ခါးထိမြင့်တက်နေတဲ့ ရေဘေးကြား မင်္ဂလာပွဲကျင်းပခဲ့တဲ့ ဖိလစ်ပိုင်စုံတွဲ
ရောင်နီ (NSS) - စက်တင်ဘာ ၅
ဖိလစ်ပိုင်နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် တစ်လနီးပါးကြာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်နေပေမယ့်စုံတွဲတစ်တွဲကတော့ ခါးထိမြင့်တက်နေတဲ့ရေဘေးကြား ကက်သလစ် ဘုရားကျောင်းတစ်ခုမှာ မင်္ဂလာပွဲကို အောင်မြင်စွာ ကျင်းပသွားခဲ့တယ်လို့ သိရပါတယ်။
မနီလာမြို့မြောက်ပိုင်း ဟာဂိုနွိုင်းမြို့ရှိ St. John the Baptist ဘုရားကျောင်းမှာ မက္ကဆီကို မုတ်သုံမိုး ကြောင့် ရေတွေဝင်ရောက်ကာ ခါးအထိ မြင့်တက်နေချိန် အသက် (၃၀) ကျော်အရွယ် သတို့သား ဂဲလ်ဘတ်ချီကို နဲ့ သတို့သမီး လဲ့အန်းလစ်ဇာဂါလန်တို့ဟာ ရေဘေးကြား မင်္ဂလာလက်ထပ်ပွဲကို စက်တင်ဘာ (၁) ရက်က ပြုလုပ်ခဲ့ပါတယ်။

အဆိုပါဘုရားကျောင်းဟာ ရေကြီးနေတာ တစ်လနီးပါးခန့် ရှိပြီဖြစ်တာကြောင့် ဘုရားကျောင်းတာဝန်ရှိသူတွေက မင်္ဂလာပွဲကို ရွှေ့ဆိုင်းဖို့အကြံပြုခဲ့ပေမယ့် စုံတွဲရဲ့ဆန္ဒအရ အခမ်းအနားကို ဆက်လက်ကျင်းပပေးခဲ့တာဖြစ်ပါ တယ်။ သတို့သမီးဖြစ်သူဟာ ရေထဲမှာ လျှောက်လှမ်းရာမှာ လွယ်ကူစေဖို့ မင်္ဂလာဂါဝန်ပုဝါကို တိုအောင်ပြင်ဆင်ခဲ့ ရပြီး၊ သတို့သားနဲ့ သတို့သမီးဟာ သုံးဘီးဆိုက်ကားနဲ့ ဘုရားကျောင်းသို့ လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
သတို့သား ချီကိုဟာ မူလက လာမယ့် ဒီဇင်ဘာလမှာမှ မင်္ဂလာဆောင်ဖို့ စီစဉ်ထားပေမယ့် ဘောလုံး ကစားရင်း ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တာကြောင့် အိမ်ကို ခွင့်ရက်စောပြန်လာခဲ့ရကာ အလုပ်ပြန်မဝင်မီ မင်္ဂလာပွဲ ကို အမြန်ဆုံး စီစဉ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကို ဆွေမျိုး မိတ်ဆွေ (၁၅) ဦးအောက်သာ တက်ရောက်ခဲ့ကြပြီး ဘုရားကျောင်းထိုင်ဆရာတော်က မင်္ဂလာပွဲကို အကျဉ်းချုပ်အခမ်းအနားနဲ့ ဆောင်ရွက်ပေး ခဲ့ပါတယ်။
လက်ရှိ ဖိလစ်ပိုင်မြောက်ပိုင်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတို့ကြောင့် လူပေါင်း (၃၄) ဦးထက်မနည်း သေဆုံးခဲ့ တယ်လို့ ဒေသတွင်း တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း စည်းမျဉ်းဥပဒေသစ်များကြောင့် အခက်ကြုံနေ
RELATED POSTS
07 Aug 2026 | လူမှုရေး,ပြည်တွင်း
09 Jun 2026 | လူမှုရေး,ပြည်တွင်း
16 May 2026 | လူမှုရေး,နိုင်ငံတကာ
12 May 2026 | လူမှုရေး,ပြည်တွင်း
