan Kuhn တို့သည် ရေထဲတွင်ရှိသော လေပူဖောင်းအိတ်ပေါ်သို့ခုန်ချကာ ဆွစ်ဇာလန်နိုင်ငံသား ရော်ဘင်စတိန်နာကို စံချိန်တင် အမြင့်တစ်ခုသို့ရောက်အောင် မြှောက်တင်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ် သည်။ ၎င်းတို့အားလုံးသည် ဆွစ်ဇာလန်နိုင်ငံ Brunnen Schwyz မြူနီစီပယ်တွင်ရှိသော ရေကန်တစ်ခုအတွင်း အဆိုပါဂင်းနစ်စံချိန်အတွက် ကြိုးပမ်းမှုများကို လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ‘ရော်ဘင်စတိန်နာဟာ လွန်ခဲ့တဲ့ (၄)နှစ်လောက်တုန်းက ဒီလိုမျိုး အားကစားပွဲတွေမှာပါဝင်ဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒီလိုနဲ့ပဲ ရော်ဘင်စတိန်နာမှာ ထူးခြားတဲ့အ ရည်အချင်း တစ်ခုရှိတယ်ဆိုတာ ကျွန်တော်တို့ မြန်မြန်ဆန်ဆန်ပဲ သဘောပေါက်သွားခဲ့ပါတယ်’ ဟု ပြောခဲ့သည်။
အဆိုပါအချိန်မှစတင်ပြီး ရောဘင်စတိန် နာသည် Blobbing ဟုခေါ်သော အားကစားတွင် အကြိမ်ကြိမ် ပါဝင်ခဲ့ပြီး နောက်ဆုံးတွင် ဂင်းနစ်စံချိန်တစ်ခုကိုတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။ ရော်ဘင်စတိန်က လေထဲသို့မြောက်တက်သွားခဲ့သော အမြင့်(၉၂ ဒသမ ၅၈)ပေသည် (၂၀၁၂)ခုနှစ်တွင်တင်ခဲ့သော အမြင့်(၇၂)ပေနှင့် (၂ ဒသမ ၁၄)လက်မ ဂင်းနစ်စံချိန်ကို တရားဝင်ချိုးဖျက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်းလည်းသိရသည်။
၎င်းတို့(၄)ဦးက ‘ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုက အရာထင်သွားလို့ တကယ်ကိုဝမ်းသာမိပါတယ်။ နောက်ထပ်ဂင်း နစ်စံချိန်အသစ်တွေကိုလည်း ချိုးဖျက်သွားနိုင်ဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးပမ်း သွားမှာပါ’ ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပလက်ဝ၌ သင်ရိုးအား ရခိုင်ဘာသာဖြင့် အတင်းအဓမ္မသင်ကြားမှုအပေါ် ကန့်ကွက်ရှုတ်ချဟု ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း ထုတ်ပြန်
RELATED POSTS
05 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
