ယူကရိန်းစစ်ပွဲမှာ အမေရိကန်ကသုံးစွဲခဲ့တာတွေနဲ့ယှဉ်ရင် အီရန်စစ်ပွဲက ဘာမှဟုတ်မနေဘူးလို့ ဒေါ်နယ်ထရမ့်ပြော
Pika(NSS)- စက်တင်ဘာ ၂
အီရန်စစ်ပွဲက အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်က ယူကရိန်းကိုပေးအပ်ခဲ့တဲ့ လက်နက်အမြောက်အမြားနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဘာမှဟုတ်မနေဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဂျိုးဘိုင်ဒန်က ယူကရိန်းကို အမေရိကန်ဒေါ်လာ(၃၀၀)ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ အခမဲ့ပေးအပ်ခဲ့တယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အခြေအနေတွေက သီတင်းပတ်အတော်ကြာငြိမ်သက်နေခဲ့ပြီးနောက် အမေရိကန်နဲ့အီရန်ကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာချိန်မှာပဲ ဒေါ်နယ်ထရမ့်က ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။
အီရန်ကို စစ်ဆင်ရေးကြာရှည်စွာလုပ်ဆောင်နေတာက အခြားနေရာတွေမှာလိုအပ်နေတဲ့ အမေရိကန်ရဲ့စစ်ရေးအရင်းအမြစ်တွေကို ကုန်ဆုံးစေသလားဆိုတဲ့ မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်းသိရပါတယ်။
ဒေါ်နယ်ထရမ့်က”အီရန်စစ်ပွဲက ကျွန်တော်တို့အတွက် တော်တော်လေးကိုသေးငယ်တဲ့စစ်ပွဲတစ်ခုပဲဖြစ်ပါတယ်။အမေရိကန်က ကမ္ဘာတစ်ဝှမ်းမှာ ကျည်ဆန်နဲ့ခဲယမ်းမီးကျည်တွေအများကြီးကို ဖြန့်ကျက်ချထားတာကြောင့် လိုအပ်လာရင် ထောက်ပံ့ရေးပစ္စည်းတွေကို အချိန်မရွေးအသုံးပြုနိုင်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အီရန်ထက်စာရင် အမေရိကန်က ယူကရိန်းမှာအသုံးပြုခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေက ပိုများတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က”ငွေတွေက ယူကရိန်းကိုရောက်သွားတယ်ဆိုတာ အားလုံးလည်းသိကြမှာပါ။ယူကရိန်းနဲ့နှိုင်းယှဉ်မယ်ဆိုရင် အမေရိကန်က အီရန်မှာအသုံးပြုနေတဲ့ အရင်းအမြစ်တွေက နည်းနည်းလေးပဲရှိပါသေးတယ်”လို့ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားက အီရန်ကို ခရုဇ်ဒုံးပျံနည်းပညာ လျိုဝှက်လွဲပြောင်းပေးခဲ့ဟုဆို
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
