Goethe-Institut Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကျင်းပမည့် အနုပညာပြပွဲများနှင့် တင်ဆက်မှုများတွင် ပါဝင်နိုင်ရန် Volunteer များခေါ်ယူနေ
စိမ့်စမ်းရေ (NSS) - စက်တင်ဘာ ၃
Goethe-Institut Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကျင်းပမည့် “စာနာခြင်းတံတား” အနုပညာပြပွဲများနှင့် တင်ဆက်မှုများ၌ ပူးပေါင်းဆောင်ရွက်ရန် Volunteer များ ခေါ်ယူထားကြောင်း Goethe-Institut Myanmar ၏ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါအစီအစဉ်ကို စက်တင်ဘာလနှင့် နိုဝင်ဘာလအတွင်း ရန်ကုန်၊ မန္တလေးနှင့် ညောင်ရွှေမြို့များ၌ ပြုလုပ်သွားမည်ဖြစ်ပြီး အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များတွင် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
Volunteer များသည် Goethe-Institut Myanmar ၏ ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် Curator များနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြပွဲများ စီစဉ်တင်ဆက်ခြင်းနှင့် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် Motivation Letter နှင့် CV တို့ကို သတ်မှတ်ထားသည့် အီးမေးလ်သို့ လာမည့် စက်တင်ဘာလ (၆) ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ပြင် Volunteer လုပ်ငန်းတာဝန်များကို သတ်မှတ်ချက်နှင့်အညီ ပြီးမြောက်အောင် ဆောင်ရွက်သူများကို Goethe-Institut Myanmar က အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ အရှိန်ဖြင့် ပြုတ်ကျသေဆုံးခဲ့သည့် ထိုင်းရောက် မြန်မာလုပ်သားအတွက် နစ်နာကြေးများရရှိရန် အလုပ်သမားသံအရာရှိရုံးကူညီပေးနေ
RELATED POSTS
05 Oct 2026 | အနုပညာ,နိုင်ငံတကာ
