ရုရှားက အီရန်ကို ခရုဇ်ဒုံးပျံနည်းပညာ လျိုဝှက်လွဲပြောင်းပေးခဲ့ဟုဆို
ဂျန်ဇက်(NSS)- စက်တင်ဘာ ၂
ရုရှားသည် အသံထက်မြန်သော ခရုဇ်ဒုံးပျံ (Supersonic Cruise Missile) နည်းပညာနှင့် စစ်ဘက်သုံး ရှားပါးသတ္တုများကို အီရန်နိုင်ငံသို့ လျှို့ဝှက်လွှဲပြောင်းပေးနေကြောင်း မီဒီယာစုံစမ်းစစ်ဆေးမှုများနှင့် နိုင်ငံတကာ စစ်ရေးလေ့လာသူများက ဖော်ထုတ်လိုက်သည်။ အဆိုပါလုပ်ရပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် တပ်စွဲထားသည့် အမေရိကန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် စစ်သင်္ဘောများ၏ စစ်ရေးသာလွန်မှုကို တိုက်ရိုက်စိန်ခေါ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။
Financial Times သတင်းဌာန၏ စုံစမ်းဖော်ထုတ်ချက်အရ ရုရှားနှင့် အီရန်တို့သည် "C430L" အမည်ရှိ လျှို့ဝှက်စစ်ရေးစီမံကိန်းကို ၂၀၂၃ ခုနှစ်မှစ၍ ပူးတွဲဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စီမံကိန်းအရ ရုရှား၏ ထိပ်တန်း ဒုံးပျံအင်ဂျင်နီယာများသည် အီရန်နိုင်ငံသို့ သွားရောက်ကာ အသံထက်မြန်ဆန်စွာ ပျံသန်းနိုင်သည့် Ramjet Propulsion အင်ဂျင်နည်းပညာဆိုင်ရာ တည်ဆောက်မှုများကို နည်းပညာပေးခဲ့ကြသည်။
ထို့အပြင် ယူကရိန်စစ်ပွဲအတွင်း အီရန်က ရုရှားသို့ Shahed တိုက်ခိုက်ရေးဒရုန်းများ ထောက်ပံ့ပေးခဲ့သည့်အတွက် တုံ့ပြန်သည့်အနေဖြင့် ရုရှားဘက်က စစ်ဘက်သုံး ရှားပါးသတ္တုများl ဒုံးပျံထုတ်လုပ်ရေး မူပိုင်ခွင့်များနှင့် ဂြိုဟ်တု ဓာတ်ပုံအချက်အလက်များကိုပါ ပေးအပ်ခဲ့ကြောင်း သိရသည်။
အသံထက်မြန်သော ဒုံးပျံများသည် မြေပြင် သို့မဟုတ် ရေပြင်နှင့် အလွန်နီးကပ်သော အနိမ့်ပိုင်းမှ အရှိန်ပြင်းစွာ ပျံသန်းနိုင်သည့်အတွက် အမေရိကန် ရေတပ်၏ Aegis နှင့် မြေပြင်အခြေစိုက် Patriot လေကြောင်းရန်ကာကွယ်ရေး ရေဒါစနစ်များက ထောက်လှမ်းဖျက်ဆီးရန် ခက်ခဲလာဖွယ်ရှိနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချင်းဈေးကွက် ပြည်ပတင်ပို့မှုလျော့ကျပြီး ပြည်တွင်းစားသုံးမှု ကိုသာမှီခိုနေရ
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
