ဆယ်စုနှစ်ကျော်ကစားလာသည့် နန္ဒကျော် ခါးဒဏ်ရာကြောင့် မြန်မာ့လက်ရွေးစင်ကစားသမားဘဝမှ အနားယူ
စိမ့်စမ်းရေ (NSS) - စက်တင်ဘာ ၃
ဆယ်စုနှစ်ကျော်ကြာ ကစားလာသည့် မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမား နန္ဒကျော်သည် ခါးဒဏ်ရာအခြေအနေ အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးသည့်အတွက် မြန်မာ့လက်ရွေးစင် ကစားသမားဘဝမှ အနားယူလိုက်ကြောင်း ယနေ့ (စက်တင်ဘာလ ၃ရက်) တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားချက်အရ သိရသည်။
ထို့ပြင် မိသားစုအတွက် အချိန်ပိုပေးလိုခြင်းနှင့် လူငယ်ကစားသမားများအား လက်ရွေးစင်အသင်းတွင် အခွင့်အရေးပေးလိုခြင်းတို့ကြောင့် နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝမှ အနားယူလိုက်ကြောင်း ရေးသားထားသည်။
နန္ဒကျော်သည် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများမှတစ်ဆင့် စီနီယာလက်ရွေးစင်အသင်းအထိ ဆယ်နှစ်ကျော်ကြာ နိုင်ငံကိုယ်စားပြု ကစားခဲ့သူဖြစ်ပြီး ယခုအခါ လက်ရွေးစင်ကစားသမားဘဝကို ရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုးကန့်တွင် တရုတ်မုန့်များကိုမရောင်းချရန် MNDAA ပိတ်ပင်
RELATED POSTS
05 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
